[Zawgyi]

မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့တဲ့ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားကို ၾကားဖူးခဲ့ေပမယ့္ ဒီတစ္ေခါက္ေတာ့ မွန္းခ်က္ထက္ ႏွမ္းထြက္က ပိုေကာင္းေနတဲ့ သတင္းကို ၾကားသိခဲ့ရပါၿပီ။

Huawei ဟာ ၂၀၁၈ခုႏွစ္အတြင္းမွာ ဖုန္းအလုံးေရ သန္းေပါင္း ၁၈၀ ကေန သန္းေပါင္း ၂၀၀ အထိ ေရာင္းခ်ႏိုင္လိမ့္မယ္လို႔ ခန္႔မွန္းခဲ့ဖူးပါတယ္။ အဆိုပါ အေၾကာင္းအရာကို ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ခန္႔မွန္းေျပာဆိုခဲ့တာ ျဖစ္ၿပီး Huawei အေနနဲ႔ သူတို႔ရဲ႕ ေမွ်ာ္မွန္းခ်က္ကို ဒီဇင္ဘာလ ၂၅ရက္ေန႔မွာ အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။

အခုေတာ့ ဒီဇင္ဘာလ ၂၅ရက္ေန႔ မတိုင္ခင္ ၁ရက္အလိုမွာ Huawei က ဖုန္းအလုံးေရ သန္းေပါင္း ၂၀၀ ေက်ာ္ ေရာင္းခ်ၿပီးသြားၿပီ ဆိုတဲ့အေၾကာင္းကို တရားဝင္ ထုတ္ျပန္ေၾကညာလာပါတယ္။ ဒါဟာ Huawei ရဲ႕ တစ္သက္တာမွာ ေရာင္းအား အေကာင္းဆုံးႏွစ္အျဖစ္ စံခ်ိန္တင္သြားတဲ့ ေရာင္းအားျဖစ္ပါတယ္။ Huawei ဖုန္းေတြကို ဥေရာပနဲ႔ တ႐ုတ္ႏိုင္ငံေတြမွာ အမ်ားဆုံးေရာင္းရတာ ျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၇၀ ေက်ာ္မွာ အသုံးျပဳသူ သန္းေပါင္း ၅၀၀ ေက်ာ္အထိ ရွိတယ္လို႔ သိရပါတယ္။ Huawei P20, Mate 20 Series နဲ႔ Honor 10 စမတ္ဖုန္းေတြရဲ႕ ေရာင္းအားက သာလြန္ေကာင္းမြန္ခဲ့တာေၾကာင့္ အခုလိုမ်ိဴး စံခ်ိန္တင္ေရာင္းအားကို ပိုင္ဆိုင္ႏိုင္တာ ျဖစ္ေၾကာင္း Huawei က CNET ကို ေျပာၾကားခဲ့ပါတယ္။

Huawei ရဲ႕ ၂၀၁၇ခုႏွစ္ ေရာင္းအားက ၁၅၃ သန္းသာ ရွိခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္မွာ ဖုန္းအလုံးေရ သန္းေပါင္း ၂၀၀ ေက်ာ္အထိ ေရာင္းခ်ႏိုင္ခဲ့တဲ့အတြက္ Huawei ရဲ႕ ေရာင္းအားက သိသိသာသာ တိုးတက္ေကာင္းမြန္လာတယ္လို႔ ေျပာရမွာပါ။ ဒါ့အျပင္ ၂၀၁၈ခုႏွစ္ Q2 (1 April – 30 June) တုန္းကလည္း Apple ကို ေက်ာ္လြန္ၿပီး ကမာၻ႔အႀကီးဆုံး စမတ္ဖုန္းကုမၸဏီအျဖစ္ ဒုတိယေနရာကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ လာမယ့္ ၂၀၁၉ခုႏွစ္ ႏွစ္ကုန္မွာလည္း ကမာၻ႔အႀကီးဆုံး စမတ္ဖုန္းကုမၸဏီႀကီးျဖစ္လာဖို႔ ႀကဳံးဝါးထားပါေသးတယ္။

Ref : cnet, phonearena

[Unicode]

၁နှစ်အတွင်း ဖုန်းအလုံးရေ သန်းပေါင်း ၂၀၀ အထိရောင်းချပြီး အပြောနဲ့အလုပ် သက်သေပြသွားတဲ့ Huawei

မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ အကြောင်းအရာ တော်တော်များများကို ကြားဖူးခဲ့ပေမယ့် ဒီတစ်ခေါက်တော့ မှန်းချက်ထက် နှမ်းထွက်က ပိုကောင်းနေတဲ့ သတင်းကို ကြားသိခဲ့ရပါပြီ။

Huawei ဟာ ၂၀၁၈ခုနှစ်အတွင်းမှာ ဖုန်းအလုံးရေ သန်းပေါင်း ၁၈၀ ကနေ သန်းပေါင်း ၂၀၀ အထိ ရောင်းချနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ဖူးပါတယ်။ အဆိုပါ အကြောင်းအရာကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ခန့်မှန်းပြောဆိုခဲ့တာ ဖြစ်ပြီး Huawei အနေနဲ့ သူတို့ရဲ့ မျှော်မှန်းချက်ကို ဒီဇင်ဘာလ ၂၅ရက်နေ့မှာ အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

အခုတော့ ဒီဇင်ဘာလ ၂၅ရက်နေ့ မတိုင်ခင် ၁ရက်အလိုမှာ Huawei က ဖုန်းအလုံးရေ သန်းပေါင်း ၂၀၀ ကျော် ရောင်းချပြီးသွားပြီ ဆိုတဲ့အကြောင်းကို တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။ ဒါဟာ Huawei ရဲ့ တစ်သက်တာမှာ ရောင်းအား အကောင်းဆုံးနှစ်အဖြစ် စံချိန်တင်သွားတဲ့ ရောင်းအားဖြစ်ပါတယ်။ Huawei ဖုန်းတွေကို ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာ အများဆုံးရောင်းရတာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၇၀ ကျော်မှာ အသုံးပြုသူ သန်းပေါင်း ၅၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ Huawei P20, Mate 20 Series နဲ့ Honor 10 စမတ်ဖုန်းတွေရဲ့ ရောင်းအားက သာလွန်ကောင်းမွန်ခဲ့တာကြောင့် အခုလိုမျိူး စံချိန်တင်ရောင်းအားကို ပိုင်ဆိုင်နိုင်တာ ဖြစ်ကြောင်း Huawei က CNET ကို ပြောကြားခဲ့ပါတယ်။

Huawei ရဲ့ ၂၀၁၇ခုနှစ် ရောင်းအားက ၁၅၃ သန်းသာ ရှိခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ ဖုန်းအလုံးရေ သန်းပေါင်း ၂၀၀ ကျော်အထိ ရောင်းချနိုင်ခဲ့တဲ့အတွက် Huawei ရဲ့ ရောင်းအားက သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် ၂၀၁၈ခုနှစ် Q2 (1 April – 30 June) တုန်းကလည်း Apple ကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ဒုတိယနေရာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ၂၀၁၉ခုနှစ် နှစ်ကုန်မှာလည်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်လာဖို့ ကြုံးဝါးထားပါသေးတယ်။

Ref : cnet, phonearena