Huawei Enjoy 10 စမတ်ဖုန်းစီးရီးကတော့ မကြာခင် မိသားစုဝင်တစ်ယောက် ရရှိတော့မယ့် ပုံပါပဲ။ လာမယ့် တနင်္ဂနွေ၊ မတ်လ ၁ ရက်နေ့မှာ Huawei ဟာ စွမ်းအားကောင်းတဲ့ ဘက္ထရီတစ်ခု ပါဝင်မယ့် Huawei Enjoy 10e စမတ်ဖုန်းအား တရုတ်ဈေးကွက်အတွင်း မိတ်ဆက်လာမယ်လို့ ကြေညာလိုက်ပါတယ်။

မိတ်ဆက်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်ပါဝင်တဲ့ Teaser ပိုစတာကို ကုမ္ပဏီက သူတို့ရဲ့ Weibo အကောင့်မှာ တင်ထားခဲ့တာဖြစ်ပြီး ထွက်ရှိရက်နီးကပ်နေပေမယ့် Specs တစ်စုံတစ်ရာတော့ ထည့်သွင်းမထားပါဘူး။

မနှစ်ကထွက်ရှိခဲ့တဲ့ Enjoy 9 စီးရီးကို ကြည့်ရရင်တော့ Huawei Enjoy 10e ဟာ သူ့ရဲ့မျိုးဆက်ထဲမှာ ဈေးအချိုဆုံး ဟန်းဆက်ဖြစ်နိုင်ပါတယ်။ Enjoy 9s မှာ ကင်မရာသုံးလုံးပါဝင်ခဲ့ကာ Enjoy 9 မှာတော့ နှစ်လုံးသာပါဝင်ခဲ့ပြီး Enjoy 9e ကတော့ ကင်မရာတစ်လုံးထဲနဲ့ Entry-level Specs များသာ တွေ့ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က Helio P35 ချစ်ပ်ဆက် အသုံးပြုထားတဲ့ Huawei စမတ်ဖုန်းတစ်လုံးဟာ TENAA နဲ့ Geekbench တို့ကို ရောက်ရှိခဲ့တာကြောင့် အဆိုပါဖုန်းကပဲ Enjoy 10e ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ သူ့မှာ 5,000 mAh ဘက္ထရီနဲ့ ရိုးရှင်းတဲ့ နောက်ဘက်ကင်မရာ Setup တို့ ပါဝင်ခဲ့ပါတယ်။

Enjoy 10e ရဲ့ ဈေးနှုန်းကို တရုတ်ယွမ် ၁၀၀၀ (မြန်မာငွေ နှစ်သိန်းခန့်) သာ ကျသင့်မယ်လို့ ယူဆရပါတယ်။ ဘက္ထရီအပြင် ဘာဆွဲဆောင်မှုတွေ ပါဝင်ဦးမလဲ ဆိုတာတော့ မကြာခင်သိရတော့မှာပါ။

Ref – GSM Arena