Zawgyi

Huawei အတြက္ေတာ့ ယခုႏွစ္ ေမလကစတင္ၿပီးေတာ့ US အစိုးရကေန ပိတ္ပင္မႈေတြျပဳလုပ္ခဲ့တဲ့အတြက္ US ကုမၸဏီေတြျဖစ္တဲ့ Google ၊ Qualcomm အစရွိတဲ့ ကုမၸဏီေတြရဲ႕ ပိတ္ပင္မႈကိုပါ ခံခဲ့ရတာျဖစ္ပါတယ္။ အခုေနာက္ဆုံး Huawei ကေန မိတ္ဆက္ထားတဲ့ Huawei Mate 30 Series စမတ္ဖုန္းေတြဆိုရင္လည္း Google Services နဲ႔ App ေတြ ပါဝင္ျခင္းမရွိတဲ့အတြက္ တ႐ုတ္ႏိုင္ငံျပင္ပမွာ ေရာင္းခ်ဖို႔ ခက္ခဲေနပါတယ္။

ဒါေပမယ့္လည္း Huawei ကေတာ့ အခုလိုမ်ိဳး ပိတ္ဆို႔မႈေတြၾကားမွာတင္ မႏွစ္ကထက္ေတာင္ ပိုၿပီး စမတ္ဖုန္းေတြေရာင္းခ်ေနရတဲ့ပုံစံပါပဲ။ ဘာေၾကာင့္လဲဆိုရင္ Huawei Mobile ရဲ႕ Official Twitter Account ကေန ၂၀၁၉ အတြက္ စမတ္ဖုန္းအလုံးေရ သန္း ၂၀၀ ခန္႔ ေရာင္းခ်ၿပီးသြားၿပီးလို႔ တင္ထားခဲ့တာေၾကာင့္ပါ။ ဒီလို ေရာင္းခ်ရတာကလည္း မႏွစ္တုန္းကထက္ ၆၄ ရက္ေတာင္ ပိုေစာၿပီး ေရာင္းခ်ႏိုင္တာျဖစ္ပါတယ္။

Huawei အတြက္ေတာ့ ပိတ္ခံထားရတဲ့ထဲက အခုလိုမ်ိဳး ေရာင္းအားေကာင္းေနတာက ဝမ္းသာစရာသတင္းတစ္ခုျဖစ္ေပမယ့္ Huawei Mate 30 Series ေတြမွာ Google Services နဲ႔ App ေတြထည့္သြင္းလို႔မရေတာ့တဲ့ေနာက္ပိုင္း စမတ္ဖုန္းအသစ္ေတြ မမိတ္ဆက္ထားေသးလို ေနာက္ပိုင္းမွာ Android OS ကို ဆက္သုံးဦးမွာလား၊ ကိုယ္ပိုင္ Harmony OS ကို အသုံးျပဳမွာလားဆိုတာကိုလည္း ရွင္းလင္းေျပာၾကားထားျခင္းမရွိေသးပါဘူး။ ဒ့ါအျပင္ လက္ရွိ ေစ်းကြက္ တတိယေနရာမွာရွိေနတဲ့ Apple ကေန iPhone 11 Series ဖုန္းေတြ ေရာင္းအားပိုတက္လာတဲ့အတြက္ Huawei ကို ျပန္ေက်ာ္တက္မယ္ဆိုၿပီးလည္း ခန္႔မွန္းခ်က္ေတြထြက္ရွိေနတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလိုမ်ိဳး ပိတ္ခံထားတဲ့ထဲကေတာင္မွ ဒီေလာက္ေရာင္းအားပိုေကာင္းလာတဲ့ Huawei အေနနဲ႔ တကယ္လို႔ US ရဲ႕ ပိတ္ဆို႔မႈေတြသာ မခံရခဲ့ရင္ ဒီႏွစ္ ၂၀၁၉ ခုႏွစ္မွာ စမတ္ဖုန္းအလုံးေရ သန္း ၃၀၀ အထိကို စံခ်ိန္တင္ေရာင္းခ်ရဖြယ္ရွိေနတာပါ။

Ref – Android Authority

Unicode

Huawei အတွက်တော့ ယခုနှစ် မေလကစတင်ပြီးတော့ US အစိုးရကနေ ပိတ်ပင်မှုတွေပြုလုပ်ခဲ့တဲ့အတွက် US ကုမ္ပဏီတွေဖြစ်တဲ့ Google ၊ Qualcomm အစရှိတဲ့ ကုမ္ပဏီတွေရဲ့ ပိတ်ပင်မှုကိုပါ ခံခဲ့ရတာဖြစ်ပါတယ်။ အခုနောက်ဆုံး Huawei ကနေ မိတ်ဆက်ထားတဲ့ Huawei Mate 30 Series စမတ်ဖုန်းတွေဆိုရင်လည်း Google Services နဲ့ App တွေ ပါဝင်ခြင်းမရှိတဲ့အတွက် တရုတ်နိုင်ငံပြင်ပမှာ ရောင်းချဖို့ ခက်ခဲနေပါတယ်။

ဒါပေမယ့်လည်း Huawei ကတော့ အခုလိုမျိုး ပိတ်ဆို့မှုတွေကြားမှာတင် မနှစ်ကထက်တောင် ပိုပြီး စမတ်ဖုန်းတွေရောင်းချနေရတဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Huawei Mobile ရဲ့ Official Twitter Account ကနေ ၂၀၁၉ အတွက် စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ ခန့် ရောင်းချပြီးသွားပြီးလို့ တင်ထားခဲ့တာကြောင့်ပါ။ ဒီလို ရောင်းချရတာကလည်း မနှစ်တုန်းကထက် ၆၄ ရက်တောင် ပိုစောပြီး ရောင်းချနိုင်တာဖြစ်ပါတယ်။

Huawei အတွက်တော့ အခုလိုမျိုး ပိတ်ခံထားရတဲ့ထဲက အခုလိုမျိုး ရောင်းအားကောင်းနေတာက ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပေမယ့် Huawei Mate 30 Series တွေမှာ Google Services နဲ့ App တွေထည့်သွင်းလို့မရတော့တဲ့နောက်ပိုင်း စမတ်ဖုန်းအသစ်တွေ မမိတ်ဆက်ထားသေးလို နောက်ပိုင်းမှာ Android OS ကို ဆက်သုံးဦးမှာလား၊ ကိုယ်ပိုင် Harmony OS ကို အသုံးပြုမှာလားဆိုတာကိုလည်း ရှင်းလင်းပြောကြားထားခြင်းမရှိသေးပါဘူး။ ဒ့ါအပြင် လက်ရှိ စျေးကွက် တတိယနေရာမှာရှိနေတဲ့ Apple ကနေ iPhone 11 Series ဖုန်းတွေ ရောင်းအားပိုတက်လာတဲ့အတွက် Huawei ကို ပြန်ကျော်တက်မယ်ဆိုပြီးလည်း ခန့်မှန်းချက်တွေထွက်ရှိနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ပိတ်ခံထားတဲ့ထဲကတောင်မှ ဒီလောက်ရောင်းအားပိုကောင်းလာတဲ့ Huawei အနေနဲ့ တကယ်လို့ US ရဲ့ ပိတ်ဆို့မှုတွေသာ မခံရခဲ့ရင် ဒီနှစ် ၂၀၁၉ ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ သန်း ၃၀၀ အထိကို စံချိန်တင်ရောင်းချရဖွယ်ရှိနေတာပါ။

Ref – Android Authority