Huawei ရဲ့ နောက်မျိုးဆက် FreeBuds Pro 2 ကို ဒီလထဲ ကြေညာတော့မယ်လို့ သတင်းတွေထွက်နေပြီး အခုတော့ ကုမ္ပဏီက အဲဒီ စွမ်းရည်မြင့် TWS နားကြပ်ကို လာမယ့် ၃ ရက်အတွင်း မိတ်ဆက်တော့မယ်လို့ ဒီလ ၂၀ ရက်နေ့က တရားဝင် အတည်ပြုလိုက်ပါတယ်။

Huawei မျှဝေထားတဲ့ Teaser မှာ “coming soon” နဲ့အတူ “3” ဂဏန်းကို မြင်ရတဲ့အတွက် ၃ ရက်အတွင်း ကြေညာမယ်လို့ ဘာသာပြန်လိုက်တာပါ။ ဓါတ်ပုံက အနက်ရောင် အစိတ်အပိုင်းဟာ နားကြပ်မှာ Noise Cancellation အတွက် အသုံးပြုတဲ့ မိုက်ကရိုဖုန်း ၃ လုံးထဲက ၁ လုံး ဖြစ်နိုင်ပါတယ်။

WinFuture က FreeBuds Pro 2 မှာ အရင်မျိုးဆက်ရဲ့ 40dB ထက် အသံဆူညံမှု ပိုလျှော့ချပေးနိုင်တဲ့ 47dB ပါလာမယ်လို့ ပြောပါတယ်။ ဒါ့အပြင် Dual Driver ဒီဇိုင်း အသစ်နဲ့ ပြင်သစ် ကုမ္ပဏီ Devialet က Tune လုပ်ပေးထားတာကြောင့် အသံအရည်အသွေး ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Hi-Res Audio စံနှုန်း ပါလာမှာ ဖြစ်ပြီး Companion App မှာ “Triple Adaptive Equalizer” ထည့်သွင်းထားမှာပါ။ အရင်မျိုးဆက်ထက် ပိုကောင်းလာတဲ့ နောက်ထပ် လုပ်ဆောင်ချက်က IP54 ရေစိုခံစံနှုန်း ဖြစ်ပါတယ်။ Huawei မျှဝေထားတဲ့ ဓါတ်ပုံက နားကြပ်အရောင်ဟာ Blue Silver ဖြစ်ပြီး အရင်မျိုးဆက်မှာ အဲဒီ အရောင် မပါလာပါဘူး။

အခု Tweet ကို Huawei Global Twitter အကောင့်ကနေ မျှဝေထားတဲ့အတွက် အဲဒီ နားကြပ်ကို တရုတ် ပြင်ပမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းအရ FreeBuds Pro 2 ကို ဥရောပမှာ ယူရို ၂၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၃၉၀,၀၀၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref : gsmarena