[Zawgyi]

တ႐ုတ္နဲ႔ အေမရိကန္ အစိုးရတို႔ရဲ႕ ကုန္သြယ္ေရးစစ္မွာ ဓါးစာခံျဖစ္ေနတဲ့ Huawei ဟာ လက္ရွိအခ်ိန္မွာ Google ရဲ႕ ပိတ္ပင္တားဆီးမႈေတြေၾကာင့္ အနည္းငယ္ ကသိကေအာက္ ျဖစ္ေနရပါတယ္။ အဲဒါကေတာ့ အားလုံးသိတဲ့အတိုင္းပဲ Huawei ရဲ႕ Flagship ေတြျဖစ္တဲ့ Mate 30 Series မွာ Google Apps ေတြ ထည့္သြင္းခြင့္မရတာပါပဲ။

ေမလ ၁၆ ရက္ေန႔မတိုင္မီ ေၾကညာခဲ့တဲ့ Huawei စမတ္ဖုန္းေတြအတြက္ ဒီပိတ္ပင္တားဆီးမႈက အက်ဳံးမဝင္ခဲ့ေပမယ့္ Mate 30 series ကေတာ့ အက်ဳံးဝင္သြားၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Google က သူ႔ရဲ႕ ဝန္ေဆာင္မႈ Apps ေတြကို ဒီဟန္းဆက္ေတြမွာ ထည့္သြင္းအသုံးျပဳခြင့္ မျပဳဘဲ ပိတ္ပင္ခဲ့တာလည္း ျဖစ္ပါတယ္။

Google Play Store, Maps, Gmail, Chrome စတာေတြအပါအဝင္ ကမာၻအႏွံ႔အျပားက စမတ္ဖုန္းအသုံးျပဳသူေတြ အသုံးျပဳေလ့ရွိတဲ့ Google Service App ေတြ အသုံးျပဳလို႔မရႏိုင္တာက Mate 30 series ေတြရဲ႕ ေရာင္းအားကို အနည္းနဲ႔ အမ်ားေတာ့ ထိခိုက္မွာ ေသခ်ာပါတယ္။ အထူးသျဖင့္ ဥေရာပေဈးကြက္မွာ Google Service ေတြ အသုံးျပဳခြင့္မရတာဟာ အားနည္းခ်က္တစ္ခုလို ျဖစ္ေနရပါတယ္။

ဒါေပမယ့္ ႏွစ္ႏိုင္ငံအၾကား ညႇိႏႈိင္းမႈေတြေအာင္ျမင္သြားၿပီး ဒီလိုပိတ္ပင္တားဆီးမႈ ရပ္တန႔္ပ်က္ျပယ္သြားတာနဲ႔ တစ္ၿပိဳင္နက္ Google Apps ေတြကို Mate 30 Series ဟန္းဆက္ေတြမွာ ခ်က္ခ်င္းထည့္သြင္းႏိုင္ေအာင္လို႔ Huawei က စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ အကယ္၍ Ban ထားတာကို ျပန္ဖြင့္ေပးမယ္ဆိုရင္ Google Services နဲ႔ App ေတြ သုံးလို႔ရမယ့္ Software Update ကို တစ္ညတည္းနဲ႔ ထုတ္ေပးႏိုင္တယ္လို႔ Richard Yu က ေျပာပါတယ္။

Huawei Mate 30 Series ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ Google Services ေတြ သုံးလို႔မရတာကလြဲရင္ အေတာ္ေလးကို စြဲေဆာင္မႈရွိေနတာလည္း ျဖစ္ပါတယ္။ တ႐ုတ္နည္းပညာကုမၸဏီႀကီးကေတာ့ Mate 30 Series ေတြကို အလုံးေရ သန္း၂၀ အထိ တင္ပို႔ေရာင္းခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရပါတယ္။

Ref: Phone Arena

[Unicode]

Ban ထားတာအဆုံးသတ်သွားရင် Google Services နဲ့ App တွေ သုံးလို့ရမယ့် Software Update ကို ချက်ချင်းထုတ်ပေးနိုင်ဖို့ ပြင်ဆင်ထားတဲ့ Huawei

တရုတ်နဲ့ အမေရိကန် အစိုးရတို့ရဲ့ ကုန်သွယ်ရေးစစ်မှာ ဓါးစာခံဖြစ်နေတဲ့ Huawei ဟာ လက်ရှိအချိန်မှာ Google ရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် အနည်းငယ် ကသိကအောက် ဖြစ်နေရပါတယ်။ အဲဒါကတော့ အားလုံးသိတဲ့အတိုင်းပဲ Huawei ရဲ့ Flagship တွေဖြစ်တဲ့ Mate 30 Series မှာ Google Apps တွေ ထည့်သွင်းခွင့်မရတာပါပဲ။

မေလ ၁၆ ရက်နေ့မတိုင်မီ ကြေညာခဲ့တဲ့ Huawei စမတ်ဖုန်းတွေအတွက် ဒီပိတ်ပင်တားဆီးမှုက အကျုံးမဝင်ခဲ့ပေမယ့် Mate 30 series ကတော့ အကျုံးဝင်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် Google က သူ့ရဲ့ ဝန်ဆောင်မှု Apps တွေကို ဒီဟန်းဆက်တွေမှာ ထည့်သွင်းအသုံးပြုခွင့် မပြုဘဲ ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။

Google Play Store, Maps, Gmail, Chrome စတာတွေအပါအဝင် ကမ္ဘာအနှံ့အပြားက စမတ်ဖုန်းအသုံးပြုသူတွေ အသုံးပြုလေ့ရှိတဲ့ Google Service App တွေ အသုံးပြုလို့မရနိုင်တာက Mate 30 series တွေရဲ့ ရောင်းအားကို အနည်းနဲ့ အများတော့ ထိခိုက်မှာ သေချာပါတယ်။ အထူးသဖြင့် ဥရောပဈေးကွက်မှာ Google Service တွေ အသုံးပြုခွင့်မရတာဟာ အားနည်းချက်တစ်ခုလို ဖြစ်နေရပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံအကြား ညှိနှိုင်းမှုတွေအောင်မြင်သွားပြီး ဒီလိုပိတ်ပင်တားဆီးမှု ရပ်တန့်ပျက်ပြယ်သွားတာနဲ့ တစ်ပြိုင်နက် Google Apps တွေကို Mate 30 Series ဟန်းဆက်တွေမှာ ချက်ချင်းထည့်သွင်းနိုင်အောင်လို့ Huawei က စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အကယ်၍ Ban ထားတာကို ပြန်ဖွင့်ပေးမယ်ဆိုရင် Google Services နဲ့ App တွေ သုံးလို့ရမယ့် Software Update ကို တစ်ညတည်းနဲ့ ထုတ်ပေးနိုင်တယ်လို့ Richard Yu က ပြောပါတယ်။

Huawei Mate 30 Series ဖုန်းတွေဟာ လက်ရှိအချိန်မှာ Google Services တွေ သုံးလို့မရတာကလွဲရင် အတော်လေးကို စွဲဆောင်မှုရှိနေတာလည်း ဖြစ်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးကတော့ Mate 30 Series တွေကို အလုံးရေ သန်း၂၀ အထိ တင်ပို့ရောင်းချနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။

Ref: Phone Arena