[Zawgyi]

Huawei က အိႏၵိယမွာ တက္ဘလက္ တစ္လံုးကို ေၾကညာလိုက္ပါတယ္။ တနလၤာေန႔မွာ ဟြာေ၀းက MediaPad T5 Tablet ကို အိႏၵိယမွာ မိတ္ဆက္လိုက္တာပါ။ ရူပီး ၁၄၉၉၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၃၀ ၀၀၀ ၀န္းက်င္ေလာက္ ရွိပါတယ္။ တက္ဘလက္ကို ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္လုပ္ထားပါတယ္။ 2GB RAM / 16GB Internal Storage နဲ႔ 3GB RAM / 32GB Internal Storage မ်ား ျဖစ္ၿပီး ရူပီး ၁၄၉၉၀ နဲ႔ ၁၆၉၉၀ အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၃၃၀ ၀၀၀ နဲ႔ ၃၇၀ ၀၀၀ ၀န္းက်င္ အသီးသီး က်သင့္မွာ ျဖစ္ပါတယ္။

သူတို႔ကို အိႏၵိယမွာ ဇူလိုင္လ ၁၀ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ တက္ဘလက္မွာ ၁၀.၁ လက္မ Full HD Display တပ္ဆင္ထားၿပီး အရည္အေသြးမွာ 1920×1200 Pixels ျဖစ္ပါတယ္။ Screen-to-body Ratio မွာ ၇၆.၄ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 16:10 ျဖစ္ပါတယ္။ ဟြာေ၀းက Landscape Mode Design ဟာ 1080p Video မ်ားကို ၾကည့္ရႈလို႔ ေကာင္းမြန္တယ္လုိ႔ ေျပာပါတယ္။ စပီကာ ႏွစ္လံုး ပါပါတယ္။ 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏိုင္ပါတယ္။

တက္ဘလက္မွာ Kirin 659 SoC ေမာင္းႏွင္ထားပါတယ္။ အေလးခ်ိန္မွာ ၄၆၀ ဂရမ္ ျဖစ္ပါတယ္။ မိဘမ်ားက ကေလးမ်ားရဲ႕ တက္ဘလက္ အသံုးျပဳမႈကို ထိန္းခ်ဳပ္ႏုိင္တဲ့ Parental Control လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ မ်က္လံုး မထိခိုက္ေစတဲ့ Eye-comfort Mode ပါပါတယ္။ Children’s Corner App ထည့္သြင္းထားၿပီး ကေလးရဲ႕ တက္ဘလက္ အသံုးျပဳမႈကို ကန္႔သတ္ႏိုင္သလို ကေလး ၾကည့္ရႈတဲ့ အရာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Amazon.in ကေန ေရာင္းခ်ေပးမွာပါ။

Ref : economictimes

[Unicode]

Full HD IPS Screen ပါတဲ့ MediaPad T5 Tablet ကို Huawei ကြေညာ

Huawei က အိန္ဒိယမှာ တက်ဘလက် တစ်လုံးကို ကြေညာလိုက်ပါတယ်။ တနင်္လာနေ့မှာ ဟွာဝေးက MediaPad T5 Tablet ကို အိန္ဒိယမှာ မိတ်ဆက်လိုက်တာပါ။ ရူပီး ၁၄၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃၃၀ ၀၀၀ ဝန်းကျင်လောက် ရှိပါတယ်။ တက်ဘလက်ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ထားပါတယ်။ 2GB RAM / 16GB Internal Storage နဲ့ 3GB RAM / 32GB Internal Storage များ ဖြစ်ပြီး ရူပီး ၁၄၉၉၀ နဲ့ ၁၆၉၉၀ အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၃၀ ၀၀၀ နဲ့ ၃၇၀ ၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

သူတို့ကို အိန္ဒိယမှာ ဇူလိုင်လ ၁၀ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ တက်ဘလက်မှာ ၁၀.၁ လက်မ Full HD Display တပ်ဆင်ထားပြီး အရည်အသွေးမှာ 1920×1200 Pixels ဖြစ်ပါတယ်။ Screen-to-body Ratio မှာ ၇၆.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 16:10 ဖြစ်ပါတယ်။ ဟွာဝေးက Landscape Mode Design ဟာ 1080p Video များကို ကြည့်ရှုလို့ ကောင်းမွန်တယ်လို့ ပြောပါတယ်။ စပီကာ နှစ်လုံး ပါပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

တက်ဘလက်မှာ Octa-core Processor မောင်းနှင်ထားပါတယ်။ အလေးချိန်မှာ ၄၆၀ ဂရမ် ဖြစ်ပါတယ်။ မိဘများက ကလေးများရဲ့ တက်ဘလက် အသုံးပြုမှုကို ထိန်းချုပ်နိုင်တဲ့ Parental Control လုပ်ဆောင်ချက်များ ပါပါတယ်။ မျက်လုံး မထိခိုက်စေတဲ့ Eye-comfort Mode ပါပါတယ်။ Children’s Corner App ထည့်သွင်းထားပြီး ကလေးရဲ့ တက်ဘလက် အသုံးပြုမှုကို ကန့်သတ်နိုင်သလို ကလေး ကြည့်ရှုတဲ့ အရာများကို ထိန်းချုပ်နိုင်ပါတယ်။ Amazon.in ကနေ ရောင်းချပေးမှာပါ။

Ref : economictimes