Zawgyi

Huawei ဟာ ဒီေန႔မွာ တရုတ္ႏုိင္ငံအတြင္း ထုတ္ကုန္သစ္မိတ္ဆက္ပြဲႀကီးတစ္ခုကို ျပဳလုပ္ခဲ့ၿပီး Nova 5 မိသားစုဝင္ စမတ္ဖုန္းသစ္ သုံးမ်ဳိးျဖစ္တဲ့ Nova 5 Pro, Nova 5 နဲ႔ Nova 5i တုိ႔အား မိတ္ဆက္လာခဲ့ပါတယ္။

Huawei nova 5 Pro

Huawei Nova 5 Pro ဟာ ထြက္လာတဲ့မိသားစုဝင္သုံးေယာက္ထဲမွာ အဓိကဟုိက္လိုက္ျဖစ္တာကို မျငင္းႏုိင္ပါဘူး။ OLED Display, ေတာက္ပတဲ့အေရာင္နဲ႔ Under-display Fingerprint တုိ႔ ပါဝင္တဲ့ဖုန္းဟာ 6.39” လက္မအရြယ္ Display ပါဝင္ၿပီး 32MP ဆယ္ဖီကင္မရာထည့္ထားတဲ့ Waterdrop Notch နဲ႔ျဖစ္ပါတယ္။

ေနာက္ဘက္မွာေတာ့ ကင္မရာေလးလုံးထိပါဝင္ၿပီး 48MP အဓိကကင္မရာကို 16MP Wide-angel, 2MP Depth Sensor နဲ႔ 2MP Macro ကင္မရာမ်ားျဖင့္ ဝန္းရံထားပါတယ္။

ဖုန္းရဲ႕အတြင္းပုိင္းမွာ Flagship အဆင့္ Kirin 980 ခ်စ္ပ္ဆက္ကို 8GB RAM မန္မုိရီနဲ႔ တြဲထားၿပီး Storage ကေတာ့ 128 သို႔မဟုတ္ 256 GB ေရြးခ်ယ္ႏုိင္မွာပါ။ Nova 5 Pro မွာ 4,000 mAh ဘကၳရီႀကီးအတြက္ 40W Huawei SuperCharge အားသြင္းစနစ္ပါဝင္ပါတယ္။ ေစ်းႏႈန္းကေတာ့ 8 / 128 GB ေမာ္ဒယ္အတြက္ တရုတ္ယြမ္ေငြ ၂,၉၉၉ (ျမန္မာေငြ ေျခာက္သိန္းေျခာက္ေသာင္း) က်သင့္မွာျဖစ္ၿပီး 8 / 256 GB ဆုိရင္ တရုတ္ယြမ္ ၃,၃၉၉ (ျမန္မာေငြ ခုနစ္သိန္းခြဲဝန္းက်င္) သတ္မွတ္ထားပါတယ္။

သူ႕ထက္ပုိၿပီးေစ်းမ်ားခ်င္ေသးရင္ေတာ့ Huawei Nova 5 Pro Limited Edition ဟာ တရုတ္ယြမ္ေငြ ၃,၇၉၉ (ျမန္မာေငြ ရွစ္သိန္းေလးေသာင္း) က်သင့္ၿပီး အထူးခရမ္းေရာင္ FreeLace နားၾကပ္ပါ ပါဝင္မွာပါ။ လက္ရွိမွာ အၾကိဳအမွာေကာက္ခံေနၿပီး ဇြန္လ ၂၈ ရက္ေန႔မွာ စတင္ တင္ပို႔လာမွာျဖစ္ပါတယ္။

Huawei nova 5

Huawei Nova 5 ဟာ ကုမၸဏီရဲ႕ Kirin 810 ခ်စ္ပ္ဆက္အသစ္နဲ႔ ပြဲထြက္လာတဲ့ ပထမဆုံး စမတ္ဖုန္းပါ။ Kirin 810 မွာ 2.27GHz Cortex-A76 Core ႏွစ္ခုနဲ႔ 1.88GHz Cortex-A55 Core ေျခာက္ခုပါဝင္ၿပီး Mali-G52 MP6 GPU နဲ႔တြဲဖက္ထားပါတယ္။

ခ်စ္ပ္ဆက္အျပင္ေတာ့ အျခား Specs ေတြမွာ Nova 5 Pro နဲ႔အတူတူပဲျဖစ္ၿပီး ေရွ႕ဘက္မွာ Waterdrop Notch နဲ႔ OLED Screen သာမက ေနာက္ဘက္မွာပါ ဆင္တူတဲ့ ကင္မရာေလးလုံးတြဲကို ျမင္ရမွာပါ။ သူကေတာ့ မန္မုိရီေရြးခ်ယ္စရာ တစ္မ်ဳိးပဲရွိၿပီး 8 / 128 GB ေမာ္ဒယ္ကို တရုတ္ယြမ္ ၂,၉၉၉ (ျမန္မာေငြ ေျခာက္သိန္း ေျခာက္ေသာင္းဝန္းက်င္) နဲ႔ မိတ္ဆက္လာပါတယ္။

Huawei nova 5i

ေနာက္ဆုံး Nova 5i ကေတာ့ က်န္တဲ့မိသားစုဝင္ႏွစ္ေယာက္လို ေခတ္ေရွ႕ေျပးေနတဲ့ ခ်စ္ပ္ဆက္အသစ္ေတြအစား Kirin 710 ကိုသာသုံးစြဲလာပါတယ္။ ဒါေပမယ့္ သူကေတာ့ Notch နဲ႔မဟုတ္ဘဲ Punch-hole ကင္မရာနဲ႔ပါ။

Fingerprint ကလည္းေနာက္ဘက္မွာပဲရွိၿပီး 24MP + 8MP + 2MP Depth Sensor + 2MP Macro Lens တုိ႔ပါ။ မန္မုိရီေရြးခ်ယ္စရာကေတာ့ 6 / 128 GB သုိ႔မဟုတ္ 8 / 128 GB ႏွစ္မ်ဳိးရွိပါတယ္။ ဘကၳရီပမာဏက 4,000 mAh ျဖစ္ေပမယ့္ Nova 5 နဲ႔ 5 Pro တုိ႔လိုမဟုတ္ဘဲ ရုိးရုိး 18W အားအျမန္သြင္းစနစ္ကိုသာ အသုံးျပဳထားပါတယ္။

Nova 5i ကေတာ့ Black, Amber Red, Sea Blue ဆုိၿပီး ကာလာသုံးမ်ဳိးထြက္လာကာ တရုတ္ယြမ္ေငြ ၁,၉၉၉ (ျမန္မာေငြ ေလးသိန္းေလးေသာင္းဝန္းက်င္) နဲ႔ ယြမ္ ၂,၁၉၉ (ျမန္မာေငြ ေလးသိန္းရွစ္ေသာင္းေက်ာ္) အသီးသီးက်သင့္မွာပါ။

ဒီဖုန္းေတြအတြက္ ထြက္ရွိရက္ေတြကေတာ့ အတူတူပဲျဖစ္ၿပီး OS နဲ႔ပတ္သက္လို႔ အထူးတလည္ မေျပာခဲ့ေပမယ့္ EMUI 9.1 ကုိ အသုံးျပဳလာတာေတြ႕ရတဲ့အတြက္ အားလုံးဟာ Android Pie ကို အေျခခံထားတာျဖစ္ေၾကာင္း သိႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Huawei ဟာ ဒီနေ့မှာ တရုတ်နိုင်ငံအတွင်း ထုတ်ကုန်သစ်မိတ်ဆက်ပွဲကြီးတစ်ခုကို ပြုလုပ်ခဲ့ပြီး Nova 5 မိသားစုဝင် စမတ်ဖုန်းသစ် သုံးမျိုးဖြစ်တဲ့ Nova 5 Pro, Nova 5 နဲ့ Nova 5i တို့အား မိတ်ဆက်လာခဲ့ပါတယ်။

Huawei nova 5 Pro

Huawei Nova 5 Pro ဟာ ထွက်လာတဲ့မိသားစုဝင်သုံးယောက်ထဲမှာ အဓိကဟိုက်လိုက်ဖြစ်တာကို မငြင်းနိုင်ပါဘူး။ OLED Display, တောက်ပတဲ့အရောင်နဲ့ Under-display Fingerprint တို့ ပါဝင်တဲ့ဖုန်းဟာ 6.39” လက်မအရွယ် Display ပါဝင်ပြီး 32MP ဆယ်ဖီကင်မရာထည့်ထားတဲ့ Waterdrop Notch နဲ့ဖြစ်ပါတယ်။

နောက်ဘက်မှာတော့ ကင်မရာလေးလုံးထိပါဝင်ပြီး 48MP အဓိကကင်မရာကို 16MP Wide-angel, 2MP Depth Sensor နဲ့ 2MP Macro ကင်မရာများဖြင့် ဝန်းရံထားပါတယ်။

ဖုန်းရဲ့အတွင်းပိုင်းမှာ Flagship အဆင့် Kirin 980 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီနဲ့ တွဲထားပြီး Storage ကတော့ 128 သို့မဟုတ် 256 GB ရွေးချယ်နိုင်မှာပါ။ Nova 5 Pro မှာ 4,000 mAh ဘက္ထရီကြီးအတွက် 40W Huawei SuperCharge အားသွင်းစနစ်ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ 8 / 128 GB မော်ဒယ်အတွက် တရုတ်ယွမ်ငွေ ၂,၉၉၉ (မြန်မာငွေ ခြောက်သိန်းခြောက်သောင်း) ကျသင့်မှာဖြစ်ပြီး 8 / 256 GB ဆိုရင် တရုတ်ယွမ် ၃,၃၉၉ (မြန်မာငွေ ခုနစ်သိန်းခွဲဝန်းကျင်) သတ်မှတ်ထားပါတယ်။

သူ့ထက်ပိုပြီးဈေးများချင်သေးရင်တော့ Huawei Nova 5 Pro Limited Edition ဟာ တရုတ်ယွမ်ငွေ ၃,၇၉၉ (မြန်မာငွေ ရှစ်သိန်းလေးသောင်း) ကျသင့်ပြီး အထူးခရမ်းရောင် FreeLace နားကြပ်ပါ ပါဝင်မှာပါ။ လက်ရှိမှာ အကြိုအမှာကောက်ခံနေပြီး ဇွန်လ ၂၈ ရက်နေ့မှာ စတင် တင်ပို့လာမှာဖြစ်ပါတယ်။

Huawei nova 5

Huawei Nova 5 ဟာ ကုမ္ပဏီရဲ့ Kirin 810 ချစ်ပ်ဆက်အသစ်နဲ့ ပွဲထွက်လာတဲ့ ပထမဆုံး စမတ်ဖုန်းပါ။ Kirin 810 မှာ 2.27GHz Cortex-A76 Core နှစ်ခုနဲ့ 1.88GHz Cortex-A55 Core ခြောက်ခုပါဝင်ပြီး Mali-G52 MP6 GPU နဲ့တွဲဖက်ထားပါတယ်။

ချစ်ပ်ဆက်အပြင်တော့ အခြား Specs တွေမှာ Nova 5 Pro နဲ့အတူတူပဲဖြစ်ပြီး ရှေ့ဘက်မှာ Waterdrop Notch နဲ့ OLED Screen သာမက နောက်ဘက်မှာပါ ဆင်တူတဲ့ ကင်မရာလေးလုံးတွဲကို မြင်ရမှာပါ။ သူကတော့ မန်မိုရီရွေးချယ်စရာ တစ်မျိုးပဲရှိပြီး 8 / 128 GB မော်ဒယ်ကို တရုတ်ယွမ် ၂,၉၉၉ (မြန်မာငွေ ခြောက်သိန်း ခြောက်သောင်းဝန်းကျင်) နဲ့ မိတ်ဆက်လာပါတယ်။

Huawei nova 5i

နောက်ဆုံး Nova 5i ကတော့ ကျန်တဲ့မိသားစုဝင်နှစ်ယောက်လို ခေတ်ရှေ့ပြေးနေတဲ့ ချစ်ပ်ဆက်အသစ်တွေအစား Kirin 710 ကိုသာသုံးစွဲလာပါတယ်။ ဒါပေမယ့် သူကတော့ Notch နဲ့မဟုတ်ဘဲ Punch-hole ကင်မရာနဲ့ပါ။

Fingerprint ကလည်းနောက်ဘက်မှာပဲရှိပြီး 24MP + 8MP + 2MP Depth Sensor + 2MP Macro Lens တို့ပါ။ မန်မိုရီရွေးချယ်စရာကတော့ 6 / 128 GB သို့မဟုတ် 8 / 128 GB နှစ်မျိုးရှိပါတယ်။ ဘက္ထရီပမာဏက 4,000 mAh ဖြစ်ပေမယ့် Nova 5 နဲ့ 5 Pro တို့လိုမဟုတ်ဘဲ ရိုးရိုး 18W အားအမြန်သွင်းစနစ်ကိုသာ အသုံးပြုထားပါတယ်။

Nova 5i ကတော့ Black, Amber Red, Sea Blue ဆိုပြီး ကာလာသုံးမျိုးထွက်လာကာ တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ လေးသိန်းလေးသောင်းဝန်းကျင်) နဲ့ ယွမ် ၂,၁၉၉ (မြန်မာငွေ လေးသိန်းရှစ်သောင်းကျော်) အသီးသီးကျသင့်မှာပါ။

ဒီဖုန်းတွေအတွက် ထွက်ရှိရက်တွေကတော့ အတူတူပဲဖြစ်ပြီး OS နဲ့ပတ်သက်လို့ အထူးတလည် မပြောခဲ့ပေမယ့် EMUI 9.1 ကို အသုံးပြုလာတာတွေ့ရတဲ့အတွက် အားလုံးဟာ Android Pie ကို အခြေခံထားတာဖြစ်ကြောင်း သိနိုင်ပါတယ်။

Ref – GSM Arena