Huawei ဟာ Enjoy 20 Pro စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးသား ဖြစ်ပေမယ့် ဒီစီးရီးထဲကို နောက်ထပ် Enjoy 20 Vanilla ဗားရှင်းနဲ့ Enjoy 20 Plus ဆိုတဲ့ မိသားစုဝင်သစ်များ ထပ်မံ ခေါ်ဆောင်လာဦးမှာပါ။

Huawei Enjoy 20 Plus စမတ်ဖုန်းကို ယခင်က ကိုယ်ပိုင် Kirin 820 ချစ်ပ်ဆက်နဲ့ မိတ်ဆက်လာမယ်လို့ သတင်းထွက်ထားပေမယ့် ယနေ့မှာတော့ MediaTek ကနေ ထုတ်လုပ်တဲ့ 5G ချစ်ပ်ဆက် တစ်ခုခုနဲ့ ပြောင်းလဲတပ်ဆင် ထုတ်လုပ်လာမယ်လို့ Leak သတင်းက ဆိုပါတယ်။

ပြောင်းလဲရတဲ့ အကြောင်းရင်းကို မဖော်ပြထားပေမယ့် အခုနှစ်ပိုင်းမှာ အမေရိကန် ပိတ်ဆို့မှုကြောင့် အခက်ကြုံနေရတဲ့ Huawei အတွက် သိပ်တော့ အံ့ဩစရာ မရှိပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင် Kirin ချစ်ပ်ဆက်တွေကို ပြိုင်ဆိုင်မှု ပိုမြင့်မားတဲ့ ထုတ်ကုန် တွေအတွက် ချန်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပြီး တရုတ်စျေးကွက်မှာပဲ သီးသန့် ရောင်းချတဲ့ Enjoy စီးရီးအတွက် အဖိုးတန် ရင်းမြစ်တွေကို မသုံးချင်တာ ဖြစ်နိုင်ပါတယ်။

Weibo ပလက်ဖောင်းကနေ ထွက်ပေါ်လာတဲ့ Leak ထဲမှာ Enjoy 20 Plus ရဲ့ Specs အချို့ကိုလည်း ဖော်ပြလာခဲ့ပြီး 6.63” Display, 48MP + 8MP + 2MP ကင်မရာသုံးလုံးအတွဲနဲ့ 40W Ultra-Fast အားသွင်းစနစ် ပါဝင်တဲ့ 4,200 mAh ဘက္ထရီတို့ ဖြစ်ပါတယ်။ Enjoy 20 Plus ဟန်းဆက်သစ်ဟာ 8.95mm အထူနဲ့ 197g အလေးချိန်သာ ရှိမှာဖြစ်ပြီး Pop-up ဆဲလ်ဖီးကင်မရာနဲ့ ဘေးဘက် Fingerprint Reader တို့ ပါလာမှာပါ။

Ref – GSMArena