Unicode

5G ဈေးကွက်ပီပြင်စွာ စတင်ဖြစ်ထွန်းလာတဲ့ ၂၀၁၉ ခုနှစ်မှာ အင်အားကြီးထုတ်လုပ်သူနှစ်ဦးဖြစ်တဲ့ Samsung နဲ့ Huawei တို့ဟာ ဈေးကွက်ရဲ့ ထိပ်ဆုံးနေရာကို ရရှိဖို့ ပြိုင်ဆိုင်ခဲ့ကြပြန်ပါတယ်။ အခုလ အစောပိုင်းမှာ Samsung မှ ၂၀၁၉ ခုနှစ်အတွင်း မျိုးဆက်သစ်နက်ဝပ်ချိတ်ဆက်နိုင်တဲ့ ဖုန်းပေါင်း ၆.၇ သန်းထိ တင်ပို့နိုင်ခဲ့တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ယနေ့မှာတော့ အဓိကပြိုင်ဘက် Huawei က Samsung ရဲ့စံချိန်ကိုကျော်လွန်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ 5G ဟန်းဆက်ပေါင်း ၆.၉ သန်းထိ ဈေးကွက်ထဲ အရောက်ပို့နိုင်ခဲ့ကြောင်း ပြန်လည် ထုတ်ပြန်လာခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Huawei ဟာ သူ့ရဲ့အမှတ်တံဆိပ်အောက်ကနေ ရောင်းချနေတဲ့ 5G ဖုန်းခြောက်မျိုးရှိပြီး Mate 20 X 5G, Mate 30 5G, Mate 30 Pro 5G, Mate 30 RS Porsche Design, Nova 6 5G နဲ့ Foldable စမတ်ဖုန်း Mate X တို့ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အမှတ်တံဆိပ်ခွဲ Honor ရဲ့အောက်က V30 နဲ့ V30 Pro တို့ဟာ 5G အသုံးပြုနိုင်တဲ့ ဖုန်းတွေပါ။

တောင်ကိုရီးယားအခြေစိုက် Samsung မှ အမေရိကန် အပါအဝင် ကမ္ဘာ့ဈေးကွက်ကိုဖြန့်ချိဖို့ ကြိုးစားခဲ့ပြီး Huawei ရဲ့ ၂၀၁၉ ရောင်းချမှုအများစုကတော့ တရုတ်ပြည်တွင်းကနေ လာပါတယ်။ အခြားဈေးကွက်တွေကိုလည်း တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေက ထိုးဖောက်ဖို့ ကြိုးစားပေမယ့် တရုတ်ပြည်တွင်းမှာ 5G တောင်းဆိုမှုများပြားခဲ့တာကြောင့်လည်း အခုလို ရလဒ်ထွက်ပေါ်ခဲ့တာပါ။

Ref – GSM Arena

Zawgyi

5G ေစ်းကြက္ပီျပင္စြာ စတင္ျဖစ္ထြန္းလာတဲ့ ၂၀၁၉ ခုႏွစ္မွာ အင္အားႀကီးထုတ္လုပ္သူႏွစ္ဦးျဖစ္တဲ့ Samsung နဲ႔ Huawei တုိ႔ဟာ ေစ်းကြက္ရဲ႕ ထိပ္ဆုံးေနရာကို ရရွိဖို႔ ၿပိဳင္ဆုိင္ခဲ့ၾကျပန္ပါတယ္။ အခုလ အေစာပုိင္းမွာ Samsung မွ ၂၀၁၉ ခုႏွစ္အတြင္း မ်ဳိးဆက္သစ္နက္ဝပ္ခ်ိတ္ဆက္ႏုိင္တဲ့ ဖုန္းေပါင္း ၆.၇ သန္းထိ တင္ပို႔ႏုိင္ခဲ့တယ္လို႔ အစီရင္ခံစာ ထုတ္ျပန္ခဲ့ပါတယ္။

ယေန႔မွာေတာ့ အဓိကၿပိဳင္ဘက္ Huawei က Samsung ရဲ႕စံခ်ိန္ကိုေက်ာ္လြန္ၿပီး ၂၀၁၉ ခုႏွစ္အတြင္းမွာ 5G ဟန္းဆက္ေပါင္း ၆.၉ သန္းထိ ေစ်းကြက္ထဲ အေရာက္ပို႔ႏုိင္ခဲ့ေၾကာင္း ျပန္လည္ ထုတ္ျပန္လာခဲ့တာပဲ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Huawei ဟာ သူ႕ရဲ႕အမွတ္တံဆိပ္ေအာက္ကေန ေရာင္းခ်ေနတဲ့ 5G ဖုန္းေျခာက္မ်ဳိးရွိၿပီး Mate 20 X 5G, Mate 30 5G, Mate 30 Pro 5G, Mate 30 RS Porsche Design, Nova 6 5G နဲ႔ Foldable စမတ္ဖုန္း Mate X တုိ႔ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႕အမွတ္တံဆိပ္ခြဲ Honor ရဲ႕ေအာက္က V30 နဲ႔ V30 Pro တုိ႔ဟာ 5G အသုံးျပဳႏုိင္တဲ့ ဖုန္းေတြပါ။

ေတာင္ကိုရီးယားအေျခစိုက္ Samsung မွ အေမရိကန္ အပါအဝင္ ကမာၻ႕ေစ်းကြက္ကိုျဖန္႔ခ်ိဖို႔ ႀကိဳးစားခဲ့ၿပီး Huawei ရဲ႕ ၂၀၁၉ ေရာင္းခ်မႈအမ်ားစုကေတာ့ တရုတ္ျပည္တြင္းကေန လာပါတယ္။ အျခားေစ်းကြက္ေတြကိုလည္း တရုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြက ထုိးေဖာက္ဖို႔ ႀကိဳးစားေပမယ့္ တရုတ္ျပည္တြင္းမွာ 5G ေတာင္းဆုိမႈမ်ားျပားခဲ့တာေၾကာင့္လည္း အခုလို ရလဒ္ထြက္ေပၚခဲ့တာပါ။

Ref – GSM Arena