လာအိုအစိုးရနှင့် Yunnan ဆောက်လုပ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု Holding Group တို့ ပူးပေါင်းဆောင်ရွက်နေသည့် လာအို-တရုတ် အမြန်လမ်းမကြီး၏ ပထမဆုံးအပိုင်း ဖြစ်သည့် ဗီယန်ကျင်းမှ ဗန်ဗီယန်း ဖြတ်ပိုင်း (ဗီယန်ကျင်း -ဗန်ဗီယန်း အဝေးပြေးလမ်း)ကို ဒီဇင်ဘာ ၂၀က တရားဝင် ဖွင့်လှစ်ခဲ့သည်။ ဗီယန်ကျင်း-ဗန်ဗီယန်းအမြန်လမ်းသည် လာအိုနိုင်ငံ၏ ပထမဆုံး စမတ်အမြန်လမ်းလည်းဖြစ်သည်။

ယင်းစီမံကိန်း ပြီးမြောက်ခြင်းက လာအိုနိုင်ငံတွင် အမြန်လမ်းမရှိခြင်းဟူသည့် သမိုင်းကို အဆုံးသတ်မည် ဖြစ်သည်။ ဗီယန်ကျင်းမှ ဗန်ဗီယန်းသို့ သွားရာတွင် တစ်နာရီခန့်သာ ကြာမည်ဖြစ်ရာ အချိန် နှစ်နာရီခွဲ သက်သာစေပြီး ဒေသအရင်းအမြစ်များ ထိရောက်စွာ ဖွံ့ဖြိုးရေး၊ လမ်းကြောင်းတလျှောက် လာအိုပြည်သူတို့၏ လူမှုဘဝမြင့်မားရေး၊ လူမှုစီးပွား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း တို့ကိုလည်း ပိုမိုကောင်းမွန်လာစေမည် ဖြစ်သည်။

ဗီယန်ကျင်း – ဗန်ဗီအန်း အမြန်လမ်း

Huawei က ကမ္ဘာတွင် ဦးဆောင်လျက်ရှိသည့် ဆက်သွယ်ရေးနည်းပညာ၊ cloud computing ၊ Internet of Things (IoT)၊ လုံခြုံရေးစီမံခန့်ခွဲမှုစနစ် နည်းပညာများကို အခြေခံကာ မိတ်ဖက် ဤအမြန်လမ်းအတွက် လုံခြုံ၊ တည်ငြိမ်ပြီး အသိဉာဏ်မြင့်သော ICT ပလက်ဖောင်းကို Yunnan Huayuan လျှပ်စစ် ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းပြီး တည်ဆောက်ခဲ့သည်။ လမ်းကြောင်းတလျှောက် တပ်ဆင်ထားသော Huawei ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ထုတ်လွှင့်ရေး ကိရိယာများဖြင့် ဒီဂျစ်တယ် ရှုုမြင်မှု၊ ချိတ်ဆက်မှုနှင့် ထုတ်လွှင့်မှုများ နှင့် big data နှင့် တခြားနည်းပညာသုံးစနစ်များကိုတည်ဆောက်ကာ အချိန်နှင့်တစ်သားတည်း အသိဉာဏ်မြင့် စောင့်ကြည့်ခြင်း၊ အသိဉာဏ်မြင့် အားသွင်းခြင်း၊ အရေးပေါ်တုန့်ပြန်ခြင်းနှင့် ဆုံးဖြတ်ချက်ကိုချခြင်းစသည့်စနစ်များကို အကောင်အထည်ဖော်ခဲ့သည်။

၂၀၂၁ တွင် လာအိုနိုင်ငံတွင် ဆောက်လုပ်မည့် 5G ကွန်ရက်ကို ယခုစမတ်အမြန်လမ်းနှင့် ပေါင်းစပ်မည်ဖြစ်သည်။ 5G+AI နည်းပညာ၏ အနာဂတ်က အမြန်လမ်း၏ အသိဉာဏ်မြင့် အနေအထားကို ထပ်မံမြှင့်တင်ပြီး လာအိုနိုင်ငံတွင်း အခြေခံအဆောက်အအုံ အဆင့်မြင့်မားရေးအတွက်လည်း ကူညီပေးမည် ဖြစ်သည်။

ဗီယန်ကျင်း – ဗန်ဗီယန်း အမြန်လမ်း စက်ကိရိယာခန်းအတွင်း နည်းပညာ အထောက်အပံ့ပေးနေသည့် Huawei ဝန်ထမ်းများ

ဗီယန်ကျင်း- ဗန်ဗီယန်း အမြန်လမ်း၏ စမှတ်က လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းတွင် ဖြစ်ပြီး အဆုံးမှတ်က လာအိုနိုင်ငံရှိ ခရီးသွားလုပ်ငန်းအတွက် အကျော်ကြားဆုံးမြို့တစ်ခုဖြစ်သည့် ဗန်ဗီယန်းတွင် ဖြစ်သည်။ ဤအမြန်လမ်းကို ဖွင့်လှစ်ခြင်းက ပြည်တွင်း ပို့ဆောင်ဆက်သွယ်ရေး အခြေအနေနှင့် စွမ်းဆောင်နိုင်မှုများကို တိုးတက်လာစေကာ ခရီးလမ်းတလျှောက် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးပြီး ဒေသခံပြည်သူများကိုလည်း ထိရောက်စွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

ဗီယန်ကျင်းရှိ Tmark အပန်းဖြေစခန်းမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် Phokham က သဘောကျနှစ်သက်မှုကို ယခုလို ဖော်ပြခဲ့သည် “ ဒီအချိန်မှာ ဟိုတယ် booking လုပ်တာတွေလည်း သိသိသာသာ များပြားလာပါတယ်။ အဆင့်မြင့်နည်းပညာ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာပညာ၊ ခေတ်သစ်အယူအဆတွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို ပေါင်းစပ်ထားပြီး လုံခြုံစွာ မောင်းနှင်လို့ရအောင် လုပ်ထားတဲ့ ဗီယန်ကျင်း၊ ဗန်ဗီယန်း အမြန်လမ်းနဲ့ ပတ်သက်ပြီးတော့လည်း ခရီးသည်တွေက သွားလာလည်ပတ်ရတာ သဘောကျတယ်လို့ ဆိုကြပါတယ်။ ဒီအမြန်လမ်းဖွင့်ပြီးချိန်မှာ ခရီးသွားလာရေးနဲ့ စီးပွားရေးတွေလည်း မြင့်တက်လာပြီး ကျွန်မရဲ့ ဝင်ငွေလည်း လိုက်လျောညီထွေစွာ မြင့်တက်လာမယ်လို့ ယုံကြည်ပါတယ် “

Phokham၊ Tmark အပန်းဖြေစခန်းမှ ဝန်ထမ်း

ဗီယန်ကျင်းတွင် အလုပ်လုပ်သည့် Nanthavath က မိသားစုနှင့် အတူ ဇာတိမြို့သို့ ကားမောင်းလာခဲ့သဖြင့် မြို့ရှိ ပထမဦးဆုံး အမြန်လမ်း၏ ဖွင့်လှစ်မှုကို ကြုံတွေ့ခဲ့စားခဲ့ရသည်။ “အရင်လမ်းထက်က အမြန်လမ်းက ပိုကျယ်၊ ပိုမြန်ပြီး ပိုလုံခြုံပါတယ်။ အရင်ကဆိုရင် ဗီယန်ကျင်း ဗန်ဗီယန်း အသွားအပြန်ဟာ တနေကုန်ကြာပါတယ်။ အခုဆို ဗန်ဗီယန်းကို လာဖို့ တစ်နာရီကျော်လေးပဲ ကြာပါတယ်။ ETC ကို အသုံးပြုတဲ့အတွက် အမြန်နဲ့ စနစ်တကျ မောင်းနင်မှုတွေ ရမှာ ဖြစ်ပြီး ICT နည်းပညာတွေက လမ်းကြောကို ပို သက်တောင့်သက်သာဖြစ်အောင်၊ ပို စမတ်ကျအောင် ကူညီပေးမှာပါ “ ဟု ယင်းက ဆိုသည်။

လမ်းပန်းဆက်သွယ်ရေးနှင့် အခြား ကဏ္ဍများတွင် လူအများ၏ ဘဝအတွက် ပိုမိုလုံခြုံသော စနစ်နှင့် သက်တောင့် သက်သာရှိမှုကို ပေးနေသည့် ICT နည်းပညာများက ပိုမို အရေးပါလာသည်။ ယင်းနည်းပညာများက လူမှုဘဝဖွံ့ဖြိုးရေးအတွက် ကြီးမားသည့် လှုံ့ဆော်မှုကိုလည်း ပေးသည်ဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့် အပြည့်အဝချိတ်ဆက်ထားပြီး အသိဉာဏ်မြင့်မားသော လူနေမှုကို မျှော်မှန်းလျက် ရှိပါသည်။

Source – HUAWEI