Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မေလတုန်းက စတင်ပြီး Google အပါအဝင် US အစိုးရရဲ့ပိတ်ဆို့မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Android ကို အစားထိုးနိုင်မယ့် ကိုယ်ပိုင် HarmonyOS ကို ထုတ်ပြခဲ့ပေမယ့် အခုအချိန်အထိတော့ အဆိုပါ HarmonyOS ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေမရှိသေးပါဘူး။

ဒါပေမယ့်လည်း Huawei ကနေ HarmonyOS ကို အခြေခံထားတဲ့ စမတ်ဖုန်းကို မိတ်ဆက်ဖို့လက်မလျော့သေးဘဲ မကြာခင်မှာ တရားဝင် မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်လဲဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးဘဲ ဖြစ်နိုင်ခြေများနေတာကတော့ Huawei Mate 40 Series ဖုန်းတွေမိတ်ဆက်ပြီးမှပဲ ဖြစ်လာနိုင်ပါတယ်။

ဒီလိုမျိုး HarmonyOS အသုံးပြုထားတဲ့ စမတ်ဖုန်းကို မမိတ်ဆက်နိုင်သေးတာက အဓိကအနေနဲ့ Google ရဲ့ Android Ecosystem နဲ့ ကောင်းကောင်းယှဥ်ပြိုင်နိုင်ခြင်းမရှိသေးတာကြောင့်လို့ ယူဆရပါတယ်။ လောလောဆယ်မှာ Huawei အနေနဲ့ App Gallery လိုမျိုး Application တွေ Download ရယူနိုင်တဲ့ ကိုယ်ပိုင် App Store ရှိနေပြီဆိုပေမယ့် AR ပိုင်းတွေနဲ့ တခြားသော Service ပိုင်းတွေမှာတော့ အခုမှစတင်ဆောင်ရွက်နေရတုန်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Huawei Mobile Service (HMS) ဟာ တိုးတက်မှုအမြန်ဆန်ဆုံးသော Ecosystem တစ်ခုဖြစ်လာတယ်ဆိုတာကတော့ လက်ခံရမှာပါ။ Huawei ကိုယ်တိုင်ကလည်း Android နဲ့ iOS Ecosystem တွေပြီးရင် HMS က လက်ရှိအကောင်းဆုံး Ecosystem တစ်ခုဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် HarmonyOS ဟာ Micro Kernel OS တစ်ခုဖြစ်တဲ့အတွက် လက်ရှိ Android App တွေကိုပါ အလွယ်တကူအသုံးပြုနိုင်ဖို့ရှိနေပါတယ်။ အဲ့ဒီအတွက် HarmonyOS အသုံးပြုထားတဲ့ စမတ်ဖုန်းထွက်ရှိလာရင်လည်း Application ပိုင်းမှာတော့ အဆင်ပြေမှာဖြစ်ပါတယ်။

Ref – Giz China