Huawei ဟာ အခုအချိန်မှာ စမတ်ဖုန်းတွေအပြင် Laptop စျေးကွက်ကိုပါ နေရာတစ်ခုရယူထားနိုင်ပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း Huawei ကနေ High End MateBook Laptop အသစ် ၂ မျိုးကို မိတ်ဆက်သွားဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ High End MateBook ၂ မျိုးဟာ MateBook 13/14 Series ထဲက ဖြစ်ပြီး ဘယ်လိုမျိုးထူးခြားချက်တွေရှိမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ လက်ရှိ Intel ကနေ နောက်ဆုံးထွက်ရှိထားတဲ့ 11th Gen Tiger Lake Processor သို့မဟုတ် AMD ရဲ့ မကြာခင်မိတ်ဆက်ဖို့ရှိနေတဲ့ Ryzen 5000 Series Processor တွေကို အသုံးပြုသွားဖွယ်ရှိနေပါတယ်။

အခုလိုမျိုး Huawei အနေနဲ့ US ပိတ်ဆို့မှုတွေကို စမတ်ဖုန်းထုတ်လုပ်မှုပိုင်းမှာ ခံနေရပေမယ့်လည်း Laptop စျေးကွက်မှာတော့ လောလောဆယ်အထိ အဆင်ပြေပြေထုတ်လုပ်နိုင်တုန်းပဲဖြစ်ပါတယ်။ နောက်ဆုံးသိရှိထားရတဲ့သတင်းတွေအရ အခုမိတ်ဆက်လာမယ့် MateBook အသစ်တွေမှာ Nvidia ရဲ့ GeForce MX450 လိုမျိုး Graphic Card တွေကိုပါ ထည့်သွင်းထားမှာဖြစ်ပါတယ်။

နောက်ထပ်လည်း Huawei က Laptop တွေအတွက် Software ပိုင်းကို အလွယ်တကူရယူနိုင်အောင် App Store အသစ်ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဆိုပါ App Store မှာ “Explore” ၊ “Office” ၊ “Classification” ၊ “Management” နဲ့ “Settings” Tab တွေပါဝင်လာမယ့်အပြင် စသုံးတဲ့အချိန်မှာ လိုအပ်မယ့် Software တွေ၊ အပတ်စဥ် Software အသစ်တွေ၊ တစ်လချင်းစီအကောင်းဆုံး Software တွေကိုလည်း ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၂၁ ခုနှစ်မှာ Huawei အနေနဲ့ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Laptop စျေးကွက်ကိုပါ ပိုပြီး အာရုံစိုက်လာဖို့ရှိနေတယ်ဆိုတာကတော့ ကျိန်းသေနေပြီဖြစ်ပါတယ်။

Ref – Giz China