[Zawgyi]

Huawei ဟာ Kunpeng 920 လို႔ အမည္ေပးထားတဲ့ ဆာဗာေတြမွာအသုံးျပဳဖို႔ စြမ္းေဆာင္ရည္ျမင့္ ARM-based CPU ကို ထုတ္ေဖာ္ေၾကညာသြားခဲ့ပါတယ္။ ဒီ CPU ဟာ စြမ္းေဆာင္ရည္အလုံးစုံ ျမႇင့္တင္ထားၿပီးျဖစ္သလို မ်ားျပားလွတဲ့ အခ်က္အလက္ေတြကို တြက္ခ်က္ရာမွာလည္း ပိုၿပီးေကာင္းမြန္တဲ့စြမ္းရည္သက္ေရာက္မႈကို ျဖစ္ေစတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီးဟာ 7nm ထုတ္လုပ္ျခင္း လုပ္ငန္းစဥ္ေပၚအေျခခံၿပီး 2.6GHz မွာ 64-Core CPU ေတြကို အတူတစ္ကြထားရွိႏိုင္ၿပီလို႔ ဆိုရမွာပါ။ သူတို႔ရဲ႕ Watt တစ္ခုတိုင္းရဲ႕ စြမ္းေဆာင္ရည္ကလည္း အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ကို တိုးတက္လာခဲ့တယ္လို႔ သိရပါတယ္။

ဒီ Chip ဟာ ARMv8 Architecture စံႏႈန္းေပၚမွာ အေျခခံၿပီး တည္ေဆာက္ထားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Branch Prediction Algorithms ျမန္ႏႈန္းကိုလည္း ပိုမိုျမန္ဆန္ျမင့္မားေစပါတယ္။ Huawei ကေတာ့ ဒီစြမ္းေဆာင္ရည္ဟာ လက္ရွိထုတ္လုပ္မႈနယ္ပယ္က စံႏႈန္းေတြထက္ ၂၅% ပိုမိုသာလြန္ၿပီး စြမ္းအင္သက္ေရာက္မႈအားျဖင့္ ၃၀% ပိုသာတယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

ဒီ Platform ဟာ 8-Channel DDR4 Memory ကို ေထာက္ပံ့ေပးၿပီး ၿပိဳင္ဘက္ေတြရဲ႕ Memory Bandwidth နဲ႔ယွဥ္ၿပိဳင္မယ္ဆိုရင္ ၄၆% ပိုတယ္လို႔လည္း ထပ္ၿပီးေျပာဆိုခဲ့ပါေသးတယ္။ PCle Gen4 နဲ႔ CCIX Interfaces ေတြဟာ လက္ရွိအခ်ိန္မွာ 640 Gbps Bandwidth အထိပဲ ခြင့္ျပဳေသးတာ ျဖစ္ပါတယ္။

Kunpeng 920 CPU ေတြကို TaiShan ဆာဗာေတြထဲမွာ Model သုံးမ်ိဳးအေနနဲ႔ သုံးစြဲမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ တစ္မ်ိဳးကေတာ့ သိုေလွာင္မႈစြမ္းေဆာင္ရည္ကို အဓိကထားမွာျဖစ္ပါတယ္။ ဒုတိယတစ္မ်ိဳးကေတာ့ ပိုၿပီး ႀကီးမားတဲ့ သိုေလွာင္မႈကို ေထာက္ပံ့ႏိုင္ဖို႔ျဖစ္ၿပီး ေနာက္ဆုံးတစ္မ်ိဳးကေတာ့ ပထမႏွစ္မ်ိဳးကို ညီမွ်မႈရွိေအာင္ ခ်ိန္ညႇိေပးမယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

ARM-based Sever CPU Kunpeng 920 ကို Huawei မိတ်ဆက်ကြေညာ

Huawei ဟာ Kunpeng 920 လို့ အမည်ပေးထားတဲ့ ဆာဗာတွေမှာအသုံးပြုဖို့ စွမ်းဆောင်ရည်မြင့် ARM-based CPU ကို ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။ ဒီ CPU ဟာ စွမ်းဆောင်ရည်အလုံးစုံ မြှင့်တင်ထားပြီးဖြစ်သလို များပြားလှတဲ့ အချက်အလက်တွေကို တွက်ချက်ရာမှာလည်း ပိုပြီးကောင်းမွန်တဲ့စွမ်းရည်သက်ရောက်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဟာ 7nm ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်ပေါ်အခြေခံပြီး 2.6GHz မှာ 64-core CPU တွေကို အတူတစ်ကွထားရှိနိုင်ပြီလို့ ဆိုရမှာပါ။ သူတို့ရဲ့ Watt တစ်ခုတိုင်းရဲ့ စွမ်းဆောင်ရည်ကလည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

ဒီ Chip ဟာ ARMv8 architecture စံနှုန်းပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Branch prediction algorithms မြန်နှုန်းကိုလည်း ပိုမိုမြန်ဆန်မြင့်မားစေပါတယ်။ Huawei ကတော့ ဒီစွမ်းဆောင်ရည်ဟာ လက်ရှိထုတ်လုပ်မှုနယ်ပယ်က စံနှုန်းတွေထက် ၂၅% ပိုမိုသာလွန်ပြီး စွမ်းအင်သက်ရောက်မှုအားဖြင့် ၃၀% ပိုသာတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒီ Platform ဟာ 8-channel DDR4 memory ကို ထောက်ပံ့ပေးပြီး ပြိုင်ဘက်တွေရဲ့ Memory bandwidth နဲ့ယှဉ်ပြိုင်မယ်ဆိုရင် ၄၆% ပိုတယ်လို့လည်း ထပ်ပြီးပြောဆိုခဲ့ပါသေးတယ်။ PCle Gen4 နဲ့ CCIX interfaces တွေဟာ လက်ရှိအချိန်မှာ 640 Gbps bandwidth အထိပဲ ခွင့်ပြုသေးတာ ဖြစ်ပါတယ်။

Kunpeng 920 CPU တွေကို TaiShan ဆာဗာတွေထဲမှာ Model သုံးမျိုးအနေနဲ့ သုံးစွဲမယ်လို့ မျှော်လင့်ရပါတယ်။ တစ်မျိုးကတော့ သိုလှောင်မှုစွမ်းဆောင်ရည်ကို အဓိကထားမှာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ပိုပြီး ကြီးမားတဲ့ သိုလှောင်မှုကို ထောက်ပံ့နိုင်ဖို့ဖြစ်ပြီး နောက်ဆုံးတစ်မျိုးကတော့ ပထမနှစ်မျိုးကို ညီမျှမှုရှိအောင် ချိန်ညှိပေးမယ်လို့ သိရပါတယ်။

Ref: GSMArena