ပြီးခဲ့တဲ့ ရက်တုန်းက Huawei ဟာ Y6p နဲ့ Y5p စမတ်ဖုန်းတွေကို MatePad T8 တက်ဘလက်နဲ့အတူ ရိုမေးနီးယားမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် ဒီစမတ်ဖုန်းနှစ်မျိုးနဲ့ပတ်သက်တဲ့ ကောလာဟလတွေအားလုံးကတော့ တရားဝင်မိတ်ဆက်မှုနဲ့အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Huawei Y6p ကတော့ 6.3-inch IPS panel HD+ resolution နဲ့ဖြစ်ပြီး Waterdrop Notch ထဲမှာ 8MP selfie ကင်မရာတစ်လုံးပါဝင်ပါတယ်။ ကျောဘက်မှာတော့ 13MP အဓိကကင်မရာကို 5MP ultrawide, 2MP depth တွေနဲ့ တွဲဖက်ထားတာကို တွေ့ရပါတယ်။ ကင်မရာတွေအနားမှာတော့ Fingerprint scanner တပ်ဆင်ထားပါတယ်။

Y6p ဟာ Helio P22 Chipset ကို အသုံးပြုထားပြီး 3GB of RAM နဲ့ 64GB of storage ဖြစ်ပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပါတယ်။ အနက်၊ အစိမ်းနဲ့ ခရမ်းရောင်အဖြစ် အရောင်သုံးရောင် ထုတ်ထားပြီး ဈေးနှုန်းကတော့ €165 ဖြစ်တာကြောင့် (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ကျသင့်ပါလိမ့်မယ်။

Huawei Y5p ကတော့ 5.45-inch TFT LCD မျက်နှာပြင်နဲ့ဖြစ်ပြီး ခေတ်ဟောင်းစမတ်ဖုန်းတွေအတိုင်း အပေါ်နဲ့အောက် Bezel ထူထူတွေဖြစ်ပါတယ်။ အပေါ်ဘက် Bezel မှာ 5MP selfie ကင်မရာ တပ်ဆင်ပေးထားပြီး ကျောဘက်မှာတော့ 8MP ကင်မရာနဲ့ LED ဖလက်ရှ်ကိုတပ်ဆင်ပေးထားပါတယ်။

Y5p ဟာ Helio P22 chipset နဲ့ပဲဖြစ်ပေမယ့် 2GB of RAM နဲ့ 32GB storage သာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,020mAh ပမာဏဖြစ်တာကြောင့် ဒီခေတ်အတွက်တော့ နည်းတယ်လို့ပဲ ဆိုရမှာပါ။ အရောင်အားဖြင့် အနက်၊ အပြာနဲ့ စိမ်းဖျော့ရောင်ဆိုပြီး သုံးမျိုးထုတ်ထားပါတယ်။ ဈေးနှုန်းကတော့ €125 ဖြစ်တာကြောင့် (မြန်မာငွေ ၁ သိန်း ၉သောင်း ဝန်းကျင်) ကျသင့်ပါလိမ့်မယ်။

Huawei MatePad T8 ဟာ 8-inch LCD panel 800p (1280 x 800 pixels) resolution နဲ့ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 2MP selfie ကင်မရာ တစ်လုံးနဲ့ ကျောဘက်မှာ 5MP ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ Eight-core MTK8768 chipset အသုံးပြုထားပြီး 2GB of RAM နဲ့တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုကတော့ 16GB နဲ့ 32GB ဆိုပြီး နှစ်မျိုးရှိပါတယ်။

MatePad T8 မှာ 5,100mAh ပမာဏ ဘက်ထရီကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ အရောင်ကတော့ အပြာရောင်တစ်မျိုးပဲ ထုတ်လုပ်ထားတာဖြစ်ပြီး အခြေခံဈေးနှုန်းက €100 ဖြစ်တာကြောင့် (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) ပဲကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSM Arena