[Zawgyi]

Huawei က Mate 20 Series အလံုးေရ ၁၇ သန္းနဲ႔ P30 Series အလံုးေရ သန္း ၂၀ ေရာင္းခ်ႏုိင္ခဲ့ၿပီလို႔ ထုတ္ၾကြားလိုက္ပါတယ္။ ဒီ ေရာင္းအားဟာ အရမ္းကို လန္းပါတယ္။ Huawei က တရုတ္မွာ က်င္းပတဲ့ 5G  Conference မွာ ေၾကညာလိုက္တာ ျဖစ္ပါတယ္။ စက္တင္ဘာလမွာ Mate 30 Series ကို ေၾကညာတုန္းကလည္း Huawei က Mate 20 Series အလံုးေရ ၁၆ သန္းနဲ႔ P30 Series အလံုးေရ ၁၇ သန္း ေရာင္းခ်ထားတယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီအတြက္ ၿပီးခဲ့တဲ့ ၁ လခြဲအတြင္းမွာ အလံုးေရ ၄ သန္းေတာင္ ေရာင္းခ်ႏုိင္ခဲ့တာျဖစ္ၿပီး P30 Series ခ်ည္းပဲ အလံုးေရ ၃ သန္း အေရာင္းသြက္ခဲ့ပါတယ္။

ဇူလိုင္လတုန္းက Huawei P30 နဲ႔ P30 pro တို႔ဟာ ၂၀၁၉ ခုႏွစ္အတြက္ Asia Mobile Awards ကို ရရွိခဲ့ပါတယ္။ အဲဒီဆုကို မီဒီယာမ်ား၊ ေစ်းကြက္ ကြ်မ္းက်င္သူမ်ားနဲ႔ နယ္ပယ္အသီးသီးမွ နာမည္ေက်ာ္ၾကားသူမ်ားက ေရြးခ်ယ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔က ဒီဇိုင္း၊ စြမ္းေဆာင္ရည္နဲ႔ အသံုးျပဳမႈမ်ား အေပၚ အေျခခံ တြက္ခ်က္ၿပီး အမွတ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

P30 Pro မွာ အေနာက္ကင္မရာ ေလးလံုး တပ္ဆင္ထားၿပီး 10x Hybrid Zoom Periscope နဲ႔ ထူးျခားဆန္းသစ္တဲ့ RYYB Sensor မ်ား ထည့္သြင္းထားပါတယ္။ သူဟာ Mobile Photography အပိုင္းမွာ အရမ္းကို ထူးျခား ဆန္းသစ္လာပါတယ္။ P30 Series မ်ားဟာ ေရာင္းအား အရမ္းကို ေကာင္းေနၿပီး စတင္ေရာင္းခ်ၿပီး ၃ လအတြင္းမွာ အလံုးေရ ၁၀ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

Huawei P30 Pro ဟာ European Hardware Awards ကို ရရွိခဲ့ပါတယ္။ SuperSpectrum and SuperZoom Camera နည္းပညာဟာ Tech Editors ေပါင္း ၁၀၀ ေက်ာ္ရဲ႕ ထူးျခားဆန္းသစ္မႈ အရွိဆံုး စမတ္ဖုန္း အျဖစ္ သံုးသပ္ျခင္း ခံထားရပါတယ္။

Huawei က SuperCharge ထုတ္ကုန္ေပါင္း သန္း ၁၀၀ ကိုလည္း ေရာင္းခ်ထားၿပီးၿပီလို႔ ေၾကညာထားပါတယ္။ အဲဒီအထဲမွာ စမတ္ဖုန္း၊ ပါ၀ါဘန္႔နဲ႔ အားသြင္းႀကိဳးေတြ ပါ၀င္ပါတယ္။ ေအာက္တိုဘာလမွာ ထြက္ခဲ့တဲ့ Huawei Watch GT ဟာ အလံုးေရ ၂ သန္းေက်ာ္ ေရာင္းခ်ထားႏုိင္ၿပီး လူႀကိဳက္အမ်ားဆံုး Huawei ရဲ႕ စမတ္နာရီလည္း ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Huawei Mate 20 နဲ့ P30 Series အလုံးပေါင်း ၃၇ သန်း ရောင်းချရ

Huawei က Mate 20 Series အလုံးရေ ၁၇ သန်းနဲ့ P30 Series အလုံးရေ သန်း ၂၀ ရောင်းချနိုင်ခဲ့ပြီလို့ ထုတ်ကြွားလိုက်ပါတယ်။ ဒီ ရောင်းအားဟာ အရမ်းကို လန်းပါတယ်။ Huawei က တရုတ်မှာ ကျင်းပတဲ့ 5G Conference မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာ Mate 30 Series ကို ကြေညာတုန်းကလည်း Huawei က Mate 20 Series အလုံးရေ ၁၆ သန်းနဲ့ P30 Series အလုံးရေ ၁၇ သန်း ရောင်းချထားတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအတွက် ပြီးခဲ့တဲ့ ၁ လခွဲအတွင်းမှာ အလုံးရေ ၄ သန်းတောင် ရောင်းချနိုင်ခဲ့တာဖြစ်ပြီး P30 Series ချည်းပဲ အလုံးရေ ၃ သန်း အရောင်းသွက်ခဲ့ပါတယ်။

ဇူလိုင်လတုန်းက Huawei P30 နဲ့ P30 pro တို့ဟာ ၂၀၁၉ ခုနှစ်အတွက် Asia Mobile Awards ကို ရရှိခဲ့ပါတယ်။ အဲဒီဆုကို မီဒီယာများ၊ ဈေးကွက် ကျွမ်းကျင်သူများနဲ့ နယ်ပယ်အသီးသီးမှ နာမည်ကျော်ကြားသူများက ရွေးချယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ အသုံးပြုမှုများ အပေါ် အခြေခံ တွက်ချက်ပြီး အမှတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

P30 Pro မှာ အနောက်ကင်မရာ လေးလုံး တပ်ဆင်ထားပြီး 10x Hybrid Zoom Periscope နဲ့ ထူးခြားဆန်းသစ်တဲ့ RYYB Sensor များ ထည့်သွင်းထားပါတယ်။ သူဟာ Mobile Photography အပိုင်းမှာ အရမ်းကို ထူးခြား ဆန်းသစ်လာပါတယ်။ P30 Series များဟာ ရောင်းအား အရမ်းကို ကောင်းနေပြီး စတင်ရောင်းချပြီး ၃ လအတွင်းမှာ အလုံးရေ ၁၀ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

Huawei P30 Pro ဟာ European Hardware Awards ကို ရရှိခဲ့ပါတယ်။ SuperSpectrum and SuperZoom Camera နည်းပညာဟာ Tech Editors ပေါင်း ၁၀၀ ကျော်ရဲ့ ထူးခြားဆန်းသစ်မှု အရှိဆုံး စမတ်ဖုန်း အဖြစ် သုံးသပ်ခြင်း ခံထားရပါတယ်။

Huawei က SuperCharge ထုတ်ကုန်ပေါင်း သန်း ၁၀၀ ကိုလည်း ရောင်းချထားပြီးပြီလို့ ကြေညာထားပါတယ်။ အဲဒီအထဲမှာ စမတ်ဖုန်း၊ ပါဝါဘန့်နဲ့ အားသွင်းကြိုးတွေ ပါဝင်ပါတယ်။ အောက်တိုဘာလမှာ ထွက်ခဲ့တဲ့ Huawei Watch GT ဟာ အလုံးရေ ၂ သန်းကျော် ရောင်းချထားနိုင်ပြီး လူကြိုက်အများဆုံး Huawei ရဲ့ စမတ်နာရီလည်း ဖြစ်ပါတယ်။

Ref : gsmarena