မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) နယ်ပယ်ရှိ ထူးချွန်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်သော နှစ်စဉ်ကျင်းပနေကျ Huawei Seeds for the Future ကို ယခုနှစ်တွင် “Sky Seeds for the Future” အမည်ဖြင့် စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာ နှင့် နည်းပညာတက္ကသိုလ်များမှ ထူးချွန်သူ မြန်မာကျောင်းသား ၃၈ ဦးကို ရွေးချယ်ကာ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ (၅) ရက်တိုင် သင်ကြားပို့ချ လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ကျန်းမာရေးအခြေအနေများနှင့် အန္တရာယ်ကင်းရှင်းရေးကို ရှေးရှုပြီး ယခုနှစ် ပရိုဂရမ်ကို အွန်လိုင်းတွင်သာ ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်နှင့် ပါမောက္ခများ ကော်မတီ တို့နှင့် ပူးပေါင်း၍ အဆိုပါ ပရိုဂရမ်ကို စက်တင်ဘာလ (၂၁) ရက်နေ့တွင် WeLink ဖြင့် အွန်လိုင်းဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။ Huawei Myanmar CEO ဖြစ်သူ Mr. Ding Zhaoyi ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ မျိုးကြွယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ယဉ်ကျေးမှုဆိုင်ရာ အတိုင်ပင်ခံ ဖြစ်သူ Mr. Pang Feng နှင့် Huawei Asia Pacific Region ၏ Director of Public Affairs and Communications Department ဖြစ်သူ Mr. Fu Bo တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး 2020 Sky Seeds for the Future ၏ ကိုယ်စားပြုကျောင်းသူက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်အတွက် Huawei ၏ ၅ ရက်တာ ကာလ ကြာမြင့်မည့် အွန်လိုင်း ပရိုဂရမ်တွင် မတက်မနေရ အတန်းများအတွက် ၆.၅ နာရီ၊ တိုက်ရိုက်ထုတ်လွှင့်ချိန် ၆.၅ နာရီ နှင့် တရုတ်ယဉ်ကျေးမှုများထဲမှ နှစ်သက်ရာကို ကိုယ်တိုင် ရွေးချယ်လေ့လာနိုင်မည့် ထပ်တိုး အတန်းချိန် (၁) နာရီတို့ ထည့်သွင်းပေးသွားမည် ဖြစ်သည်။ ရွေးချယ်ခံ ကျောင်းသားများသည် ၎င်းတို့၏ အနာဂတ် လုပ်ငန်းခွင်တိုးတက်မှုများအတွက် အရေးကြီးသည့် အိုင်စီတီ ဗဟုသုတများကို ပိုမိုသဘောပေါက် နားလည်နိုင်စေမည်ဖြစ်သော 5G, AI ( လူလုပ်အသိဉာဏ်)၊ Cloud Computing စသည့် နောက်ဆုံးပေါ် နည်းပညာများကို လေ့လာသင်ယူကြရမည် ဖြစ်သည်။ ပရိုဂရမ် ပြီးဆုံးပြီးနောက် စက်တင်ဘာလ (၂၅) ရက်နေ့တွင် ကျောင်းသားများအတွက် ဆုချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။

Huawei ၏ ကမ္ဘာလုံးဆိုင်ရာ CSR (လူထုအကျိုးပြု လုပ်ငန်း) အစီအစဉ်ဖြစ်သည့် Seeds for the Future သည် ဒေသတွင်း အိုင်စီတီ ထူးချွန်သူ လူငယ်များသို့ ဗဟုသုတများ မျှဝေပြီး အိုင်စီတီ ကဏ္ဍကို ပိုမိုစိတ်ဝင်စားလာစေရန်၊ ပိုမို နားလည်သဘောပေါက်လာစေရန် နှင့် ဒစ်ဂျစ်တယ်လ် အသိုင်းအဝိုင်းကို ဒေသတွင်း တည်ဆောက်ရာတွင် ပိုမို ပါဝင်လှုပ်ရှားနိုင်စေရေး အားပေးကူညီရန်အတွက် ရည်ရွယ်သည်။ ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော Huawei ၏ “Seeds for the Future” အစီအစဉ်တွင် ဤအတန်းအပါအဝင် မြန်မာကျောင်းသားပေါင်း ၆၈ ဦး တက်ရောက်ပါဝင်ခဲ့ပြီးဖြစ်ကာ ကမ္ဘာတစ်ဝန်း တက္ကသိုလ်ပေါင်း ၅၀၀ ကျော်မှ ကျောင်းသားပေါင်း ၅၇၇၀ ကျော် ပါဝင်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကျောင်းသားများသည် အခွင့်အလမ်းကြီး တစ်ခုအနေဖြင့် Huawei Myanmar တွင် အလုပ်သင်ဆင်းခွင့် ရရှိမည်ဖြစ်ပြီး ကမ္ဘာ့ဦးဆောင် အိုင်စီတီနည်းပညာများ ပံ့ပိုးပေးနေသော Huawei မှ အဆန်းသစ်၊ အထူးခြားဆုံးသော နည်းပညာအဖြေများကို မတူညီသော ယဉ်ကျေးမှုများကြား တိုက်ရိုက်သင်ယူလေ့လာခွင့် ရမည်ဖြစ်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က “အရင်နှစ်နဲ့ မတူတာကတော့ COVID-19 က ကျွန်တော်တို့ရဲ့ လူနေမှုဘဝတွေအပေါ်မှာ တော်တော်သက်ရောက်မှုရှိခဲ့ပါတယ်။ ပိုပြီးလုံခြုံစိတ်ချရအောင်လို့ ဒီနှစ်မှာ ‘Seeds for The Future’ အစီအစဉ်ကို အွန်လိုင်းပေါ်ကပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အရင်နှစ်ထက်ပိုပြီး ကြိုးစားမှုတွေ၊ အားထုတ်မှုတွေနဲ့ ဂရုတစိုက်စီစဉ်ထားတာဖြစ်လို့ ပိုပြီးကောင်းမွန်မယ်လို့ မျှော်လင့်မိပါတယ်။ အခု ‘Seeds for The Future 2020’ ဟာဆိုရင် ICT အရည်အသွေးမြှင့်တင်တဲ့ ခေါင်းစဉ်အောက်မှာဖြစ်ပြီး ၂၀၁၇ ခုနစ်ကတည်းက အောင်အောင်မြင်မြင် ကျင်းပလာတာဖြစ်တဲ့အတွက် ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူ (၆၈) ယောက်ကို မွေးထုတ်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင်တော့ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ (၃၈) ယောက်ကို ရွေးချယ်ထားပါတယ်။ COVID-19 ကပ်ရောဂါဆိုးကြီးရှိနေပေမဲ့လည်း စတုတ္ထအကြိမ်မြောက် ‘Seeds For The Future’ အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်း ဒီနှစ်မှာလည်း ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ မျိုးကြွယ်က “မြန်မာနိုင်ငံဟာ တက္ကသိုလ်တွေရဲ့ ဖွဲ့စည်းပုံတွေအပါအဝင် ပညာရေးစနစ်တစ်ခုလုံးကို ပြောင်းလဲလျက်ရှိနေပါတယ်။ ဒီကဏ္ဍမှာတော့ အစိုးရဟာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးအစရှိတဲ့လိုအပ်ချက်တွေကို ပြည့်ဝအောင် ပြုပြင်ပြောင်းလဲမှုတွေနဲ့ လေ့လာဆန်းစစ်မှု တွေကို အဓိကထားပြုလုပ်ပြီး ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်တစ်ခုဖြစ်လာစေဖို့အတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။ ဒီလို စဉ်ဆက်မပြက် ပြောင်းလဲမှုတွေ၊ အခွင်းအလမ်းတွေရရှိလာအောင် လုပ်ဆောင်နေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအပြင် အထူးသဖြင့် ICT အပိုင်းမှာပါ အလျင်အမြန် တိုးတက်လာနေ ပါတယ်။ Seeds for The Future ဆိုတာဟာလည်း ပြည်တွင်းမှာ ICT ကျွမ်းကျင်တဲ့ပညာရှင်တွေ ပေါ်ပေါက်လာအောင် လေ့ကျင့်ပျိုး‌ထောင်ပေးနေတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ လူထုအကျိုးပြု လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ICT နယ်ပယ်ကိုမြှင့်တင်ဖို့အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် (၃၈) ခုက ထူးချွန်ကျောင်းသား (၃၈) ယောက်ကို ရွေးချယ်ထားပြီးဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ဒီ ICT အတွက် အရည်အချင်းရှိသူတွေ မွေးထုတ်ပေးမယ့်အစီအစဉ်ကို ဖြစ်မြောက်အောင်ပြုလုပ်ပေးတဲ့ Huawei Myanmar ကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟုပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တရုတ်ပြည်သူ့သမ္မတ နိုင်ငံငံရုံးမှ ယဉ်ကျေးမှုဆိုင်ရာ အတိုင်ပင်ခံဖြစ်သူ Mr. Pang Feng က “ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ယခုအွန်လိုင်းလေ့ကျင့်သင်ယူမှုကနေ တရုတ်နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာအပြင် ယဉ်ကျေးမှုကိုပါ နားလည်ပြီး၊ မိမိတို့ရဲ့ ကိုယ်ပိုင်မျက်လုံးတွေနဲ့ တရုတ်နိုင်ငံအပေါ် မျက်ဝါးထင်ထင်သိမြင် နားလည်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ကပ်ရောဂါ ပြီးဆုံးသွားတဲ့အခါ မြန်မာမိတ်ဆွေသူငယ်ချင်းတွေအနေနဲ့ တရုတ်နိုင်ငံသို့ မကြာခဏလာရောက် လည်ပတ်ကြပြီး တရုတ်နိုင်ငံရဲ့ သဟဇာတဖြစ်တဲ့လူ့အဖွဲ့အစည်းနဲ့ ထင်ရှားကျော်ကြားတဲ့ တောင်တန်းတွေ၊ မြစ်ချောင်းတွေကို ကြည့်ရှုခံစားနိုင်ပြီး ရိုးသားဖော်ရွေတဲ့ တရုတ်လူမျိုးတွေဟာ ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဆုတ်မနစ်ကြိုးစားအားထုတ်မှုတွေ လုပ်ဆောင်နေကြတယ်ဆိုတာ သိနိုင်ဖို့ဖိတ်ခေါ်လိုပါတယ်။ တရုတ်နဲ့ မြန်မာပြည်သူတွေဟာ တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံချိန်တိုင်း ချစ်ခင်ရင်းနှီးမှု၊ အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခင်မင်ရင်းနှီးမှုမျိုးစေ့တွေကို ကျွန်တော်တို့ မွေးမြူနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Huawei အာရှပစိဖိတ်ဒေသ၏ Public Affairs and Communications မှ ဒါရိုက်တာဖြစ်သူ Mr. Fu Bo က နောက်လာမယ့် ခေတ်ဟာ data, AI, IoT နဲ့ Cloud Computing အစရှိတဲ့အရာတွေအပေါ်မှာ လုံးဝအခြေခံထားမှာဖြစ်ပါတယ်။ လာမယ့် ဆယ်စုနှစ် (၂) စု ကနေ ဆယ်စုနှစ် (၃) စုအတွင်းမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာ လူသားတွေကို အကုန်လုံး အသိဉာဏ်မြင့်၊ အကုန်လုံး ထိတွေ့ခံစားနိုင်ပြီး အားလုံးနဲ့ ချိတ်ဆက်ထားနိုင်မယ့် အဆင့်မြင့် ကမ္ဘာသစ်တစ်ခုဆီကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု ယန္တရားသော်လည်းကောင်း၊ ဒီဂျစ်တယ်ကဏ္ဍတိုးတက်မှုရဲ့ အဓိက အင်ဂျင်ဖြစ်တဲ့ လူငယ်တွေအပေါ်မှာ Huawei ကယုံကြည်တဲ့အပြင် သူတို့ကိုတန်ဖိုးထားပြီး သူတို့ရဲ့ ကျွမ်းကျင်မှုအပေါ်မှာလည်း Huawei က အားပေးအားမြှောက်ပြုသွားမှာဖြစ်ပါတယ်။ လူငယ်လေးတွေရဲ့ တန်ဖိုးကို သိပြီး လူ့အဖွဲ့အစည်းတိုးတက်ရေး အတွက် ပံ့ပိုးပေးနိုင်တဲ့ လမ်းမှန်ပေါ်ရောက်အောင် လမ်းပြ ပေးရမယ့်တာဝန် ကျွန်တော်တို့ဆီမှာရှိပါတယ်” ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး “မြန်မာနိုင်ငံဆိုတာ လူနေမှုအဆင့်အတန်း တိုးတက်လာရာမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့အပြင် သယံဇာတပေါကြွယ်ဝပြီး ကြိုးစားလုပ်ကိုင်ကြတဲ့ လူတွေအမြောက်အများ နေထိုင် ကြတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ အခု ဒီအစီအစဉ်မှာ ပါဝင်တဲ့ ကျောင်းသားတွေလိုပဲ အနာဂတ်အတွက် ရည်မှန်းချက်အပြည့်နဲ့ လူငယ်တွေလည်းအများကြီးရှိပါတယ်။ သူတို့တွေရဲ့ အိမ်မက်တွေပြည့်ဝလာဖို့အတွက် လုံလောက်တဲ့ ထောက်ပံ့မှုတွမရသေးတာလဲဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ‘Seeds for The Future’ အစီအစဉ်ကို နိုင်ငံအနှံ့အပြားမှာ အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အိုင်စီတီ စွမ်းဆောင်ရည် လိုအပ်ချက် မြင့်မားလာသည်နှင့်အမျှ Huawei သည် နိုင်ငံ၏ အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုးကြီးထွားမှုကို မြှင့်တင်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့သည်။ အဆိုပါ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နိုင်ရန်အတွက် Huawei သည် HAINA (Huawei Authorized Information and Network Academy) ကို တည်ထောက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား (၅၀) ကို နှစ်စဉ်ရွေးချယ်ကာ ၎င်းတို့၏ ပညာရေး ခရီးလမ်းအတွက် ပညာသင်ဆုများ ပေးအပ်လျက်ရှိသည်။ “Seeds for the Future” အစီအစဉ် နှင့် Huawei Myanmar တွင် အလုပ်သင် လုပ်ကိုင်နိုင်မည့် အခွင့်အရေးသည် လူငယ်ပညာရှင်များအတွက် တန်ဖိုးရှိသော လုပ်ငန်းခွင် အတွေ့အကြုံများကို ပေးအပ်နိုင်လိမ့်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အိုင်စီတီ အနာဂတ်ကို အထောက်အကူ ဖြစ်စေနိုင်မည့် နည်းပညာ အရင်းအမြစ်များကို ပိုမို ဖန်တီးနိုင်စေလိမ့်မည်ဖြစ်သည်။

S0urce – HUAWEI