Huawei ဟာ မကြာခင်အချိန်မှာ Gaming Laptop တွေနဲ့ Display Monitor တွေကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Huawei ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Honor ကနေ Hunter Series Gaming Laptop တွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

အခုလည်း DigiTimes ကနေ Huawei ဟာ မကြာခင်မှာ ကိုယ်ပိုင် Branding တစ်ခုကို အသုံးပြုပြီးတော့ Monitor အသစ်တွေကို မိတ်ဆက်ဖို့ နီးကပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ Monitor တွေထဲမှာ Curved Gaming Monitor ကို အဓိကအနေနဲ့ မိတ်ဆက်ရောင်းချသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Xiaomi ကနေ မိတ်ဆက်ထားတဲ့ Mi Surface 34″ Curved Gaming Monitor ဟာ စျေးနှုန်းအရရော စွမ်းဆောင်ရည်ပိုင်းအရပါ ကောင်းမွန်တဲ့ရလဒ်တွေကို ရရှိထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ Monitor စျေးကွက်မှာ Xiaomi နဲ့ အရင်ဆုံးယှဥ်ပြိုင်ရမယ့်ပုံစံပါပဲ။

Huawei က အဆိုပါ Monitor အသစ်တွေအတွက် BOE Vison-Electronic Technology (BOEVT) နည်းပညာကို Model ၂ မျိုးကနေ ၃ မျိုးလောက်အထိ အသုံးပြုလာမှာဖြစ်ပါတယ်။ Screen Size အနေနဲ့ကတော့ 27″ နဲ့ 34″ ဆိုပြီး မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

အစောပိုင်းတုန်းကလည်း Huawei ကနေ 240Hz Refresh Rate အထိရှိတဲ့ Gaming Monitor တွေကို စမ်းသပ်နေတယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ Gaming စျေးကွက်ထဲမှာပါ အောင်မြင်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China