Huawei က Smart Latex Pillow ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ ခေါင်းအုံးက အိပ်နေတဲ့အချိန်မှာ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတွေလို ဒေတာတွေကို တွက်ချက်ပေးနိုင်ပြီး ၄၄၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၉၂,၀၀၀ လောက်ရှိတဲ့အတွက် ဈေးက မသေးပါဘူး။ ခန္တာကိုယ် အရွယ်အစား မျိုးစုံရှိတဲ့ လူတွေအတွက် ခေါင်းအုံး အနိမ့်၊ အမြင့်ကို ချိန်ညှိနိုင်ပါတယ်။

ဇက်နဲ့ ပုခုံးတွေ သက်တောင့်သက်သာ ရှိအောင် ဒီဇိုင်းထုတ်ထားပြီး လေဝင်လေထွက်ကောင်းအောင် အပေါက်တွေ ထည့်သွင်းထားပါတယ်။ ဒီလို ပြုလုပ်ပေးထားတဲ့အတွက် အိပ်စက်ရတာ ပိုအဆင်ပြေပါတယ်။ မှိုတွေ မကပ်ညိစေတဲ့ စံနှုန်းကို အသုံးပြုထားပြီး ဘေးဘက်စောင်းအိပ်ရင်လည်း နားရွက်တွေအပေါ် ဖိအား မများအောင် ကူညီပေးနိုင်ပါတယ်။

ခေါင်းအုံးမှာ အရမ်းပါးလွှာတဲ့ ဆန်ဆာတွေ ထည့်သွင်းထားပြီး အိပ်စက်မှု Circle ၊ လှည့်တဲ့ အကြိမ်အရေအတွက်၊ အိပ်ယာထတဲ့ အကြိမ် အရေအတွက် ၊ အိပ်စက်မှု အခြေအနေ၊ အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတွေလို အိပ်စက်မှု ဒေတာတွေကို တွက်ချက်တိုင်းတာပေးနိုင်ပါတယ်။

Huawei Smart Life App မှာ အဲဒီ အိပ်စက်မှု ဒေတာတွေကို သိမ်းဆည်းပေးနိုင်ပြီး နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စသဖြင့် ပြန်လည်လေ့လာနိုင်ပါတယ်။ သင် ကောင်းကောင်း အိပ်စက်နိုင်အောင် ကူညီပေးနိုင်တဲ့အတွက် ကျန်းမာရေး အတွက် အထူး သင့်တော်ပြီး Huawei Mall ကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gizmochina