Huawei ဟာအခုအချိန်မှာ MateBook နာမည်နဲ့ Flagship Level အပြင် Mid Range Laptop တွေကိုလည်း အများအပြားထုတ်လုပ်နေပြီဖြစ်ပါတယ်။ အဆိုပါ Laptop တွေမှာ Intel နဲ့ AMD Processor ၂ မျိုးလုံးကို အသုံးပြုနေသလိုပဲ Design နဲ့ Display ပိုင်းမှာပါလည်း ကောင်းမွန်တယ်ဆိုပြီး သတ်မှတ်ခံနေရတာ ဖြစ်ပါတယ်။

အခုလည်း Huawei ကနေ Frameless Display ပါဝင်တဲ့ Laptop တစ်လုံးကို မကြာခင်မှာ မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ ဒီလိုမျိုး Frameless Display ဟာ Laptop တွေထဲမှာ ပထမဆုံးဖြစ်လာမယ့်အပြင် Resolution အနေနဲ့လည်း 3K Resolution ရှိနေဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သာမန် Laptop တွေမှာပါဝင်တဲ့ Full HD Resolution Display ထက်တော့ သိသိသာသာပိုကောင်းနေမှာပါ။

လက်ရှိအချိန်မှာ Huawei ကနေ ထုတ်လုပ်နေတဲ့ MateBook X Series Laptop တွေအပြင် Laptop အများစုဟာ Screen-to-Body Ratio မြင့်မားအောင် ထုတ်လုပ်နေကြပေမယ့် လုံးဝ Frameless Design ကိုတော့ မထုတ်လုပ်နိုင်သေးဘူးဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei ကနေ မိတ်ဆက်သွားမယ့် ယခု Laptop ဟာ စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုသတင်းကို ဖော်ပြခဲ့တဲ့ Tipster ရဲ့ အဆိုအရတော့ Huawei ဟာ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့မှာ အဆိုပါ Laptop ကို တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ မကြာခင် ရက်ပိုင်းမှာလည်း ဒီလိုမျိုး Frameless Display က ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတဲ့ Teaser ဓါတ်ပုံတွေလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China