Qualcomm ဟာ Huawei ကို မိုဘိုင်း ဖုန်း Chip တွေ ပြန်ရောင်းဖို့ လိုင်စင် ရသွားပါပြီ။ ဒါပေမယ့် 4G Chip ပဲ ရောင်းလို့ရမှာ ဖြစ်ပါတယ်။ အခုတော့ Huawei ဟာ Snapdragon Chip ပါတဲ့ ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး Huawei Enjoy 20e နာမည်နဲ့ ရောင်းချနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ Chip ဟာ Snapdragon 460 ဖြစ်ပြီး အဲဒီဖုန်းအတွက် 4/128GB နဲ့ 6/128GB Version တွေ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ ၁,၁၉၉ နဲ့ ၁,၃၉၉ ယွမ် အသီးသီး ကျသင့်မယ်လို့ သိရပြီး ၂ သိန်း ၄ သောင်းနဲ့ ၂ သိန်း ၈ သောင်းလောက် တန်ကြေးရှိနိုင်ပါတယ်။

Snapdragon 460

ပေါက်ကြား သတင်းအရ အဲဒီဖုန်းမှာ HD+ မျက်နှာပြင် ပါလာမယ်လို့ သိရပေမယ့် Notch လား၊ Punch Hole လား ဆိုတာ မသိရသေးပါဘူး။ Enjoy 20 5G နဲ့ Enjoy 20 Pro မှာတော့ အရွယ်သေး Notch တပ်ဆင်ထားတဲ့အတွက် Enjoy 20e မှာလည်း အလားတူပဲ ပါလာနိုင်ပါတယ်။

Huawei Enjoy 20e

ပေါက်ကြား သတင်းအရ 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမယ်လို့ သိရတဲ့အတွက် ၁ ခါအားသွင်းထားရင် အနည်းဆုံး ၂ ရက်လောက် အသုံးခံနိုင်ပါတယ်။ ဒါပေမယ့် 10W နှုန်းကတော့ တော်တော် နိမ့်ပြီး ပလတ်စတစ် ကိုယ်ထည်ပဲ သုံးထားနိုင်ပါတယ်။

Enjoy 20e ကို ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် ဒီနှစ်မကုန်ခင် ဖြစ်နိုင်ပါတယ်။  Snapdragon 720G, Snapdragon 665 နဲ့ Snapdragon 662 တို့လို Qualcomm ရဲ့ 4G Chip တွေ ပါတဲ့ Huawei ဖုန်းတွေ နောက်ပိုင်း ထွက်လာဦးမယ်လို့ ထင်ပါတယ်။

Ref : gizmochina