Huawei ဟာ အခုအချိန်မှာ 4G စမတ်ဖုန်းတွေအပေါ် ပြန်ပြီးအာရုံစိုက်လာပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီကြီးဟာ 4G ဟန်းဆက်ထုတ်လုပ်မှုကို ပြန်လည်စတင်ဖို့ စီစဉ်နေပြီး ဒီအတွက် ဆက်စပ်ပစ္စည်းပေးသွင်းသူတွေကိုလည်း အမှာစာတွေစတင်ပို့ဆောင်နေပြီလို့ သတင်းထွက်ပေါ်လာတာကြောင့် ဖြစ်ပါတယ်။

ဒီသတင်းကို တရုတ်နည်းပညာကုမ္ပဏီကြီးက ဖော်ပြခဲ့တာဖြစ်ကြောင်း Yicai ရဲ့ သတင်းမှာရေးသားထားပါတယ်။ လက်ရှိအချိန်မှာ Huawei ဟာ 4G စမတ်ဖုန်းအတွက် အစိတ်အပိုင်းတွေကို သိုလှောင်ထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အနည်းငယ်ကိုသာ အသုတ်လိုက်ခွဲမှာနေတာဖြစ်တဲ့အတွက် အမှာစာအတိအကျကို ခန့်မှန်းတွက်ချက်ဖို့ နည်းလမ်းမရှိသေးတာလည်း တွေ့ရပါတယ်။

ဈေးကွက်အမှာစာတင်ပို့မှုအရှိန်အဟုန်အရ ပထမဦးဆုံးအပြီးသတ်စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာဈေးကွက်ထဲကိုရောက်ရှိမယ်လို့မျှော်လင့်ရပြီး အစောဆုံးကတော့ လာမယ့်နှစ်ပထမသုံးလပတ်ထဲမှာပဲ ဖြစ်ပါလိမ့်မယ်။ Huawei ရဲ့ ထောက်ပံ့ရေးကွင်းဆက်ထဲက အစိတ်အပိုင်းထုတ်လုပ်တဲ့ကုမ္ပဏီအချို့အနေနဲ့ ဒီလထဲမှာ Motherboard နဲ့ အခြားအစိတ်အပိုင်းတွေကို ဝယ်ယူမယ့်အမှာစာလက်ခံရရှိမယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Qualcomm ဟာ Huawei နဲ့အလုပ်ပြန်လုပ်ဖို့ ခွင့်ပြုချက်ရထားပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာနဲ့ ဆက်စပ်လိုက်ရင်တော့ အခုအခြေအနေက အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် Chipmaker ကြီးဟာ Huawei ကို 5G SoC တွေရောင်းမှာမဟုတ်ဘဲ 4G chip တွေကိုပဲ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Qualcomm နဲ့ ပတ်သက်တဲ့သတင်းအပေါ် Huawei ဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။

Ref: Gizmochina