Huawei ဟာ ဒီဇင်ဘာလမှာ nova 8 Series ကို ကြေညာမယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ အခုတော့ ဒီသတင်းတွေဟာ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ Huawei က အဲဒီ စွမ်းရည်သင့် စမတ်ဖုန်းတွေကို ဒီလ ၂၃ ရက်နေ့ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပြီး ဝီဘိုမှာ မျှဝေထားတဲ့ Teaser အရ  အနောက်ကင်မရာ ဒီဇိုင်းက အဆန်းလေးပါ။  တခြား ကုမ္ပဏီတွေ မသုံးသေးတဲ့ ဘဲဥပုံ ဖြစ်ပါတယ်။

Huawei bringing nova 8 series on Dec 23 with oval camera island

တကယ်တော့ Huawei nova 8 Series တချို့ကို ကြေညာထားပြီးသားပါ။ Huawei nova 8 SE အတွက် မတူညီတဲ့ Chipset ၂ မျိုးပါတဲ့ မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး ၂ လုံးစလုံးမှာ တူညီတာက MediaTek Chipset ကို သုံးထားတာ ဖြစ်ပါတယ်။ Huawei nova 8 နဲ့ nova 8 Pro ကို ၂၃ ရက်နေ့ ကြေညာနိုင်ပြီး Enjoy 20 SE လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Huawei tipped to unveil nova 8, nova 8 Pro, and Enjoy 20 SE on December 23

စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် Huawei ဟာ Kirin Chipset ကို ဆက်လက် မထုတ်လုပ်တော့ပေမယ့် အခု စမတ်ဖုန်း အသစ် ၃ လုံးမှာ Kirin Chipset တွေကို အသုံးပြုထားမယ်လို့ သတင်းထွက်နေပါတယ်။

ဘဲဥပုံ ကင်မရာ အကွက်မှာ အပေါက် ၅ ခု ပါလာပြီး ပင်မ ကင်မရာ အတွက် အရွယ်ကြီး အပေါက် ၁ ခုနဲ့ အပို ကင်မရာတွေနဲ့ Flash အတွက် အပေါက် ၄ ခုကို တွေ့ရပါတယ်။

Ref : gsmarena