[Zawgyi]
Ref: Phone Arena
[Unicode]
တရားစွဲဆိုမှု ရှုံးနိမ့်ရင် Android OS နေရာကို ပြောင်းလဲအစားထိုးဖို့ အသင့်ပြင်နေတဲ့ Huawei
အမေရိကန်အစိုးရဟာ Huawei ထုတ်ကုန်တွေကို အသုံးပြုခြင်းက အမျိုးသား လုံခြုံရေးအတွက် အန္တရယ်ရှိတယ်လို့ဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ မိတ်ဖက်နိုင်ငံတွေကိုပါ စည်းရုံးပြီး Huawei ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Huawie ကတော့ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်မြဲငြင်းဆန်နေရုံသာမက ဒီလိုမျိုးပိတ်ပင်တာက မျှတစွာယှဉ်ပြိုင်ခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပြီး Huawei ရဲ့ အမေရိကန်ရုံးချုပ်ရှိတဲ့ Plano,Texas ကတစ်ဆင့် အမေရိကန်အစိုးရကို ပြန်လှန်တရားစွဲဖို့ တရားရုံးမှာပါ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။
ဒါ့တင်မကသေးပါဘူး။ Huawei ဟာ ဒီတရားစွဲဆိုမှုမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် Android နဲ့ Windows တွေနေရာမှာ ကိုယ်ပိုင် operating system နဲ့ အစားထိုးဖို့ ပြင်ဆင်နေကြောင်းကို Huawei ရဲ့ အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ Richard Yu က ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတုန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
South China Morning Post ကဖော်ပြချက်မှာတော့ Huawei ဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်ကတည်းက စီးပွားဖြစ် Ecosystem အတွက် စတင်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ Yu ရဲ့ ပြောဆိုချက်အရတော့ Huawei ဟာ Google နဲ့ Microsoft operating system တွေကို ဆက်လက်အသုံးပြုသွားမှာဖြစ်ပေမယ့် အကယ်၍ တရားရင်ဆိုင်မှုမှာ ရှုံးခဲ့ရင်တော့ သူတို့ရဲ့ ကိုယ်ပိုင် Ecosystem ကို ပြောင်းလဲသွားဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ သိရပါတယ်။
Ref: Phone Arena