Huawei ရဲ့ အခွဲတစ်ခုဖြစ်တဲ့ Honor ဟာ လက်ရှိအချိန်မှာ နာမည်ကြီးနေပြီးတော့ စမတ်ဖုန်းတွေကိုလည်း အများအပြားထုတ်လုပ်လာတာပဲဖြစ်ပါတယ်။ အဆိုပါ Honor စမတ်ဖုန်းတွေထဲကမှ Honor V10 စမတ်ဖုန်းဟာဆိုရင် လက်ရှိ Huawei ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းဖြစ်တဲ့ Huawei Mate 10 Pro နဲ့ တူညီတဲ့ Kirin 970 Processor ကိုအသုံးပြုထားပြီးဈေးနှုန်းအနေနဲ့က တဝက်တောင် သက်သာနေတာပြဲဖစ်ပါတယ်။

အခုအချိန်မှာ အဆိုပါ Honor V10 စမတ်ဖုန်းဟာ အလွန်ထူးခြားတဲ့ Feature တစ်ခုကို Software Update ကနေ ရရှိခဲ့ပြီး အဆိုပါ Feature ကတော့ Honor V10 စမတ်ဖုန်းအချင်းချင်း NFC ကနေ တစ်ဆင့်ချိတ်ဆက်ပြီး သီချင်းတစ်ပုဒ်ထဲကိုပဲ ချိတ်ထားတဲ့ဖုန်းတွေအကုန်လုံးကနေ တပြိုင်နက်ထဲဖွင့်ထားနိုင်တာပဲဖြစ်ပါတယ်။

Honor ကတော့ အခု Feature ဟာ Multi-Channel Sound Effect ကို အကောင်းဆုံးဖန်တီးပေးနိုင်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အဆိုပါ Software Update ဟာ အခု Feature သာမကပဲ Network Optimization Feature နဲ့ Game Suite App တွေပါ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။