Zawgyi

Huawei ကုမၸဏီဟာ ဇြန္လ ၂၁ ရက္ေန႔မွာ Nova စီးရီးအသစ္ကို မိတ္ဆက္ဖို႔ ျပင္ဆင္ထားၿပီး Huawei Nova 5, Nova 5 Pro နဲ႔ Nova 5i စမတ္ဖုန္းအသစ္ေတြကို ျမင္ရမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

စမတ္ဖုန္းအသစ္ေတြအျပင္ တရုတ္နည္းပညာကုမၸဏီႀကီးဟာ 7nm တည္ေဆာက္ပုံနဲ႔ Kirin ခ်စ္ပ္ဆက္ အသစ္ကိုလည္း ထုတ္ျပလာဖို႔ အတည္ျပဳထားၿပီး တကယ္မိတ္ဆက္ၿပီးတာနဲ႔ Huawei ဟာ 7nm ခ်စ္ပ္ဆက္ ႏွစ္ခုကို ထုတ္လုပ္ထားႏုိင္တဲ့ ပထမဆုံးစမတ္ဖုန္းကုမၸဏီလည္း ျဖစ္လာမွာပါ။

တရုတ္နည္းပညာကုမၸဏီႀကီးဟာ အသစ္ထြက္လာမယ့္ Kirin 810 ခ်စ္ပ္ဆက္ရဲ႕ Teaser ပိုစတာကို ထုတ္ျပလာခဲ့ပါတယ္။ သူတုိ႔ရဲ႕ပိုစတာမွာ “အနာဂါတ္ဆီသို႔ ေသာ့” လို႔ေဖာ္ျပထားၿပီး ဇြန္လ ၂၁ ရက္ေန႔  ဒီေန႔ မိတ္ဆက္မွာကိုလည္း ထပ္မံအတည္ျပဳထားခဲ့တယ္။

Huawei အေနနဲ႔ ခ်စ္ပ္ဆက္အသစ္ကို တရားဝင္မေၾကညာရေသးေပမယ့္ သူ႕ရဲ႕ထုတ္လုပ္မႈပုံစံေၾကာင့္ ဒါဟာ Kirin 810 နာမည္ကို ခံယူလာမယ္လို႔ ယူဆထားၾကၿပီး ဒါဟာ HiSilicon Kirin 800 စီးရီးရဲ႕ ပထမဆုံး ခ်စ္ပ္ဆက္ျဖစ္လာမွာပါ။ သူနဲ႔ပတ္သက္တဲ့ အျခားအခ်က္အလက္ေတြေတာ့ မသိရေသးပါဘူး။

လက္ရွိတြင္က်ယ္စြာသုံးစြဲေနတဲ့ Kirin 710 ခ်စ္ပ္ဆက္ေတြရဲ႕ ေနရာကို ဆက္ခံလာမယ့္ မ်ဳိးဆက္သစ္ ျဖစ္လာႏုိင္ၿပီး CPU Core ၈ ခုနဲ႔ အဆင့္ျမွင့္တင္ထားတဲ့ GPU တစ္ခုတုိ႔ပါဝင္မယ့္ Kirin 810 ခ်စ္ပ္ဆက္ဟာ မၾကာေသးခင္က Qualcomm မိတ္ဆက္လာတဲ့ Snapdragon 730 နဲ႔ SD730G တုိ႔နဲ႔ တုိက္ရုိက္ယွဥ္ၿပဳိင္ရႏုိင္ပါတယ္။

အခုခ်ိန္မွာေတာ့ အေသးစိတ္အခ်က္အလက္ေတြ မသိရေသးဘဲ က်င္းပလာမယ့္ မိတ္ဆက္ပြဲကိုေစာင့္ၾကည့္ရမွာပါ။ Huawei ဟာ ခ်စ္ပ္ဆက္အသစ္နဲ႔ Nova 5 ဖုန္းသစ္ေတြအျပင္ MediaPad M6 တက္ဘလက္ကိုလည္း မိတ္ဆက္လာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref – Gizmo China

Unicode

Huawei ကုမ္ပဏီဟာ ဇွန်လ ၂၁ ရက်နေ့မှာ Nova စီးရီးအသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်ထားပြီး Huawei Nova 5, Nova 5 Pro နဲ့ Nova 5i စမတ်ဖုန်းအသစ်တွေကို မြင်ရမယ်လို့ မျှော်လင့်ထားကြပါတယ်။

စမတ်ဖုန်းအသစ်တွေအပြင် တရုတ်နည်းပညာကုမ္ပဏီကြီးဟာ 7nm တည်ဆောက်ပုံနဲ့ Kirin ချစ်ပ်ဆက် အသစ်ကိုလည်း ထုတ်ပြလာဖို့ အတည်ပြုထားပြီး တကယ်မိတ်ဆက်ပြီးတာနဲ့ Huawei ဟာ 7nm ချစ်ပ်ဆက် နှစ်ခုကို ထုတ်လုပ်ထားနိုင်တဲ့ ပထမဆုံးစမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်လာမှာပါ။

ဇွန် ၂၁ ရက်နေ့ မိတ်ဆက်ပွဲမတိုင်ခင် တစ်ရက်အလိုမှာတော့ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ အသစ်ထွက်လာမယ့် Kirin 810 ချစ်ပ်ဆက်ရဲ့ Teaser ပိုစတာကို ထုတ်ပြလာခဲ့ပါတယ်။ သူတို့ရဲ့ပိုစတာမှာ “အနာဂါတ်ဆီသို့ သော့” လို့ဖော်ပြထားပြီး ဇွန်လ ၂၁ ရက်နေ့မှာ မိတ်ဆက်မှာကိုလည်း ထပ်မံအတည်ပြုထားခဲ့တယ်။

Huawei အနေနဲ့ ချစ်ပ်ဆက်အသစ်ကို တရားဝင်မကြေငြာရသေးပေမယ့် သူ့ရဲ့ထုတ်လုပ်မှုပုံစံကြောင့် ဒါဟာ Kirin 810 နာမည်ကို ခံယူလာမယ်လို့ ယူဆထားကြပြီး ဒါဟာ HiSilicon Kirin 800 စီးရီးရဲ့ ပထမဆုံး ချစ်ပ်ဆက်ဖြစ်လာမှာပါ။ သူနဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေတော့ မသိရသေးပါဘူး။

လက်ရှိတွင်ကျယ်စွာသုံးစွဲနေတဲ့ Kirin 710 ချစ်ပ်ဆက်တွေရဲ့ နေရာကို ဆက်ခံလာမယ့် မျိုးဆက်သစ် ဖြစ်လာနိုင်ပြီး CPU Core ၈ ခုနဲ့ အဆင့်မြှင့်တင်ထားတဲ့ GPU တစ်ခုတို့ပါဝင်မယ့် Kirin 810 ချစ်ပ်ဆက်ဟာ မကြာသေးခင်က Qualcomm မိတ်ဆက်လာတဲ့ Snapdragon 730 နဲ့ SD730G တို့နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရနိုင်ပါတယ်။

အခုချိန်မှာတော့ အသေးစိတ်အချက်အလက်တွေ မသိရသေးဘဲ ၂၁ ရက်နေ့မှာ ကျင်းပလာမယ့် မိတ်ဆက်ပွဲကိုစောင့်ကြည့်ရမှာပါ။ Huawei ဟာ ချစ်ပ်ဆက်အသစ်နဲ့ Nova 5 ဖုန်းသစ်တွေအပြင် MediaPad M6 တက်ဘလက်ကိုလည်း မိတ်ဆက်လာမယ်လို့ သတင်းထွက်နေပါတယ်။

Ref – Gizmo China