Zawgyi

တရုတ္အေျခစုိက္နည္းပညာကုမၸဏီ Huawei ဟာ လြန္ခဲ့တဲ့ဆယ္ရက္က စၿပီး Mate 30 5G နဲ႔ Mate 30 Pro 5G တုိ႔အတြက္ ႀကိဳတင္အမွာစာေတြကို လက္ခံခဲ့ပါတယ္။ ယေန႔မွာေတာ့ ေစ်းကြက္ထဲသို႔ တင္ပို႔ေရာင္းခ်မႈကို စတင္လုိက္ၿပီး ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ ပထမအၾကိမ္ေရာင္းခ်ဖို႔ အလုံးေရတစ္သိန္းဟာ တစ္မိနစ္အခ်ိန္အတြင္း အကုန္အစင္ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ဆုိပါတယ္။

ဒုတိယအႀကိမ္ Flash Sale ေရာင္းခ်မႈကို ႏုိဝင္ဘာ ၅ ရက္ေန႔မွ ျပန္လည္ျပဳလုပ္ေရာင္းခ်ေပးမွာျဖစ္ၿပီး တရုတ္ႏုိင္ငံတြင္းက 5G နက္ဝပ္အသုံးျပဳႏုိင္တဲ့ ဖုန္းအသစ္ကို အားေပးခ်င္သူေတြကေတာ့ ရက္အနည္းငယ္ ဆက္လက္ေစာင့္စားရဦးမွာပါ။

Huawei Mate 30 5G နဲ႔ Mate 30 Pro 5G တုိ႔ဟာ ေလာေလာဆယ္ တရုတ္ေစ်းကြက္မွာသာ ေရာင္းခ်ၿပီး Mate 30 5G ရဲ႕အေျခခံေမာ္ဒယ္ကို တရုတ္ယြမ္ ၄၉၉၉ (ျမန္မာေငြ ဆယ္သိန္းရွစ္ေသာင္း) နဲ႔ Pro ဗားရွင္းကို ယြမ္ ၆၈၉၉ (ျမန္မာေငြ ၁၅ သိန္းနီးပါး) သတ္မွတ္ထားတာျဖစ္ပါတယ္။ ဒီေစ်းႏႈန္းက ပုံမွန္ဖုန္းေတြအတြက္ ေစ်းႏႈန္းျမင့္တယ္လို႔ ဆုိႏုိင္ေပမယ့္ 5G ရရွိႏုိင္တဲ့ Flagship လယ္ဗယ္ေတြအတြင္းမွာ ဆြဲေဆာင္မႈရွိတဲ့ေစ်းႏႈန္းျဖစ္ေနတာေၾကာင့္လည္း အခုလုိ လွ်င္ျမန္စြာ ေရာင္းခ်ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

Mate 30 5G ဟန္းဆက္ႏွစ္ခုမွာ 5G Modem တစ္ခါတည္းပါတဲ့ Kirin 990 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး ဘကၳရီက ရုိးရုိးဗားရွင္းမွာ 4,200 mAh နဲ႔ Pro မွာ 4,500 mAh တုိ႔ျဖစ္ၿပီး ႏွစ္ခုလုံးမွာ 40W Fast Charging နဲ႔ 27W ႀကိဳးမဲ့အားသြင္းနည္းပညာတုိ႔ ပါဝင္ပါတယ္။

Android 10 OS ကိုအေျခခံထားတဲ့ EMUI 10 တစ္ပါတည္း အသုံးျပဳႏုိင္မယ့္ 5G ဖုန္းႏွစ္လုံးဟာ ပုံမွန္ Mate 30 နဲ႔ Mate 30 Pro တုိ႔မွာ မရရွိႏုိင္တဲ့ Vegan Leather Orange နဲ႔ Vegan Leather Green အေရာင္ႏွစ္မ်ဳိးနဲ႔လည္း ထြက္ရွိလာပါတယ္။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီ Huawei ဟာ လွန်ခဲ့တဲ့ဆယ်ရက်က စပြီး Mate 30 5G နဲ့ Mate 30 Pro 5G တို့အတွက် ကြိုတင်အမှာစာတွေကို လက်ခံခဲ့ပါတယ်။ ယနေ့မှာတော့ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချမှုကို စတင်လိုက်ပြီး ကုမ္ပဏီရဲ့ပြောကြားချက်အရ ပထမအကြိမ်ရောင်းချဖို့ အလုံးရေတစ်သိန်းဟာ တစ်မိနစ်အချိန်အတွင်း အကုန်အစင် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ် Flash Sale ရောင်းချမှုကို နိုဝင်ဘာ ၅ ရက်နေ့မှ ပြန်လည်ပြုလုပ်ရောင်းချပေးမှာဖြစ်ပြီး တရုတ်နိုင်ငံတွင်းက 5G နက်ဝပ်အသုံးပြုနိုင်တဲ့ ဖုန်းအသစ်ကို အားပေးချင်သူတွေကတော့ ရက်အနည်းငယ် ဆက်လက်စောင့်စားရဦးမှာပါ။

Huawei Mate 30 5G နဲ့ Mate 30 Pro 5G တို့ဟာ လောလောဆယ် တရုတ်ဈေးကွက်မှာသာ ရောင်းချပြီး Mate 30 5G ရဲ့အခြေခံမော်ဒယ်ကို တရုတ်ယွမ် ၄၉၉၉ (မြန်မာငွေ ဆယ်သိန်းရှစ်သောင်း) နဲ့ Pro ဗားရှင်းကို ယွမ် ၆၈၉၉ (မြန်မာငွေ ၁၅ သိန်းနီးပါး) သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒီဈေးနှုန်းက ပုံမှန်ဖုန်းတွေအတွက် ဈေးနှုန်းမြင့်တယ်လို့ ဆိုနိုင်ပေမယ့် 5G ရရှိနိုင်တဲ့ Flagship လယ်ဗယ်တွေအတွင်းမှာ ဆွဲဆောင်မှုရှိတဲ့ဈေးနှုန်းဖြစ်နေတာကြောင့်လည်း အခုလို လျှင်မြန်စွာ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Mate 30 5G ဟန်းဆက်နှစ်ခုမှာ 5G Modem တစ်ခါတည်းပါတဲ့ Kirin 990 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး ဘက္ထရီက ရိုးရိုးဗားရှင်းမှာ 4,200 mAh နဲ့ Pro မှာ 4,500 mAh တို့ဖြစ်ပြီး နှစ်ခုလုံးမှာ 40W Fast Charging နဲ့ 27W ကြိုးမဲ့အားသွင်းနည်းပညာတို့ ပါဝင်ပါတယ်။

Android 10 OS ကိုအခြေခံထားတဲ့ EMUI 10 တစ်ပါတည်း အသုံးပြုနိုင်မယ့် 5G ဖုန်းနှစ်လုံးဟာ ပုံမှန် Mate 30 နဲ့ Mate 30 Pro တို့မှာ မရရှိနိုင်တဲ့ Vegan Leather Orange နဲ့ Vegan Leather Green အရောင်နှစ်မျိုးနဲ့လည်း ထွက်ရှိလာပါတယ်။

Ref – GSM Arena