[Zawgyi]

Huawei Indonesia မွ Rainforest Connection (RFCx) ျဖင့္ ပူးေပါင္းကာ Recycled Cell Phones မ်ားအား ဆိုလာအေထာက္အပံ့ျပဳ ၾကားသိႏိုင္သည့္ ကိရိယာတစ္ခုအျဖစ္ ေျပာင္းလဲအသုံးျပဳမည့္ လက္တြဲမႈတစ္ခုအား စတင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။ အဆိုပါ ပူးေပါင္းမႈသည္ ဆူမားၾတားကြၽန္းစု အတြင္းရွိ Rainforest မ်ားအား ကာကြယ္ႏိုင္ရန္အတြက္ ျပဳလုပ္ျခင္းျဖစ္သည္။ ကာကြယ္မႈမ်ားအား အခ်က္အလက္မ်ားသိမ္းဆည္းႏိုင္သည့္ ကိရိယာ (data collection tools) ၊ သိမ္းဆည္းမႈပိုင္းဆိုင္ရာ ဝန္ေဆာင္မႈ (storage service) ႏွင့္ သစ္ေတာႏွင့္ပတ္သက္သည့္ တိက်ေသာ ေဒတာအခ်က္အလက္မ်ား (precise data analysis of the forest condition) အစရွိသည့္ တီထြင္ဆန္းသစ္ေသာ ပလက္ေဖာင္းမ်ား ဖန္တီးကာ ျပဳလုပ္သြားမည္ျဖစ္သည္။ ယခု ပူးေပါင္းမႈ၌ Huawei သည္ ၎၏ အသုံးျပဳၿပီး စမတ္ဖုန္းမ်ားတြင္ ထည့္သြင္းထားသည့္ rainforest အတြင္းရွိ လုပ္ေဆာင္ခ်က္မ်ားအား ဖမ္းယူႏိုင္မည့္ နည္းပညာအေထာက္အပံ့ ႏွင့္ Huawei AI နည္းပညာမ်ား အား ကူညီေထာက္ပံ့သြားမည္ျဖစ္ၿပီး အဆိုပါ အေထာက္အပံ့မ်ားမွ တဆင့္ rainforest အတြင္းရွိ တိရစာၦန္အသံမ်ားအား ပိုမိုနားလည္သိရွိေစကာ မ်ိဳးတုန္းလုနီးပါး မ်ိဳးစိတ္မ်ားအတြက္ လိုအပ္သည့္ အေထာက္အပံ့မ်ားအား ေပးစြမ္းႏိုင္မည္ျဖစ္သည္။

Huawei ၏ RFCx ႏွင့္ ပူးေပါင္းမႈသည္ Topher White မွ သူ ႏွင့္ သူ႔၏ အဖြဲ႕ မွ တရားမဝင္ သစ္ခိုးထုတ္မႈ အား ကာကြယ္ႏိုင္ရန္အတြက္ cell phone အေဟာင္းမ်ားအား မည္ကဲ့သို႔ အသုံးျပဳေနေၾကာင္းအား TedTalk 2014 တြင္ ထုတ္ေဖာ္ေျပာၾကားမႈ အၿပီးတြင္ စတင္ခဲ့သည္။ Huawei သည္ Topher အား ပူးေပါင္းမႈအတြက္ ကမ္းလွမ္းသည့္ အခ်ိန္၌ RFCx မွ အံ့ၾသသင့္ဖြယ္ေကာင္းေသာ အၾကမ္းခံမႈေၾကာင့္ Huawei ၏ Recycled Cell Phone မ်ားအား ၎တို႔ သုံးဆြဲၿပီးျဖစ္ေၾကာင္းအား သိရွိခဲ့ရသည္။ ယခုလက္ရွိတြင္ အဆိုပါ နည္းပညာအား တိုက္ႀကီး ၅ တိုက္တြင္ ရွိေသာ ႏိုင္ငံ ၁၀ ႏိုင္ငံ၌ စတင္ အသုံးျပဳေနၿပီ ျဖစ္ၿပီး ဆူမားၾတား အပါအဝင္ 2000 km2 အက်ယ္အဝန္းရွိသည့္ သစ္ေတာမ်ားအား ကာကြယ္ေပးေနႏိုင္ၿပီျဖစ္သည္။

Huawei Device Indonesia ၏ Deputy Country Director တစ္ဦးျဖစ္သည့္ Lo Khing Seng မွ “ ကြၽန္ေတာ္တို႔ RFCx နဲ႔အတူ ေဒသခံအသိုင္းအဝိုင္းေတြကို Huawei ရဲ႕ ထုတ္ကုန္ နဲ႔ AI နည္းပညာေတြကို အသုံးျပဳၿပီး သူတို႔ရဲ႕ Rainforest ေတြကို ကာကြယ္ေစာင့္ေရွာက္သြားဖို႔ အားေပးသြားမွာ ျဖစ္ပါတယ္။ ဒါကလည္း ကြၽန္ေတာ္တို႔ရဲ႕ နည္းပညာေတြကေနတဆင့္ သဘာဝပတ္ဝန္းက်င္ ေရရွည္တည္တံံ့ေရးအား ဖန္တီးေပးရန္ဆိုတဲ့ စိတ္ဆုံးျဖတ္မႈေတြကို တစ္စိတ္တစ္ကပိုင္း အေကာင္အထည္ေဖာ္ေနျခင္းလည္း ျဖစ္ပါတယ္။ အခုလို ပူးေပါင္းမႈေတြက Digital Inclusion ကို ေထာက္ပံ့ျခင္း နဲ႔ လူသားတိုင္းအခ်င္းခ်င္းခ်ိတ္ဆက္ႏိုင္ရမယ္ဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ TECH4ALL ပဏာမေျခလွမ္း နဲ႔ တစ္ေထရာတည္း ထပ္တူက်လွ်က္ရွိပါတယ္။” ဟု ေျပာၾကားခဲ့သည္။

Muara Labuh ၊ West Sumatra ဧရိယာမ်ား၌ ရွိေသာ rainforest မ်ားအား ကာကြယ္ေပးႏိုင္မည္ျဖစ္ေသာ “The Guardian” ဟု အမည္ရသည့္ ဆိုလာအေထာက္အပံ့ျပဳ Audio Monitoring System အား ယခုပူးေပါင္းမႈမွ တဆင့္ တီထြင္ခဲ့သည္။ The Guardian စနစ္တြင္ Huawei ဖုန္းမ်ားအား အဓိက ပင္မ အရင္းအျမစ္ အျဖစ္အသုံးျပဳထားသည္။ အသုံးျပဳၿပီး Huawei ဖုန္းမ်ား အသုံးျပဳထားသည့္ The Guardian သည္ Rainforests ၏ အသံမ်ား ၊ တိရစာၦန္အသံမ်ား ၊ သံႀကိဳးလႊ ၊ ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ အျခားေသာ အႏၲရာယ္ရွိႏိုင္သည့္ အျဖစ္အပ်က္မ်ား၏ အသံမ်ားအား ဖမ္းယူႏိုင္မည္ျဖစ္သည္။ Huawei Cloud ႏွင့္ အျခားေသာ ဆက္သြယ္ေရးတာဝါမ်ား ေထာက္ပံ့ထားၿပီး အသုံးျပဳၿပီး Huawei စမတ္ဖုန္းမ်ားမွ ဖမ္းယူထားသည့္ အသံမ်ားအား ေျမျပင္ေပၚရွိ အနီးကပ္ဆုံးေသာ ပါတနာ ထံသို႔ အခ်ိန္နဲ႔ တစ္ေျပးညီ ေပးပို႔ႏိုင္ကာ ေဒသသံ အစိုးရမ်ားအား သတင္းေပးပို႔ျခင္းကဲ့သို႔ေသာ လိုအပ္သည့္ လုပ္ငန္းေဆာင္တာမ်ားအား လုပ္ကိုင္ႏိုင္ေစမည္ျဖစ္သည္။

Huawei ႏွင့္ RFCx တို႔မွ Huawei ၏ အဆင့္ျမင့္ ဉာဏ္ရည္တုဝန္ေဆာင္မႈ ( HUAWEI CLOUD AI) ႏွင့္ tools (ModelArts) မ်ား အေပၚတြင္ အေျခခံကာ ပိုမိုတိက်ၿပီး ဉာဏ္ရည္ျမင့္မားသည့္ အယ္လဂိုရီသမ္ ေမာ္ဒယ္ အား တီထြင္ ဖန္တီးႏိုင္ခဲ့သည္။ အဆိုပါ ဖန္တီးမႈမွ တဆင့္ ပိုမိုတိက်သည့္ သံႀကိဳးလႊအသံမ်ား ႏွင့္ ကုန္တင္ကား အသံမ်ားအား ဖမ္းယူႏိုင္ေစမည္ျဖစ္သည္။ ထို႔အျပင္ Huawei မွ RFCx ႏွင့္ ပူးေပါင္းကာ Orangutan (အေမႊးနီ၍ လက္တံရွည္ေသာ ေမ်ာက္ႀကီးတစ္မ်ိဳး) ကဲ့သို႔ေသာ မ်ိဳးသုဥ္းလုနီးပါး မ်ိဳးစိတ္မ်ားအား သိရွိေစၿပီး ၎တို႔၏ က်က္စားရာေနရာ ၊ မ်ိဳးစိတ္အား အႏၲရာယ္ျပဳေစမည့္ အခ်က္အလက္ ႏွင့္ ရွင္သန္မႈျခင္းဆိုင္ရာ ဓေလ့စ႐ိုက္ မ်ားအား သိရွိေစကာလိုအပ္သည့္ ကာကြယ္မႈမ်ားအား ေပးစြမ္းႏိုင္မည္ျဖစ္သည္။

အဆိုပါ ပေရာဂ်က္ မွ တဆင့္ RFCx အဖြဲ႕သည့္ Nagari Sirukam ၊ Nagari Pakan Rabaa Timur ၊ Nagari Pakan Rabaa ႏွင့္ Nagari Pasir Talang Timur ကဲ့သို႔ေသာ ႐ြာမ်ား၌ ေလ့လာမႈမ်ား ႏွင့္အတူ ေဒသခံမ်ားႏွင့္ ေတြ႕ဆုံမႈမ်ားအား ျပဳလုပ္ခဲ့သည္။ အဆိုပါ အဖြဲ႕သည္ ေဒသခံ မ်ားအား The Guardian စနစ္အား မည္ကဲ့သို႔ အသုံးျပဳရမည္ျဖစ္ေၾကာင္းအား သင္ၾကားပို႔သခဲ့သည္။ အဆိုပါ ေဒသခံ အသိုင္းအဝိုင္းမ်ားသည္ နည္းပညာသစ္မ်ား ၊ စမတ္ဖုန္း ႏွင့္ အပလီေကးရွင္းမ်ား အသုံးျပဳျခင္း ႏွင့္ ပတ္သက္ၿပီး ရင္းႏွီးကြၽမ္းဝင္မႈ မရွိေသာ္လည္း ေကာင္းမြန္သည့္ တုံ႔ျပန္မႈ မ်ားစြာ ရရွိခဲ့သည္။ The Guardian စနစ္ ႏွင့္ အပလီေကးရွင္း မွ တဆင့္ ေဒသခံ တစ္ဦးသည္ တရားမဝင္ သစ္ခုတ္ျခင္းအား သိရွိခဲ့ၿပီး လိုအပ္သည့္ တိုင္ၾကားမႈမ်ားအား ျပဳလုပ္ႏိုင္ခဲ့သည့္ ဥပမာေကာင္းတစ္ခုမွလည္း သက္ေသသာဓက အျဖစ္ ရပ္တည္လွ်က္ရွိသည္။

Rainforest Connection (RFCx) ၏ Chief Executive Officer and Founder ျဖစ္သည့္ Topher White မွ “ Rainforest ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ရတာ တကယ္ေတာ့ အရမ္းကို စိန္ေခၚမႈေတြ မ်ားပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔မွာ တ ၊ သစ္ခိုးခုတ္မႈေတြ ၊ ေတာမီးရႈိ႕မႈေတြ အစရွိတဲ့ အေၾကာင္းအရာေတြ အမ်ားႀကီး ျဖစ္ပ်က္ေနလို႔ပါ။ အခုလိုမ်ိဳး Huawei ထုတ္ကုန္ နဲ႔ AI Cloud ေတြက ေနတဆင့္ ရရွိတဲ့ နည္းပညာေတြကို အသုံးျပဳၿပီးေတာ့ ကြၽန္ေတာ္တို႔ အနီးအနားမွာ ရွိတဲ့ လူမႈ အသိုင္းအဝိုင္းေတြကိုသာမက ဂ်ကာတာ ကဲ့သို႔ေသာ ၿမိဳ႕ေတြမွာ ရွိတဲ့ သူေတြကိုပါ rainforest ရဲ႕ အသံေတြကို နားေထာင္သိရွိေစၿပီး အႏၲရာယ္တစ္ခုခု က်ေရာက္ခဲ့ပါက လိုအပ္တဲ့ အေရးယူမႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္ႏိုင္ရန္ အေထာက္အပံံ့ေပးသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

[Unicode]

ဆူမားတြားသစ်တောများအား ကာကွယ်ပေးနိုင်မည့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းမှုအား Huawei နှင့် Rainforest Connection တို့ ပြုလုပ်

Huawei Indonesia မှ Rainforest Connection (RFCx) ဖြင့် ပူးပေါင်းကာ Recycled Cell Phones များအား ဆိုလာအထောက်အပံ့ပြု ကြားသိနိုင်သည့် ကိရိယာတစ်ခုအဖြစ် ပြောင်းလဲအသုံးပြုမည့် လက်တွဲမှုတစ်ခုအား စတင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ ပူးပေါင်းမှုသည် ဆူမားတြားကျွန်းစု အတွင်းရှိ Rainforest များအား ကာကွယ်နိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။ ကာကွယ်မှုများအား အချက်အလက်များသိမ်းဆည်းနိုင်သည့် ကိရိယာ (data collection tools) ၊ သိမ်းဆည်းမှုပိုင်းဆိုင်ရာ ဝန်ဆောင်မှု (storage service) နှင့် သစ်တောနှင့်ပတ်သက်သည့် တိကျသော ဒေတာအချက်အလက်များ (precise data analysis of the forest condition) အစရှိသည့် တီထွင်ဆန်းသစ်သော ပလက်ဖောင်းများ ဖန်တီးကာ ပြုလုပ်သွားမည်ဖြစ်သည်။ ယခု ပူးပေါင်းမှု၌ Huawei သည် ၎င်း၏ အသုံးပြုပြီး စမတ်ဖုန်းများတွင် ထည့်သွင်းထားသည့် rainforest အတွင်းရှိ လုပ်ဆောင်ချက်များအား ဖမ်းယူနိုင်မည့် နည်းပညာအထောက်အပံ့ နှင့် Huawei AI နည်းပညာများ အား ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး အဆိုပါ အထောက်အပံ့များမှ တဆင့် rainforest အတွင်းရှိ တိရစ္ဆာန်အသံများအား ပိုမိုနားလည်သိရှိစေကာ မျိုးတုန်းလုနီးပါး မျိုးစိတ်များအတွက် လိုအပ်သည့် အထောက်အပံ့များအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

Huawei ၏ RFCx နှင့် ပူးပေါင်းမှုသည် Topher White မှ သူ နှင့် သူ့၏ အဖွဲ့ မှ တရားမဝင် သစ်ခိုးထုတ်မှု အား ကာကွယ်နိုင်ရန်အတွက် cell phone အဟောင်းများအား မည်ကဲ့သို့ အသုံးပြုနေကြောင်းအား TedTalk 2014 တွင် ထုတ်ဖော်ပြောကြားမှု အပြီးတွင် စတင်ခဲ့သည်။ Huawei သည် Topher အား ပူးပေါင်းမှုအတွက် ကမ်းလှမ်းသည့် အချိန်၌ RFCx မှ အံ့သြသင့်ဖွယ်ကောင်းသော အကြမ်းခံမှုကြောင့် Huawei ၏ Recycled Cell Phone များအား ၎င်းတို့ သုံးဆွဲပြီးဖြစ်ကြောင်းအား သိရှိခဲ့ရသည်။ ယခုလက်ရှိတွင် အဆိုပါ နည်းပညာအား တိုက်ကြီး ၅ တိုက်တွင် ရှိသော နိုင်ငံ ၁၀ နိုင်ငံ၌ စတင် အသုံးပြုနေပြီ ဖြစ်ပြီး ဆူမားတြား အပါအဝင် 2000 km2 အကျယ်အဝန်းရှိသည့် သစ်တောများအား ကာကွယ်ပေးနေနိုင်ပြီဖြစ်သည်။

Huawei Device Indonesia ၏ Deputy Country Director တစ်ဦးဖြစ်သည့် Lo Khing Seng မှ “ ကျွန်တော်တို့ RFCx နဲ့အတူ ဒေသခံအသိုင်းအဝိုင်းတွေကို Huawei ရဲ့ ထုတ်ကုန် နဲ့ AI နည်းပညာတွေကို အသုံးပြုပြီး သူတို့ရဲ့ Rainforest တွေကို ကာကွယ်စောင့်ရှောက်သွားဖို့ အားပေးသွားမှာ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ နည်းပညာတွေကနေတဆင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံံ့ရေးအား ဖန်တီးပေးရန်ဆိုတဲ့ စိတ်ဆုံးဖြတ်မှုတွေကို တစ်စိတ်တစ်ကပိုင်း အကောင်အထည်ဖော်နေခြင်းလည်း ဖြစ်ပါတယ်။ အခုလို ပူးပေါင်းမှုတွေက Digital Inclusion ကို ထောက်ပံ့ခြင်း နဲ့ လူသားတိုင်းအချင်းချင်းချိတ်ဆက်နိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ TECH4ALL ပဏာမခြေလှမ်း နဲ့ တစ်ထေရာတည်း ထပ်တူကျလျှက်ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

Muara Labuh ၊ West Sumatra ဧရိယာများ၌ ရှိသော rainforest များအား ကာကွယ်ပေးနိုင်မည်ဖြစ်သော “The Guardian” ဟု အမည်ရသည့် ဆိုလာအထောက်အပံ့ပြု Audio Monitoring System အား ယခုပူးပေါင်းမှုမှ တဆင့် တီထွင်ခဲ့သည်။ The Guardian စနစ်တွင် Huawei ဖုန်းများအား အဓိက ပင်မ အရင်းအမြစ် အဖြစ်အသုံးပြုထားသည်။ အသုံးပြုပြီး Huawei ဖုန်းများ အသုံးပြုထားသည့် The Guardian သည် Rainforests ၏ အသံများ ၊ တိရစ္ဆာန်အသံများ ၊ သံကြိုးလွှ ၊ မော်တော်ဆိုင်ကယ် နှင့် အခြားသော အန္တရာယ်ရှိနိုင်သည့် အဖြစ်အပျက်များ၏ အသံများအား ဖမ်းယူနိုင်မည်ဖြစ်သည်။ Huawei Cloud နှင့် အခြားသော ဆက်သွယ်ရေးတာဝါများ ထောက်ပံ့ထားပြီး အသုံးပြုပြီး Huawei စမတ်ဖုန်းများမှ ဖမ်းယူထားသည့် အသံများအား မြေပြင်ပေါ်ရှိ အနီးကပ်ဆုံးသော ပါတနာ ထံသို့ အချိန်နဲ့ တစ်ပြေးညီ ပေးပို့နိုင်ကာ ဒေသသံ အစိုးရများအား သတင်းပေးပို့ခြင်းကဲ့သို့သော လိုအပ်သည့် လုပ်ငန်းဆောင်တာများအား လုပ်ကိုင်နိုင်စေမည်ဖြစ်သည်။

Huawei နှင့် RFCx တို့မှ Huawei ၏ အဆင့်မြင့် ဉာဏ်ရည်တုဝန်ဆောင်မှု ( HUAWEI CLOUD AI) နှင့် tools (ModelArts) များ အပေါ်တွင် အခြေခံကာ ပိုမိုတိကျပြီး ဉာဏ်ရည်မြင့်မားသည့် အယ်လဂိုရီသမ် မော်ဒယ် အား တီထွင် ဖန်တီးနိုင်ခဲ့သည်။ အဆိုပါ ဖန်တီးမှုမှ တဆင့် ပိုမိုတိကျသည့် သံကြိုးလွှအသံများ နှင့် ကုန်တင်ကား အသံများအား ဖမ်းယူနိုင်စေမည်ဖြစ်သည်။ ထို့အပြင် Huawei မှ RFCx နှင့် ပူးပေါင်းကာ Orangutan (အမွှေးနီ၍ လက်တံရှည်သော မျောက်ကြီးတစ်မျိုး) ကဲ့သို့သော မျိုးသုဉ်းလုနီးပါး မျိုးစိတ်များအား သိရှိစေပြီး ၎င်းတို့၏ ကျက်စားရာနေရာ ၊ မျိုးစိတ်အား အန္တရာယ်ပြုစေမည့် အချက်အလက် နှင့် ရှင်သန်မှုခြင်းဆိုင်ရာ ဓလေ့စရိုက် များအား သိရှိစေကာလိုအပ်သည့် ကာကွယ်မှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

အဆိုပါ ပရောဂျက် မှ တဆင့် RFCx အဖွဲ့သည့် Nagari Sirukam ၊ Nagari Pakan Rabaa Timur ၊ Nagari Pakan Rabaa နှင့် Nagari Pasir Talang Timur ကဲ့သို့သော ရွာများ၌ လေ့လာမှုများ နှင့်အတူ ဒေသခံများနှင့် တွေ့ဆုံမှုများအား ပြုလုပ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် ဒေသခံ များအား The Guardian စနစ်အား မည်ကဲ့သို့ အသုံးပြုရမည်ဖြစ်ကြောင်းအား သင်ကြားပို့သခဲ့သည်။ အဆိုပါ ဒေသခံ အသိုင်းအဝိုင်းများသည် နည်းပညာသစ်များ ၊ စမတ်ဖုန်း နှင့် အပလီကေးရှင်းများ အသုံးပြုခြင်း နှင့် ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း ကောင်းမွန်သည့် တုံ့ပြန်မှု များစွာ ရရှိခဲ့သည်။ The Guardian စနစ် နှင့် အပလီကေးရှင်း မှ တဆင့် ဒေသခံ တစ်ဦးသည် တရားမဝင် သစ်ခုတ်ခြင်းအား သိရှိခဲ့ပြီး လိုအပ်သည့် တိုင်ကြားမှုများအား ပြုလုပ်နိုင်ခဲ့သည့် ဥပမာကောင်းတစ်ခုမှလည်း သက်သေသာဓက အဖြစ် ရပ်တည်လျှက်ရှိသည်။

Rainforest Connection (RFCx) ၏ Chief Executive Officer and Founder ဖြစ်သည့် Topher White မှ “ Rainforest တွေကို ထိန်းသိမ်းစောင့်ရှောက်ရတာ တကယ်တော့ အရမ်းကို စိန်ခေါ်မှုတွေ များပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့မှာ တ ၊ သစ်ခိုးခုတ်မှုတွေ ၊ တောမီးရှို့မှုတွေ အစရှိတဲ့ အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်နေလို့ပါ။ အခုလိုမျိုး Huawei ထုတ်ကုန် နဲ့ AI Cloud တွေက နေတဆင့် ရရှိတဲ့ နည်းပညာတွေကို အသုံးပြုပြီးတော့ ကျွန်တော်တို့ အနီးအနားမှာ ရှိတဲ့ လူမှု အသိုင်းအဝိုင်းတွေကိုသာမက ဂျကာတာ ကဲ့သို့သော မြို့တွေမှာ ရှိတဲ့ သူတွေကိုပါ rainforest ရဲ့ အသံတွေကို နားထောင်သိရှိစေပြီး အန္တရာယ်တစ်ခုခု ကျရောက်ခဲ့ပါက လိုအပ်တဲ့ အရေးယူမှုတွေကို ချက်ချင်းလုပ်ဆောင်နိုင်ရန် အထောက်အပံံ့ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့သည်။