[Zawgyi]

လတ္တေလာ ၾကားသိေနရတဲ့ သတင္းေတြအရဆိုရင္ Huawei ဟာ 40W SuperCharge အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးႏိုင္မယ့္ Mobile Power Bank ကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒီေန႔ ၾကားသိခဲ့ရတဲ့ သတင္းကေတာ့ ChargerLab ကေန တစ္ဆင့္ ထြက္ေပၚလာတာျဖစ္ပါတယ္။

ChargerLab ရဲ႕ အဆိုမ်ားအရ 40W SuperCharge အျမန္အားသြင္းစနစ္ပါမယ့္ Huawei ရဲ႕ Power Bank မွာ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 10,000mAh ပါဝင္တယ္လို႔ သိရပါတယ္။ အဆိုပါ Power Bank ဟာ 40W အျမန္အားသြင္းစနစ္ပါတဲ့ Huawei Mate 20 Pro နဲ႔ Honor Magic 2 တို႔အတြက္ ရည္႐ြယ္ထုတ္လုပ္ထားတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ 40W အျမန္အားသြင္းစနစ္ မပါတဲ့ Huawei နဲ႔ Honor ဖုန္းေတြကိုလည္း 22.5W အျမန္အားသြင္းစနစ္နဲ႔ အားသြင္းေပးႏိုင္တယ္လို႔ ေျပာၾကားထားပါတယ္။ Huawei ဟာ အျမန္အားသြင္းစနစ္ပါတဲ့ Power Bank ေတြကို အခုမွ စတင္ထုတ္လုပ္တာ မဟုတ္ပါဘူး။ အရင္တုန္းကလည္း မတူညီတဲ့ အျမန္အားသြင္းစနစ္ေတြပါတဲ့ Power Bank ေတြကို ထုတ္လုပ္ခဲ့ပါေသးတယ္။

40W SuperCharge Power Bank နဲ႔ပတ္သတ္ၿပီး Huawei ဘက္က တရားဝင္ သတင္းထုတ္ျပန္ထားျခင္း မရွိေသးတဲ့အတြက္ မိတ္ဆက္မယ့္ေန႔နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ အခုခ်ိန္ထိ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာ ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Ref : gizmochina

[Unicode]

40W အမြန်အားသွင်းစနစ်ပါတဲ့ Power Bank ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Huawei

လတ်တလော ကြားသိနေရတဲ့ သတင်းတွေအရဆိုရင် Huawei ဟာ 40W SuperCharge အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးနိုင်မယ့် Mobile Power Bank ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီနေ့ ကြားသိခဲ့ရတဲ့ သတင်းကတော့ ChargerLab ကနေ တစ်ဆင့် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ChargerLab ရဲ့ အဆိုများအရ 40W SuperCharge အမြန်အားသွင်းစနစ်ပါမယ့် Huawei ရဲ့ Power Bank မှာ ဘက်ထရီ သိုလှောင်မှု ပမာဏ 10,000mAh ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ Power Bank ဟာ 40W အမြန်အားသွင်းစနစ်ပါတဲ့ Huawei Mate 20 Pro နဲ့ Honor Magic 2 တို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် 40W အမြန်အားသွင်းစနစ် မပါတဲ့ Huawei နဲ့ Honor ဖုန်းတွေကိုလည်း 22.5W အမြန်အားသွင်းစနစ်နဲ့ အားသွင်းပေးနိုင်တယ်လို့ ပြောကြားထားပါတယ်။ Huawei ဟာ အမြန်အားသွင်းစနစ်ပါတဲ့ Power Bank တွေကို အခုမှ စတင်ထုတ်လုပ်တာ မဟုတ်ပါဘူး။ အရင်တုန်းကလည်း မတူညီတဲ့ အမြန်အားသွင်းစနစ်တွေပါတဲ့ Power Bank တွေကို ထုတ်လုပ်ခဲ့ပါသေးတယ်။

40W SuperCharge Power Bank နဲ့ပတ်သတ်ပြီး Huawei ဘက်က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးတဲ့အတွက် မိတ်ဆက်မယ့်နေ့နဲ့ စျေးနှုန်းတွေကိုတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာ မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။

Ref : gizmochina