Zawgyi

တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Huawei ဟာ ၂၀၁၉ ရဲ႕က်န္ရွိတဲ့ကာလေတြထဲ ကုမၸဏီရဲ႕ ကိုယ္ပုိင္ Harmony မုိဘုိင္း OS နဲ႔ စမတ္ဖုန္းကို ထုတ္လုပ္ဦးမွာမဟုတ္ဘူးလို႔ ျငင္းဆုိလိုက္ပါတယ္။ Huawei ရဲ႕ Senior VP ျဖစ္သူ Vincent Yang က နယူးေယာက္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ မီဒီယာအခမ္းအနားတစ္ခုမွာ ၂၀၁၉ အတြင္း Huawei မွ Harmony OS အသုံးျပဳ စမတ္ဖုန္းထုတ္လုပ္လာဖို႔ အစီအစဥ္မရွိေသးဘူးလို႔ တရားဝင္ ေျပာၾကားခဲ့တာပါ။

ဒါေပမယ့္ ကုမၸဏီဟာ စမတ္ဖုန္းကိုပဲ မထုတ္လုပ္တာျဖစ္ၿပီး အျခားစမတ္ထုတ္ကုန္ေတြကိုေတာ့ ကုမၸဏီပိုင္ OS ကို ထည့္သြင္းထုတ္လုပ္လာဖို႔ ရွိတယ္လို႔ ဝန္ခံခဲ့ပါတယ္။ ဒါ့ေၾကာင့္ ၂၀၁၉ ခုႏွစ္ မကုန္ခင္ Harmony OS အသုံးျပဳထားမယ့္ စမတ္နာရီ၊ စမတ္တီဗီ စသျဖင့္ နည္းပညာထုတ္ကုန္ေတြကိုေတာ့ ေတြ႕ရႏုိင္ပါတယ္။ 5G နက္ဝပ္ကို အသြင္ကူးေျပာင္းေတာ့မယ့္ ကာလမွာ IoT (Internet of Things) ဟာလည္း အေရးပါလာမွာျဖစ္လို႔ စမတ္ဖုန္းအျပင္ အျခားထုတ္ကုန္ေတြမွာ OS တစ္ခု လိုအပ္လာေတာ့မွာ မလြဲပါဘူး။

Vincent Yang ရဲ႕အဆုိအရေတာ့ ကုမၸဏီဟာ “စံႏႈန္းတစ္ခု၊ Eco စနစ္တစ္ခုတည္းကိုပဲ ထိန္းသိမ္းထား” လိုတယ္လို႔ ဆုိပါတယ္။ ဒါ့ေၾကာင့္ သူတုိ႔ဟာ လူႀကိဳက္မ်ားေနတဲ့ Android မွာပဲ စမတ္ဖုန္းေတြကို ဆက္လက္ ထားရွိဦးမွာျဖစ္ၿပီး ကြဲျပားတဲ့ စနစ္ေတြနဲ႔ စမတ္ဖုန္းေတြကို ခြဲျခားထုတ္လုပ္လာဦးမွာ မဟုတ္ေသးပါဘူး။ သို႔ေပမယ့္ လက္ရွိ အေမရိကန္နဲ႔ အေျခအေနပိုဆုိးလာၿပီး ေနာက္တစ္ခါ ပိတ္ဆို႔မႈေတြ ၾကဳံေတြ႕လာရမယ္ ဆုိရင္ေတာ့ Harmony OS ကို Backup အစီအစဥ္အေနနဲ႔ အသုံးျပဳရမွာပါ။

၂၀၁၉ အေစာပိုင္းမွာ စတင္ခဲ့တဲ့ အေမရိကန္ႏုိင္ငံမွ ပိတ္ဆုိ႔မႈအၿပီးမွာ Huawei ကို Android နဲ႔ Google ဝန္ေဆာင္မႈေတြက ပိတ္ပင္မယ္လို႔ အသံေပးခဲ့ေပမယ့္ ေလာေလာဆယ္မွာ ဒုတိယအႀကိမ္ေျမာက္ ရက္ ၉၀ ထပ္တုိးေျဖေလွ်ာ့ေပးထားတာေၾကာင့္ အရင္လုိပဲ သုံးစြဲထုတ္လုပ္ေနဆဲပါ။

အခုႏွစ္ထဲမွာ Mate 30 စီးရီးကို ေတြ႕ရမလား မေသခ်ာေသးေပမယ့္ Yang ကေတာ့ Android သုံးထားမယ့္ Flagship အသစ္ထြက္လာဦးမယ္လို႔ ဆုိထားပါတယ္။ ဒါေပမယ့္ Flagship အသစ္ရဲ႕ နာမည္ကိုေတာ့ မသိရေသးပါဘူး။ Harmony OS ကို အခုႏွစ္အတြက္ ေခါက္ထားလိုက္တယ္ဆုိေပမယ့္ Huawei အႀကီးအကဲက “ေရွ႕ဘာျဖစ္လာမလဲ မသိႏုိင္ဘူး” လို႔ဆုိထားတဲ့အတြက္ ေစာင့္ေတာ့ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Huawei ဟာ ၂၀၁၉ ရဲ့ကျန်ရှိတဲ့ကာလတွေထဲ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Harmony မိုဘိုင်း OS နဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဦးမှာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ Huawei ရဲ့ Senior VP ဖြစ်သူ Vincent Yang က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ မီဒီယာအခမ်းအနားတစ်ခုမှာ ၂၀၁၉ အတွင်း Huawei မှ Harmony OS အသုံးပြု စမတ်ဖုန်းထုတ်လုပ်လာဖို့ အစီအစဉ်မရှိသေးဘူးလို့ တရားဝင် ပြောကြားခဲ့တာပါ။

ဒါပေမယ့် ကုမ္ပဏီဟာ စမတ်ဖုန်းကိုပဲ မထုတ်လုပ်တာဖြစ်ပြီး အခြားစမတ်ထုတ်ကုန်တွေကိုတော့ ကုမ္ပဏီပိုင် OS ကို ထည့်သွင်းထုတ်လုပ်လာဖို့ ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၁၉ ခုနှစ် မကုန်ခင် Harmony OS အသုံးပြုထားမယ့် စမတ်နာရီ၊ စမတ်တီဗီ စသဖြင့် နည်းပညာထုတ်ကုန်တွေကိုတော့ တွေ့ရနိုင်ပါတယ်။ 5G နက်ဝပ်ကို အသွင်ကူးပြောင်းတော့မယ့် ကာလမှာ IoT (Internet of Things) ဟာလည်း အရေးပါလာမှာဖြစ်လို့ စမတ်ဖုန်းအပြင် အခြားထုတ်ကုန်တွေမှာ OS တစ်ခု လိုအပ်လာတော့မှာ မလွဲပါဘူး။

Vincent Yang ရဲ့အဆိုအရတော့ ကုမ္ပဏီဟာ “စံနှုန်းတစ်ခု၊ Eco စနစ်တစ်ခုတည်းကိုပဲ ထိန်းသိမ်းထား” လိုတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူတို့ဟာ လူကြိုက်များနေတဲ့ Android မှာပဲ စမတ်ဖုန်းတွေကို ဆက်လက် ထားရှိဦးမှာဖြစ်ပြီး ကွဲပြားတဲ့ စနစ်တွေနဲ့ စမတ်ဖုန်းတွေကို ခွဲခြားထုတ်လုပ်လာဦးမှာ မဟုတ်သေးပါဘူး။ သို့ပေမယ့် လက်ရှိ အမေရိကန်နဲ့ အခြေအနေပိုဆိုးလာပြီး နောက်တစ်ခါ ပိတ်ဆို့မှုတွေ ကြုံတွေ့လာရမယ် ဆိုရင်တော့ Harmony OS ကို Backup အစီအစဉ်အနေနဲ့ အသုံးပြုရမှာပါ။

၂၀၁၉ အစောပိုင်းမှာ စတင်ခဲ့တဲ့ အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုအပြီးမှာ Huawei ကို Android နဲ့ Google ဝန်ဆောင်မှုတွေက ပိတ်ပင်မယ်လို့ အသံပေးခဲ့ပေမယ့် လောလောဆယ်မှာ ဒုတိယအကြိမ်မြောက် ရက် ၉၀ ထပ်တိုးဖြေလျှော့ပေးထားတာကြောင့် အရင်လိုပဲ သုံးစွဲထုတ်လုပ်နေဆဲပါ။

အခုနှစ်ထဲမှာ Mate 30 စီးရီးကို တွေ့ရမလား မသေချာသေးပေမယ့် Yang ကတော့ Android သုံးထားမယ့် Flagship အသစ်ထွက်လာဦးမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် Flagship အသစ်ရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။ Harmony OS ကို အခုနှစ်အတွက် ခေါက်ထားလိုက်တယ်ဆိုပေမယ့် Huawei အကြီးအကဲက “ရှေ့ဘာဖြစ်လာမလဲ မသိနိုင်ဘူး” လို့ဆိုထားတဲ့အတွက် စောင့်တော့ကြည့်ရဦးမှာပါ။

Ref – GSM Arena