Huawei ကနေ တရုတ်နိုင်ငံအတွင်းမှာ Event တစ်ခုကို ကျင်းပခဲ့ပြီး Foldable ဖုန်းအသစ်ဖြစ်တဲ့ Pocket S ကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Huawei Pocket S ဖုန်းဟာ Design အားဖြင့် Huawei P50 Pocket နဲ့ဆင်တူပြီးတော့ စျေးနှုန်းအားဖြင့် ပိုမိုသက်သာမှာပါ။

Huawei Pocket S ဟာ Display ပိုင်းအနေနဲ့ ဖြန့်လိုက်တဲ့အချိန်မှာ 6.9″ OLED Display ရှိမှာဖြစ်ပြီး Resolution အနေနဲ့ကတော့ 2790 x 1188 Pixels ရှိမှာဖြစ်ပါတယ်။ Refresh Rate ပိုင်းမှာ 120Hz အထိ ထောက်ပံ့ပေးထားနိုင်ပြီး Touch Sampling Rate က 300Hz အထိရှိမယ်လို့ သိရပါတယ်။ Camera အောက်ဖက်မှာလည်း 1.04″ OLED Secondary Display ပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Huawei Pocket S ဟာ 40MP Primary Camera ကို အသုံးပြုထားပြီး 13MP Ultrawide Camera လည်းပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 10.7MP Sensor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 778G Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Storage အနေနဲ့ 128GB ၊ 256GB နဲ့ 512GB ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး 40W Fast Charging ကို ထောက်ပံ့ပေးထားပါတယ်။

Huawei Pocket S ဖုန်းဟာ အရောင်အနေနဲ့ကတော့ Mint Green ၊ Gold Yellow ၊ Rose Pink ၊ Ice Crystal Blue နဲ့ Black ဆိုပြီး အများအပြားရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ 5,988 Yuan (မြန်မာငွေ ၂၅ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena