[Zawgyi]

Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕ဖုန္းအသစ္ Huawei P Smart+ 2019 ေမာ္ဒယ္ကို တိတ္တဆိတ္ပဲ ပြဲထုတ္လာခဲ့ပါတယ္။ ဒီဖုန္းဟာ Huawei P Smart 2019 ဖုန္းနဲ႔ ေတာ္ေတာ္ေလးဆင္တူၿပီး 6.21” လက္မအရြယ္ Screen ၊ Kirin 710 ခ်စ္ပ္ဆက္နဲ႔ 3,400 mAh ဘကၳရီတုိ႔ ပါဝင္လာတယ္။

Plus ေမာ္ဒယ္ကို မူရင္းဖုန္းနဲ႔ ကြဲျပားေစတာကေတာ့ ေနာက္ဘက္က ကင္မရာပါပဲ။ ေက်ာဘက္မွာ 24MP အဓိက ကင္မရာကို 16MP Ultra-Wide Angle တစ္ခုနဲ႔ 2MP Depth Sensor တုိ႔ျဖင့္ တြဲဖက္လာခဲ့ၿပီး Plus ေမာ္ဒယ္မဟုတ္တဲ့ မူရင္း P Smart 2019 မွာေတာ့ 13MP အဓိကကင္မရာနဲ႔ 2MP Depth Sensor တုိ႔သာ ပါဝင္တာေၾကာင့္ ကင္မရာကြာျခားမႈကလည္း ေတာ္ေတာ္ေလးႀကီးပါတယ္။

ေရွ႕ဘက္ Waterdrop Notch ထဲက ဆယ္ဖီကင္မရာကေတာ့ 8MP ျဖစ္ၿပီး AI Feature ေတြပါဝင္တယ္။ AI နည္းပညာက ေနာက္ဘက္ကင္မရာကိုလည္း Night Mode ထဲမွာ အလင္းေရာင္နည္းပါးတဲ့ ပုံရိပ္ေတြကို တည္ျငိမ္ျပတ္သားေစေအာင္ ကူညီေပးတယ္။ ၿပီးေတာ့ 480fps ႏႈန္းနဲ႔ စလိုးမုိးရွင္းဗီဒီယုိေတြကိုပါ ရုိက္ကူးႏုိင္ေစပါတယ္။

Huawei P Smart+ 2019 စမတ္ဖုန္းဟာ Kirin 710 ခ်စ္ပ္ဆက္နဲ႔ ပြဲထြက္လာၿပီး ဂိမ္းေဆာ့ရတာ ပိုေခ်ာေမြ႕ေစဖို႔ GPU Turbo 2.0 ပါဝင္လာတယ္။ ခ်စ္ပ္ဆက္ကို 3 GB RAM မန္မုိရီ၊ 64 GB Storage ေတြနဲ႔ တြဲဖက္ထားၿပီး MicroSD ကတ္ျဖင့္ 512GB ထိ ထပ္ျမွင့္ႏုိင္ပါတယ္။

P Smart+ 2019 ဖုန္းဟာ အနက္နဲ႔ အျပာေရာင္မ်ားျဖင့္ ထြက္လာခဲ့ၿပီး ေစ်းႏႈန္းကိုေတာ့ ေလာေလာဆယ္ မသိရေသးဘူး။ ရုိးရုိး P Smart 2019 ဖုန္းကုိ ယူရုိ ၂၅၀ (ျမန္မာေငြ ေလးသိန္းႏွစ္ေသာင္းေက်ာ္) နဲ႔ မိတ္ဆက္လာခဲ့ေပမယ့္ ယူရုိ ၂၂၀ (ျမန္မာေငြ သုံးသိန္းခုနစ္ေသာင္းေက်ာ္) ထိက်ဆင္းခဲ့ပါတယ္။ တရုတ္ျပည္တြင္းမွာေတာ့ P Smart+ 2019 ေမာ္ဒယ္ကို Huawei Enjoy 9S ဆုိတဲ့အမည္နဲ႔ ေရာင္းခ်သြားမွာပါ။

Ref – GSM Arena

[Unicode]

Huawei ကုမ္ပဏီဟာ သူတို့ရဲ့ဖုန်းအသစ် Huawei P Smart+ 2019 မော်ဒယ်ကို တိတ်တဆိတ်ပဲ ပွဲထုတ်လာခဲ့ပါတယ်။ ဒီဖုန်းဟာ Huawei P Smart 2019 ဖုန်းနဲ့ တော်တော်လေးဆင်တူပြီး 6.21” လက်မအရွယ် Screen ၊ Kirin 710 ချစ်ပ်ဆက်နဲ့ 3,400 mAh ဘက္ထရီတို့ ပါဝင်လာတယ်။

Plus မော်ဒယ်ကို မူရင်းဖုန်းနဲ့ ကွဲပြားစေတာကတော့ နောက်ဘက်က ကင်မရာပါပဲ။ ကျောဘက်မှာ 24MP အဓိက ကင်မရာကို 16MP Ultra-Wide Angle တစ်ခုနဲ့ 2MP Depth Sensor တို့ဖြင့် တွဲဖက်လာခဲ့ပြီး Plus မော်ဒယ်မဟုတ်တဲ့ မူရင်း P Smart 2019 မှာတော့ 13MP အဓိကကင်မရာနဲ့ 2MP Depth Sensor တို့သာ ပါဝင်တာကြောင့် ကင်မရာကွာခြားမှုကလည်း တော်တော်လေးကြီးပါတယ်။

ရှေ့ဘက် Waterdrop Notch ထဲက ဆယ်ဖီကင်မရာကတော့ 8MP ဖြစ်ပြီး AI Feature တွေပါဝင်တယ်။ AI နည်းပညာက နောက်ဘက်ကင်မရာကိုလည်း Night Mode ထဲမှာ အလင်းရောင်နည်းပါးတဲ့ ပုံရိပ်တွေကို တည်ငြိမ်ပြတ်သားစေအောင် ကူညီပေးတယ်။ ပြီးတော့ 480fps နှုန်းနဲ့ စလိုးမိုးရှင်းဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်စေပါတယ်။

Huawei P Smart+ 2019 စမတ်ဖုန်းဟာ Kirin 710 ချစ်ပ်ဆက်နဲ့ ပွဲထွက်လာပြီး ဂိမ်းဆော့ရတာ ပိုချောမွေ့စေဖို့ GPU Turbo 2.0 ပါဝင်လာတယ်။ ချစ်ပ်ဆက်ကို 3 GB RAM မန်မိုရီ၊ 64 GB Storage တွေနဲ့ တွဲဖက်ထားပြီး MicroSD ကတ်ဖြင့် 512GB ထိ ထပ်မြှင့်နိုင်ပါတယ်။

P Smart+ 2019 ဖုန်းဟာ အနက်နဲ့ အပြာရောင်များဖြင့် ထွက်လာခဲ့ပြီး ဈေးနှုန်းကိုတော့ လောလောဆယ် မသိရသေးဘူး။ ရိုးရိုး P Smart 2019 ဖုန်းကို ယူရို ၂၅၀ (မြန်မာငွေ လေးသိန်းနှစ်သောင်းကျော်) နဲ့ မိတ်ဆက်လာခဲ့ပေမယ့် ယူရို ၂၂၀ (မြန်မာငွေ သုံးသိန်းခုနစ်သောင်းကျော်) ထိကျဆင်းခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာတော့ P Smart+ 2019 မော်ဒယ်ကို Huawei Enjoy 9S ဆိုတဲ့အမည်နဲ့ ရောင်းချသွားမှာပါ။

Ref – GSM Arena