Huawei ဟာ ပြီးခဲ့တဲ့ လက nova 8 SE ကို ကြေညာခဲ့ပြီး အခုတော့ မိသားစုဝင် အသစ် ၂ လုံးကို ဒီလ ၂၃ ရက်နေ့ ချပြတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီဖုန်းတွေက nova 8 နဲ့ 8 Pro တို့ ဖြစ်ပါတယ်။ ဒီသတင်းပေးလိုက်တာ တရုတ်က နာမည်ကျော် Tipster Digital Chat Station ဖြစ်ပြီး သူက အဲဒီ ဖုန်း ၂ လုံးအပြင် Enjoy 20 SE ကိုပါ ချပြမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်း ၃ လုံးမှာ Kirin Chipset တွေ မောင်းနှင်ထားမယ်လို့ သူက သတင်းပေးထားပါတယ်။

Huawei ဟာ ဩဂုတ်လက ကြေညာခဲ့တဲ့ Watch Fit ကို တရုတ်မှာ အဲဒီ ၂၃ ရက်နေ့မှာပဲ ကြေညာမှာ ဖြစ်ပြီး စမတ်နာရီမှာ ၁.၆၄ လက်မ AMOLED မျက်နှာပြင် ၊ SpO2 Sensor ၊ GPS နဲ့ ၁၀ ရက် အသုံးခံတဲ့ ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Huawei က nova 8 စမတ်ဖုန်း အသစ်တွေအကြောင်း ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံ ၁ ပုံအရ ရိုးရိုး nova 8 မှာ အနောက်ကင်မရာ ၄ လုံး၊ ၅ လုံးလောက် ပါလာနိုင်ပါတယ်။ ဓါတ်ပုံမှာ nova 8 ရဲ့ ကင်မရာ ဒီဇိုင်းကို Honor V40 နဲ့ ယှဉ်ပြထားပြီး ၂ လုံးစလုံးရဲ့ ဒီဇိုင်းက တော်တော်တူညီပါတယ်။

Honor V40 Series ကို ဒီဇင်ဘာလလယ် ဘေဂျင်းမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး မတူညီတဲ့ Chipset ၂ ခု သုံးထားမယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ Dimensity 1000+ နဲ့ Kirin 9000 တို့ ဖြစ်နိုင်ပါတယ်။ ပေါက်ကြားသတင်းအရ အဲဒီဖုန်းတွေမှာ 50MP ကင်မရာ ၊ 66W Wired နဲ့ 40W Wireless Charging တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena