[Zawgyi]

Huawei ဟာ သူတုိ႔ရဲ႕တရားဝင္ Weibo အေကာင့္မွာ ဖုန္းအသစ္တစ္လုံးရဲ႕ အေပၚပုိင္းမ်က္ႏွာျပင္နဲ႔ ကင္မရာတုိ႔ကို Tease လုပ္လာခဲ့ၿပီး အဆုိပါဖုန္းကေတာ့ Mid-Range တန္းဝင္ဖုန္းတစ္လုံးျဖစ္တဲ့ Nova 4e ပါပဲ။ ဒီနာမည္ကို တရုတ္ျပည္တြင္းမွာသာ အသုံးျပဳမွာျဖစ္ၿပီး ႏုိင္ငံတကာေစ်းကြက္မွာေတာ့ P30 Lite လို႔ သိထားၾကတဲ့ ဖုန္းပဲျဖစ္ပါတယ္။

စကၠန္႔အနည္းငယ္သာပါတဲ့ Teaser ဗီဒီယုိေလးထဲမွာ အင္မတန္ေသးတဲ့ Waterdrop Notch ေလးနဲ႔ 32MP ဆယ္ဖီကင္မရာငယ္တုိ႔ကို လွလွပပပဲ ျပသြားခဲ့တာကို ျမင္ရမွာပါ။ ဒါအကုန္ပဲလို႔ ေျပာရမွာျဖစ္ေပမယ့္ ကံေကာင္းစြာနဲ႔ ယခင္ Leak ေတြမွာ P30 Lite တျဖစ္လဲ Nova 4e ရဲ႕အခ်က္အလက္ေတြကို ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။

TENAA စာရင္းထဲမွာ ေဖာ္ျပထားပုံအရဆုိရင္ေတာ့ ဒီဖုန္းရဲ႕ေနာက္ဘက္မွာ Triple-camera ပါဝင္လာမွာ ျဖစ္ၿပီး Kirin 710 ခ်စ္ပ္ဆက္နဲ႔ 3,240 mAh ဘကၳရီေတြ ထည့္သြင္းထားတယ္။ Teaser အသစ္မွာေတာ့ ေရွ႕ဘက္ဆယ္ဖီကင္မရာကိုပါ 32MP ျဖစ္ေၾကာင္း ေပၚထြက္လာတဲ့အတြက္ ပုံရိပ္ဟာ ပိုျပည့္စုံလာခဲ့ပါတယ္။

ပုံမွန္ဆုိရင္ Huawei ကုမၸဏီဟာ Flagship ရဲ႕ Lite ဗားရွင္းေတြကို အဓိကစင္တင္မယ့္ မင္းသားေတြနဲ႔ သက္သက္စီမိတ္ဆက္ေလ့ရွိတာေၾကာင့္ P30 Lite တျဖစ္လဲ Nova 4e ကို တျခားဗားရွင္းေတြထက္ ေစာစီးစြာ ျမင္ေတြ႕ရမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

Huawei ဟာ သူတို့ရဲ့တရားဝင် Weibo အကောင့်မှာ ဖုန်းအသစ်တစ်လုံးရဲ့ အပေါ်ပိုင်းမျက်နှာပြင်နဲ့ ကင်မရာတို့ကို Tease လုပ်လာခဲ့ပြီး အဆိုပါဖုန်းကတော့ Mid-range တန်းဝင်ဖုန်းတစ်လုံးဖြစ်တဲ့ Nova 4e ပါပဲ။ ဒီနာမည်ကို တရုတ်ပြည်တွင်းမှာသာ အသုံးပြုမှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာတော့ P30 Lite လို့ သိထားကြတဲ့ ဖုန်းပဲဖြစ်ပါတယ်။

စက္ကန့်အနည်းငယ်သာပါတဲ့ Teaser ဗီဒီယိုလေးထဲမှာ အင်မတန်သေးတဲ့ Waterdrop Notch လေးနဲ့ 32MP ဆယ်ဖီကင်မရာငယ်တို့ကို လှလှပပပဲ ပြသွားခဲ့တာကို မြင်ရမှာပါ။ ဒါအကုန်ပဲလို့ ပြောရမှာဖြစ်ပေမယ့် ကံကောင်းစွာနဲ့ ယခင် Leak တွေမှာ P30 Lite တဖြစ်လဲ Nova 4e ရဲ့အချက်အလက်တွေကို မြင်တွေ့ခဲ့ရပြီးပါပြီ။

TENAA စာရင်းထဲမှာ ဖော်ပြထားပုံအရဆိုရင်တော့ ဒီဖုန်းရဲ့နောက်ဘက်မှာ Triple-camera ပါဝင်လာမှာ ဖြစ်ပြီး Kirin 710 ချစ်ပ်ဆက်နဲ့ 3,240 mAh ဘက္ထရီတွေ ထည့်သွင်းထားတယ်။ Teaser အသစ်မှာတော့ ရှေ့ဘက်ဆယ်ဖီကင်မရာကိုပါ 32MP ဖြစ်ကြောင်း ပေါ်ထွက်လာတဲ့အတွက် ပုံရိပ်ဟာ ပိုပြည့်စုံလာခဲ့ပါတယ်။

ပုံမှန်ဆိုရင် Huawei ကုမ္ပဏီဟာ Flagship ရဲ့ Lite ဗားရှင်းတွေကို အဓိကစင်တင်မယ့် မင်းသားတွေနဲ့ သက်သက်စီမိတ်ဆက်လေ့ရှိတာကြောင့် P30 Lite တဖြစ်လဲ Nova 4e ကို တခြားဗားရှင်းတွေထက် စောစီးစွာ မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena