[Zawgyi]

Bloomberg က ဟြာေ၀းဟာ ကမာၻအ၀န္းမွာ စမတ္ဖုန္း ေရာင္းအား ၄၀ ကေန ၆၀ ရာခုိင္ႏႈန္း က်ဆင္းသြားမယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း ေရးသားထားပါတယ္။ ဟြာေ၀းဟာ Honor 20 ေရာင္းခ်ဖို႔ စီစဥ္ထားမႈကိုေတာင္ ရပ္ဆိုင္းထားတယ္လို႔ အဲဒီ ကိစၥနဲ႔ ရင္းႏွီးသူမ်ားက ေျပာပါတယ္။

အဲဒီ စမတ္ဖုန္းကို ဇြန္လ ၂၁ ရက္ေန႔မွာ ၿဗိတိန္နဲ႔ ျပင္သစ္ အပါအ၀င္ ဥေရာပ ႏိုင္ငံမ်ားမွာ စတင္ ေရာင္းခ်ဖို စီစဥ္ထားတာ ျဖစ္ပါတယ္။ ဟြာေ၀းရဲ႕ အရာရွိမ်ားဟာ အဲဒီ စမတ္ဖုန္း ေရာင္းခ်မႈကို ေစာင့္ၾကည့္ေလ့လာေနမွာ ျဖစ္ၿပီး ေရာင္းအား မေကာင္းရင္ ထုတ္လုပ္မႈကို ရပ္နားထားမယ္လို႔ သိရပါတယ္။

အေရာင္း မန္ေနဂ်ာမ်ားက ဟြာေ၀းဟာ ဒီႏွစ္မွာ အလံုးေရ သန္း ၄၀ ကေန သန္း ၆၀ အတြင္း က်ဆင္းသြားမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဟြာေ၀းက ေရာင္းအားက်ဆင္းျခင္းကို ဖာေထးဖို႔အတြက္ ၂၀၁၉ ခုႏွစ္မွာ တရုတ္ စမတ္ဖုန္းေစ်းကြက္ရဲ႕ ထက္၀က္ကို အုပ္စိုးထားဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ အေမရိကန္ အစိုးရက ကမာၻ႕ အႀကီးမားဆံုး ဆက္သြယ္ေရး ကိရိယာ ထုတ္လုပ္သူ ဟြာေ၀းအား ေမလက အမည္ပ်က္စာရင္းထဲ ထည့္သြင္းခဲ့ပါတယ္။ အဲဒီအတြက္ ဟြာေ၀းဟာ အေမရိကန္ ကုမၸဏီမ်ားနဲ႔ လက္တြဲ အလုပ္လုပ္လို႔ မရေတာ့ပါဘူး။

ဟြာေ၀းရဲ႕ စီအီးအို ျဖစ္သူ Ren Zhengfei က အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ပင္မႈမ်ားဟာ ဟြာေ၀းရဲ႕ ေရာင္းအားကို တစ္ျဖည္းျဖည္းခ်င္းသာ က်ဆင္းသြားေစႏိုင္တယ္လို႔ ေျပာထားပါတယ္။ အေမရိကန္က ၿပီးခဲ့တဲ့ ႏွစ္ အေစာပိုင္းကလည္း တရုတ္ရဲ႕ ZTE Company ကို စီးပြားေရး ပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။

Ref : reuters

[Unicode]

စမတ်ဖုန်း ရောင်းအား ၆၀ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ မျှော်လင့်ထားတဲ့ Huawei

Bloomberg က ဟွာဝေးဟာ ကမ္ဘာအဝန်းမှာ စမတ်ဖုန်း ရောင်းအား ၄၀ ကနေ ၆၀ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ မျှော်လင့်နေကြောင်း ရေးသားထားပါတယ်။ ဟွာဝေးဟာ Honor 20 ရောင်းချဖို့ စီစဉ်ထားမှုကိုတောင် ရပ်ဆိုင်းထားတယ်လို့ အဲဒီ ကိစ္စနဲ့ ရင်းနှီးသူများက ပြောပါတယ်။

အဲဒီ စမတ်ဖုန်းကို ဇွန်လ ၂၁ ရက်နေ့မှာ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် ဥရောပ နိုင်ငံများမှာ စတင် ရောင်းချဖို စီစဉ်ထားတာ ဖြစ်ပါတယ်။ ဟွာဝေးရဲ့ အရာရှိများဟာ အဲဒီ စမတ်ဖုန်း ရောင်းချမှုကို စောင့်ကြည့်လေ့လာနေမှာ ဖြစ်ပြီး ရောင်းအား မကောင်းရင် ထုတ်လုပ်မှုကို ရပ်နားထားမယ်လို့ သိရပါတယ်။

 

အရောင်း မန်နေဂျာများက ဟွာဝေးဟာ ဒီနှစ်မှာ အလုံးရေ သန်း ၄၀ ကနေ သန်း ၆၀ အတွင်း ကျဆင်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။ ဟွာဝေးက ရောင်းအားကျဆင်းခြင်းကို ဖာထေးဖို့အတွက် ၂၀၁၉ ခုနှစ်မှာ တရုတ် စမတ်ဖုန်းဈေးကွက်ရဲ့ ထက်ဝက်ကို အုပ်စိုးထားဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ကမ္ဘာ့ အကြီးမားဆုံး ဆက်သွယ်ရေး ကိရိယာ ထုတ်လုပ်သူ ဟွာဝေးအား မေလက အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီအတွက် ဟွာဝေးဟာ အမေရိကန် ကုမ္ပဏီများနဲ့ လက်တွဲ အလုပ်လုပ်လို့ မရတော့ပါဘူး။

ဟွာဝေးရဲ့ စီအီးအို ဖြစ်သူ Ren Zhengfei က အမေရိကန်ရဲ့ စီးပွားရေး ပိတ်ပင်မှုများဟာ ဟွာဝေးရဲ့ ရောင်းအားကို တစ်ဖြည်းဖြည်းချင်းသာ ကျဆင်းသွားစေနိုင်တယ်လို့ ပြောထားပါတယ်။ အမေရိကန်က ပြီးခဲ့တဲ့ နှစ် အစောပိုင်းကလည်း တရုတ်ရဲ့ ZTE Company ကို စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါတယ်။

Ref : reuters