Zawgyi

Huawei ကေန ထံုးစံအတုိင္း Samsung Galaxy Note 10 နဲ႔ iPhone XI လုိမ်ိဳးဖုန္းေတြကို ယွဥ္ျပိဳင္ရမယ့္ Huawei Mate 30 Pro ဖုန္းကို မၾကာခင္မွာ မိတ္ဆက္လာေတာ့မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္အထိေတာ့ Huawei ကေန ဒီ Mate 30 Pro ကို မိတ္ဆက္မယ့္အခ်ိန္ကို တရားဝင္ေၾကညာျခင္းမရွိေသးပါဘူး။

ဒါေပမယ့္ Huawei က ဒီ Mate 30 Pro စမတ္ဖုန္းကို မိတ္ဆက္ဖုိ႔ကိုေတာ့ ေရြ႕ဆုိင္းဖို႔အစီအစဥ္ရွိတဲ့ပံုစံမေပၚပါဘူး။ ဘာေၾကာင့္လဲဆုိရင္ ေလာေလာဆယ္မွာလည္း Leaks ေတြအမ်ားအျပား ထြက္ေပၚလာျပီျဖစ္သလုိ Huawei ကိုယ္တုိင္ကလည္း ဒီ Mate 30 Pro မွာ ပါဝင္လာႏုိင္တဲ့ Camera Feature ၂ ခုရဲ႕ နာမည္ကို Trademark ရယူလိုက္ျပီျဖစ္တာေၾကာင့္ပါ။

အခု Huawei က Trademark ရယူလိုက္တဲ့ Camera Feature ၂ ခုရဲ႕ နာမည္ကေတာ့ “Cine-Lens” နဲ႔ “Camera Matrix” ေတြျဖစ္ျပီးေတာ့ အခု Feature ေတြက Huawei ကေန အသံုးမျပဳဖူးေသးတဲ့ Feature နာမည္ေတြျဖစ္ေနတဲ့အတြက္ က်ိန္းေသတာက Huawei Mate 30 Pro ဖုန္းမွာပဲ ပါဝင္လာမယ့္ Feature ေတြျဖစ္ႏုိင္ပါတယ္။ အခု Trademark ကိုေတာ့ Munich မွာရွိတဲ့ EUIPO (European Union Intellectual Property Office) မွာ ျပီးခဲ့တဲ့ ဇူလုိင္လ ၁၇ ရက္ေန႔က ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။

ျဖစ္ႏုိင္တာကေတာ့ “Cine-Lens” Feature က Huawei အေနနဲ႔ Mate 30 Series မွာ အသစ္ထည့္သြင္းလာႏုိင္တဲ့ Video Feature အသစ္တစ္ခုျဖစ္ႏုိင္ျပီးေတာ့ “Camera Matrix” ကေတာ့ ဒီ Quad Camera Setup ကို ေခၚဆုိတဲ့နာမည္ျဖစ္လာႏုိင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ မႏွစ္တုန္းကလုိမ်ိဳးပဲ ဒီႏွစ္မွာလည္း Huawei Mate 30 Pro ဖုန္းက ဒီႏွစ္အတြက္ Camera အေကာင္းဆံုးစမတ္ဖုန္းတစ္ခုျဖစ္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Huawei ကနေ ထုံးစံအတိုင်း Samsung Galaxy Note 10 နဲ့ iPhone XI လိုမျိုးဖုန်းတွေကို ယှဉ်ပြိုင်ရမယ့် Huawei Mate 30 Pro ဖုန်းကို မကြာခင်မှာ မိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်အထိတော့ Huawei ကနေ ဒီ Mate 30 Pro ကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာခြင်းမရှိသေးပါဘူး။

ဒါပေမယ့် Huawei က ဒီ Mate 30 Pro စမတ်ဖုန်းကို မိတ်ဆက်ဖို့ကိုတော့ ရွေ့ဆိုင်းဖို့အစီအစဉ်ရှိတဲ့ပုံစံမပေါ်ပါဘူး။ ဘာကြောင့်လဲဆိုရင် လောလောဆယ်မှာလည်း Leaks တွေအများအပြား ထွက်ပေါ်လာပြီဖြစ်သလို Huawei ကိုယ်တိုင်ကလည်း ဒီ Mate 30 Pro မှာ ပါဝင်လာနိုင်တဲ့ Camera Feature ၂ ခုရဲ့ နာမည်ကို Trademark ရယူလိုက်ပြီဖြစ်တာကြောင့်ပါ။

အခု Huawei က Trademark ရယူလိုက်တဲ့ Camera Feature ၂ ခုရဲ့ နာမည်ကတော့ “Cine-Lens” နဲ့ “Camera Matrix” တွေဖြစ်ပြီးတော့ အခု Feature တွေက Huawei ကနေ အသုံးမပြုဖူးသေးတဲ့ Feature နာမည်တွေဖြစ်နေတဲ့အတွက် ကျိန်းသေတာက Huawei Mate 30 Pro ဖုန်းမှာပဲ ပါဝင်လာမယ့် Feature တွေဖြစ်နိုင်ပါတယ်။ အခု Trademark ကိုတော့ Munich မှာရှိတဲ့ EUIPO (European Union Intellectual Property Office) မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဖြစ်နိုင်တာကတော့ “Cine-Lens” Feature က Huawei အနေနဲ့ Mate 30 Series မှာ အသစ်ထည့်သွင်းလာနိုင်တဲ့ Video Feature အသစ်တစ်ခုဖြစ်နိုင်ပြီးတော့ “Camera Matrix” ကတော့ ဒီ Quad Camera Setup ကို ခေါ်ဆိုတဲ့နာမည်ဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မနှစ်တုန်းကလိုမျိုးပဲ ဒီနှစ်မှာလည်း Huawei Mate 30 Pro ဖုန်းက ဒီနှစ်အတွက် Camera အကောင်းဆုံးစမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena