[Zawgyi]


  • Huawei P30 Pro
  • Huawei P30
  • Huawei P30 Lite
  • Huawei Mate 20 Pro
  • Huawei Mate 20
  • Huawei Mate 20X 5G
  • Huawei P20 Pro
  • Huawei P20
  • Huawei P Smart 2019
  • Huawei P Smart+ 2019
  • Huawei P Smart Z


Ref : gsmarena

[Unicode]

Android Q ရရှိမယ့် Huawei ရဲ့ စမတ်ဖုန်း (၁၄) လုံး

Google က Android OS ကို Huawei အား အသုံးပြုခွင့်ကို ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ ဟွာဝေးက ကိုယ်ပိုင် OS ကို ဖန်တီးနေတယ်လို့လည်း သတင်းများထွက်နေပါတယ်။ ဒါပေမယ့် ဟွာဝေးက လက်ရှိ ရောင်းချထားတဲ့ စမတ်ဖုန်းများအတွက် Android Q ကို ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ အခုတော့ ဟွာဝေးက Android Q အခြေပြု EMUI 10 ရရှိမယ့် စမတ်ဖုန်း (၁၁) လုံးကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်း (၁၁) လုံးကို အောက်မှာ ကြည့်နိုင်ပါတယ်။

• Huawei P30 Pro
• Huawei P30
• Huawei P30 Lite
• Huawei Mate 20 Pro
• Huawei Mate 20
• Huawei Mate 20X 5G
• Huawei P20 Pro
• Huawei P20
• Huawei P Smart 2019
• Huawei P Smart+ 2019
• Huawei P Smart Z

အဲဒီ စမတ်ဖုန်းများထဲမှာ လက်ရှိရောင်းချထားတဲ့ စွမ်းရည်မြင့် P30 Series များ၊ Mate 20 Series များ၊ P Smart Series များ ပါဝင်ပါတယ်။ ဒါ့အပြင် Android Q ရရှိမယ့် နောက်ထပ် စမတ်ဖုန်း သုံးလုံးလည်း ရှိနေပါတယ်။ အဲဒါတွေကတော့ Honor 20 Lite , Honor 20 နဲ့ Honor 20 Pro များ ဖြစ်ပါတယ်။ လာမယ့် လ အနည်းငယ်အတွင်းမှာ Android Q အခြေပြု EMUI 10 Stable Beta ကို ဖြန့်ချီနိုင်ပါတယ်။

Ref : gsmarena