စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးမှု အမြန်ဆုံး အွန်လိုင်းကားဈေးကွက် UCARS သည် လူလုပ်အသိဉာဏ် (AI) နှင့် cloud computing တို့ ပေါင်းစပ်ထားသည့် နည်းပညာကို Huawei နှင့် လက်တွဲ၍ ၎င်းတို့ ပလက်ဖောင်းအတွက် ဖော်ဆောင်ကာ သုံးစွဲသူများအတွက် ပွင့်လင်းမြင်သာမှု၊ လုံခြုံစိတ်ချရမှု နှင့် စိတ်ကျေနပ်မှုများ ပိုမိုရရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။

ကားပိုင်ရှင်များသည် UCARS ပလက်ဖောင်း၏ AI နည်းပညာ အထောက်အကူပြု ကိရိယာများကို အသုံးချ၍ ၎င်းတို့၏ ယာဉ်များကို (၃) ရက်အတွင်း အမြင့်ဆုံးဈေးနှင့် ရောင်းချနိုင်လိမ့်မည်ဖြစ်သည်။

ကုမ္ပဏီ၏ ပလက်ဖောင်းပေါ်တွင် အသုံးပြုသူများအတွက် ၎င်းတို့၏ ကား ပြန်လည်ရောင်းချနိုင်မည့် ဈေးကို စက္ကန့်ပိုင်းအတွင်း သိရှိနိုင်စေမည့် ပုဂ္ဂလိက ရာဖြတ် နည်းပညာ (proprietary valuation tool) တစ်ခုကို AI အသုံးပြု၍ ဖန်တီးပေးထားပြီး ၎င်းသည် အာရှပစိဖိတ် ဒေသအတွင်း ပထမဆုံး AI ကားရာဖြတ်ကိရိယာတစ်ခုလည်း ဖြစ်သည်။ အခြားသော ရာဖြတ် နည်းလမ်းများက ကား၏ ခန့်မှန်းတန်ဖိုး ထွက်လာစေရန် အနည်းဆုံး တစ်ရက်တာခန့် စောင့်ဆိုင်းရသော်လည်း UCARS AI ရာဖြတ်နည်းပညာက ဒေသတွင်း ရရှိနိုင်သည့် အမြန်ဆုံး ရာဖြတ်နည်းပညာပင်ဖြစ်သည်။

လတ်တလော COVID-19 ကြောင့် စီးပွားရေး ကျဆင်းမှုများနှင့် အတူ ကားပိုင်ဆိုင်မှု ရွှေ့ပြောင်းခြင်းသည် ယမန်နှစ် စက်တင်ဘာနှင့် နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှ ၁၅% တိုးမြင့်လာခဲ့ပြီး ယခု စက်တင်ဘာလတွင် စံချိန်တင် အများဆုံး ပမာဏသို့ ရောက်ရှိခဲ့သည်။ (ရင်းမြစ်- LTA)။ ကားအသစ် နှင့် တစ်ပတ်ရစ်ကားများကို ဝယ်လိုမှုသည် အရှေ့တောင်အာရှ ဒေသအတွင်း ပုံမှန်မြင့်တက်လျက်ရှိသည်။

“တချို့ စင်ကာပူ နိုင်ငံသားတွေက မဝေးတော့တဲ့ အနာဂတ်မှာ စီးပွားရေးက ပြန်ကောင်းလာလိမ့်မယ်လို့ ယုံကြည်ကြတယ်။ ပုံမှန် ကားနဲ့ လျှော့ဈေးတွေကို ရုတ်တရက် ဝယ်လိုအားတက်လာတာနဲ့ ပေါင်းလိုက်တဲ့အခါ လာမယ့်လတွေအတွင်းမှာ ကားရောင်းအားက တဟုန်ထိုး တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။” ဟု UCARS ၏ နည်းပညာ အရာရှိချုပ် (Chief Technology Officer) Cho Kok Yick က ဆိုသည်။

“တစ်ပတ်ရစ်ကားတွေ ရောင်းချတဲ့ လုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံး လုံခြုံစိတ်ချရပြီး လွယ်ကူတာမျိုး ဖြစ်စေချင်တာမို့ AI နည်းပညာတွေမှာ တောက်လျှောက် ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ဒါက Huawei နည်းပညာတွေနဲ့ဆို အောင်မြင်မှာ ကျိန်းသေပါပဲ။” ဟု Cho က ဆိုသည်။

“ကုမ္ပဏီတွေ အများကြီးက AI ရဲ့ စွမ်းအင်ကို အသုံးချပြီး သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြောင်းလဲတာကို မြင်တွေ့နိုင်တဲ့ စိတ်လှုပ်ရှားစရာ ကာလပါ။ Huawei ကလည်း သုံးစွဲသူအတွေ့အကြုံတွေကို ပိုတိုးတက်လာစေနိုင်ဖို့ နဲ့ဒစ်ဂျစ်တယ်လ် နည်းပညာကူးပြောင်းတာတွေ တွေနဲ့အတူ သုံးစွဲသူတွေရဲ့ မော်တော်ယာဉ် လုပ်ငန်းအတွက် ယုံကြည်မှုကို ပိုပြီး နက်ရှိုင်းသွားစေဖို့ UCARS နဲ့ ပူးပေါင်းပြီး ဒီ ခရီးကို အတူတကွ လျှောက်လှမ်းရတာ အင်မတန် စိတ်လှုပ်ရှားနေပါတယ်။” ဟု Huawei Cloud & AI Group, Asia Pacific ၏ ဥက္ကဋ္ဌ Daniel Zhou က ဆိုသည်။

AI နှင့် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်ခြင်း

ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှ consumers များသည် ၎င်းတို့၏ ဈေးဝယ်ယူသည့် ပုံစံများကို ပြောင်းလဲခဲ့ကြပြီး ထိုအပြောင်းအလဲများတွင် မော်တော်ယာဉ် လုပ်ငန်း၏ မျက်နှာချင်းဆိုင် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြသည့် သမားရိုးကျ လုပ်ငန်းစဉ်သည်လည်း အပါအဝင်ပင်ဖြစ်သည်။

HUAWEI CLOUD ၏ အကူအညီဖြင့် UCARS သည် ပိုမိုကောင်းမွန်သော အခြေခံ အဆောက်အဦးများနှင့် cloud security ကို ပလက်ဖောင်းသို့ ထည့်သွင်းကာ AI နည်းပညာအသုံးပြု ပရောဂျက်များကို အသုံးပြု၍ သုံးစွဲသူအတွေ့အကြုံ ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် သုံးစွဲသူ ယုံကြည်မှုကို ပိုမို နက်ရှိုင်းစေရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းစဉ်တွင် Machine Vision နှင့် Machine Learning တို့ အပါအဝင် AI ရာဖြတ် နည်းပညာ (AI Valuation Tool)တို့ ပါဝင်အားဖြင့်ထားသည့် Car Image Search Engine (ကားပုံရိပ်ရှာဖွေခြင်း နည်းပညာ)သည်လည်း တစ်ခု အပါအဝင်ပင်ဖြစ်သည်။

အဆင့်မြှင့်ထားသော Algorithm များကို အသုံးပြုခြင်းအားဖြင့် UCARS AI Valuation Tool အသုံးချလုပ်ငန်းများ၏ ရာဖြတ် လုပ်ငန်းစဉ်တစ်ခုချင်းစီကို တိကျသေချာစေမည်ဖြစ်သည်။ ကားများ၏ တန်ဖိုးကို ပိုမိုကောင်းမွန်စွာ ခန့်မှန်းတွက်ချက်နိုင်ခြင်းကြောင့် အသုံးပြုသူများက ၎င်းတို့၏ ကားများကို UCARS ပလက်ဖောင်းပေါ်တွင် စိတ်အေးသက်သာစွာဖြင့် ရောင်းချနိုင်မည်ဖြစ်ကာ အခြား မော်တော်ယာဉ် ပလက်ဖောင်းများထံ သွားရောက်စုံစမ်းရခြင်းများ လျော့နည်းသွားနိုင်မည်ဖြစ်သည်။

UCARS သည် သုံးစွဲသူများအတွက် ပုံရိပ်ကို မြင်ရုံဖြင့် ကား၏ မော်ဒယ်လ် နှင့် ထုတ်လုပ်ရာ နေရာ၊ ကားအကြောင်းအရာများကို တစ်ခါတည်း သိရှိနိုင်မည်ဖြစ်သော AI နည်းပညာသုံး ကားရှာဖွေရေး ကိရိယာကို ဖန်တီးလျက်ရှိသည်။ Machine Vision နည်းပညာဖြင့် ပုံရိပ်ဖော်အသိအမှတ်ပြုပြီး consumer များ အလိုရှိသည့် အတိုင်း အတိအကျ ထွက်လာနိုင်မည့် ယာဉ်ကို ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

“နက်နဲတဲ့ နည်းပညာဧရိယာထဲမှာ ခိုင်မာတဲ့ ကျောရိုးတစ်ခု တည်ဆောက်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ COVID အလွန် ကမ္ဘာသစ်မှာ မော်တော်ယာဉ် လုပ်ငန်းနယ်ပယ်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု Cho က ဆိုသည်။

ဒစ်ဂျစ်တယ်လ် စနစ်သို့ ပြောင်းလဲရန် အစိုးရ၏ တိုက်တွန်းမှုများနှင့်အတူ နည်းပညာအခြေပြု ဖြေရှင်းချက်များဖြစ်သည့် လူလုပ်အသိဉာဏ်အသုံးပြု ပလက်ဖောင်းများ (Artificial intelligence platforms)၊ ကြီးမားသော ဒေတာ ပလက်ဖောင်းများ (big data platforms)ကို အသုံးပြု၍ UCARS ကဲ့သို့သော စွန့်ဦးတီထွင် လုပ်ငန်းများသည် ၎င်းတို့၏ လက်ရှိနည်းပညာများကို လိုက်လျောညီထွေ ဖြစ်စေရန်နှင့် ဖန်တီးနိုင်ရန် ကြိုးစားလျက်ရှိသည်။

Cloud ပေါ်ရှိ ပွင့်လင်းမြင်သာမှုရှိသော လုပ်ငန်းစဉ်များ

ယမန်နှစ် အစောပိုင်းက စင်ကာပူတွင် စတင်မိတ်ဆက်ခဲ့သော HUAWEI CLOUD သည် UCARS ကဲ့သို့သော ဒေသခံ စွန့်ဦးတီထွင် လုပ်ငန်းများနှင့် ပူးပေါင်းရာတွင် များစွာသော အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံခဲ့သည်။ ၎င်းတို့၏ backend infrastructure နှင့် AI algorithms များကို စီးပွားရေးရည်မှန်းချက်များနှင့် ပိုမို ကိုက်ညီစေရန် ဆောင်ရွက်လျက်ရှိပြီး HUAWEI ၏ ဝန်ဆောင်မှုများကို ပိုမို လုံခြုံစိတ်ချရပြီး ပိုမိုတတ်နိုင်လာစေရန် ဖန်တီးထားလျက်ရှိသည်။ UCARS သည် နည်းပညာ အခြေပြု စွန့်ဦးတီထွင် လုပ်ငန်းများအတွက် Huawei မှ မိတ်ဆက်ပေးခဲ့သော Hybrid accelerator program ဖြစ်သည့် Huawei Spark 2020 ၏ ဗိုလ်လုပွဲ ဆန်ကာတင် (၅) ဦးအတွင်းတွင် ပါဝင်ခဲ့သေးသည်။

“ပိုကြံ့ခိုင်တဲ့ ဖန်တီးမှု လက်ရာတွေက အရောင်းကိုယ်စားလှယ်တွေနဲ့သုံးစွဲသူနှစ်ဦးနှစ်ဖက်ကြားက user experience တွေကို ပို အားဖြည့်ပေးဖို့ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီ နည်းပညာ ပေါင်းစပ်မှု အဆင့်မြှင့်တင်မှု ကာလတစ်လျှောက်လုံးမှာ ရရှိခဲ့တဲ့ Huawei ရဲ့ အကူအညီတွေကို ကျွန်တော်တို့ တကယ်ပဲ ကျေးဇူးတင် အသိအမှတ်ပြုသလို နောင်အနာဂတ်မှာလည်း စီမံကိန်းသစ်တွေကို ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်။” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

Source – HUAWEI