[Zawgyi]

Huawei နည္းပညာကုမၸဏီႀကီးဟာ ၂၀၁၈ခုႏွစ္ အတြင္းမွာ ေကာင္းတာေရာ ဆိုးတာေတြကိုပါ ႀကဳံေတြ႕ျဖတ္သန္းခဲ့ရေပမယ့္ ေအာင္ျမင္တဲ့ ႏွစ္တစ္ႏွစ္ေတာ့ ျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၂၀၁၈ ခုႏွစ္အတြင္း Huawei အေနနဲ႔ စမတ္ဖုန္း အလုံးေရ သန္း ၂၀၀ အထိ တင္ပို႔ေရာင္းခ်ခဲ့ရလို႔ပဲ ျဖစ္ပါတယ္။

ဒီႏွစ္ေရာင္းခ်ရတဲ့ ပမာဏဟာ ၂၀၁၇ ခုႏွစ္တုန္းက ေရာင္းခ်ခဲ့ရတဲ့ ၁၅၃ သန္းနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၃၀ ရာခိုင္ႏႈန္းအထိ ပိုၿပီး တိုးတက္လာတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ Nikkei Asian Review ရဲ႕ ေဖာ္ျပခ်က္အရေတာ့ Huawei ရဲ႕ ေရာင္းအားကို ျမင့္တက္ေစတဲ့ အေၾကာင္းရင္းမွာ P20 Series ေတြကလည္း အဓိကေနရာကေန ပါဝင္ေနတယ္လို႔ သိရပါတယ္။


လက္ရွိအခ်ိန္မွာေတာ့ Huawei ဟာ ႏိုင္ငံတကာေဈးကြက္မွာ ဒုတိယေနရာကို ေရာက္ရွိသြားၿပီလို႔ ဆိုပါတယ္။ ဒါေၾကာင့္ Apple ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ တ႐ုတ္စမတ္ဖုန္းကုမၸဏီအေနနဲ႔ တ႐ုတ္ႏိုင္ငံတြင္းအပါအဝင္ ဥေရာပနဲ႔ အာဖရိကေတြမွာ ေရာင္းအားကို ပိုၿပီးတိုးတက္ေအာင္ စီမံႏိုင္ခဲ့ေပမယ့္ အဓိကေဈးကြက္ႀကီးေတြလိုျဖစ္ေနတဲ့ ကေနဒါ၊ ၾသစေၾတးလ်နဲ႔ အေမရိကန္တို႔ရဲ႕ ပိတ္ပင္မႈကိုေတာ့ ခံခဲ့ရပါတယ္။

၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ ပိတ္ပင္မႈေတြက Huawei ရဲ႕ လာမယ့္ႏွစ္ေရာင္းအားအတြက္ အနည္းနဲ႔အမ်ားေတာ့ ထိခိုက္မႈကို ျဖစ္ေပၚလာဖြယ္ ရွိေနတာပါပဲ။ Nikkei Asian Review ရဲ႕ေဖာ္ျပခ်က္မွာေတာ့ IDC အရ Huawei ဟာ ၂၀၁၇ ခုႏွစ္မွာ ႏိုင္ငံတကာေဈးကြက္ရဲ႕ ၁၀.၄ ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ခဲ့တယ္လို႔ သိရပါတယ္။ Samsung ကေတာ့ အခုအခ်ိန္ထိ ေဈးကြက္ကို ဦးေဆာင္ေနဆဲ ျဖစ္ၿပီး Huawei က ဒီ၂၀၁၈ ရဲ႕ Q2 နဲ႔ Q3 ေတြမွာ Apple ကို ေက်ာ္ျဖတ္ၿပီး ဒုတိယေနရာကို ေရာက္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။

 

Ref: GSMarena

[Unicode]

Huawei နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၈ခုနှစ် အတွင်းမှာ ကောင်းတာရော ဆိုးတာတွေကိုပါ ကြုံတွေ့ဖြတ်သန်းခဲ့ရပေမယ့် အောင်မြင်တဲ့ နှစ်တစ်နှစ်တော့ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၈ ခုနှစ်အတွင်း Huawei အနေနဲ့ စမတ်ဖုန်း အလုံးရေ သန်း ၂၀၀ အထိ တင်ပို့ရောင်းချခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ဒီနှစ်ရောင်းချရတဲ့ ပမာဏဟာ ၂၀၁၇ ခုနှစ်တုန်းက ရောင်းချခဲ့ရတဲ့ ၁၅၃ သန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်းအထိ ပိုပြီး တိုးတက်လာတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ Nikkei Asian Review ရဲ့ ဖော်ပြချက်အရတော့ Huawei ရဲ့ ရောင်းအားကို မြင့်တက်စေတဲ့ အကြောင်းရင်းမှာ P20 Series တွေကလည်း အဓိကနေရာကနေ ပါဝင်နေတယ်လို့ သိရပါတယ်။


လက်ရှိအချိန်မှာတော့ Huawei ဟာ နိုင်ငံတကာဈေးကွက်မှာ ဒုတိယနေရာကို ရောက်ရှိသွားပြီလို့ ဆိုပါတယ်။ ဒါကြောင့် Apple ကို ကျော်ဖြတ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံတွင်းအပါအဝင် ဥရောပနဲ့ အာဖရိကတွေမှာ ရောင်းအားကို ပိုပြီးတိုးတက်အောင် စီမံနိုင်ခဲ့ပေမယ့် အဓိကဈေးကွက်ကြီးတွေလိုဖြစ်နေတဲ့ ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်တို့ရဲ့ ပိတ်ပင်မှုကိုတော့ ခံခဲ့ရပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ပိတ်ပင်မှုတွေက Huawei ရဲ့ လာမယ့်နှစ်ရောင်းအားအတွက် အနည်းနဲ့အများတော့ ထိခိုက်မှုကို ဖြစ်ပေါ်လာဖွယ် ရှိနေတာပါပဲ။ Nikkei Asian Review ရဲ့ဖော်ပြချက်မှာတော့ IDC အရ Huawei ဟာ ၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာဈေးကွက်ရဲ့ ၁၀.၄ ရာခိုင်နှုန်းကို ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။ Samsung ကတော့ အခုအချိန်ထိ ဈေးကွက်ကို ဦးဆောင်နေဆဲ ဖြစ်ပြီး Huawei က ဒီ၂၀၁၈ ရဲ့ Q2 နဲ့ Q3 တွေမှာ Apple ကို ကျော်ဖြတ်ပြီး ဒုတိယနေရာကို ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Ref: GSMarena