[Zawgyi]

လူေတြ စိတ္၀င္တစား ေစာင့္ေမွ်ာ္ေနၾကတဲ့ VR Glass ကို Huawei က တရုတ္မွာ ေရာင္းေပးလိုက္ပါတယ္။ Huawei VR Glass လို႔ နာမည္ေပးထားၿပီး Virtual Reality Headset ျဖစ္ပါတယ္။ ၂,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ဒီဇင္ဘာလမွာ ၀ယ္ယူႏုိင္မွာပါ။ ျမန္မာေငြနဲ႔တြက္ရင္ ၆၅၀,၀၀၀ ေလာက္ရွိပါတယ္။ အထူမွာ ၂၆.၆ မီလီမီတာသာရွိၿပီး Oculus Quest နဲ႔ HTC Vivo Pro တို႔ရဲ႕ ၃ ပံု ၁ ပံုေလာက္ပဲရွိပါတယ္။ ၁၆၆ ဂရမ္ေလာက္ အေလးခ်ိန္ရွိၿပီး ေခါက္ခ်ိဳးႏုိင္တဲ့ ဒီဇိုင္းက လန္းပါတယ္။

ကုမၸဏီက ၀တ္ဆင္ရတာ ေတာ္ေတာ္ သက္ေတာင့္သက္သာရွိတယ္လို႔ ေျပာပါတယ္။ Screen Resolution က 3200×1600 Pixels ျဖစ္ၿပီး Pixel Density က 1058PPI အထိ ပံ့ပိုးထားပါတယ္။ 90 Degree Field-of-view နဲ႔ 70/90Hz Refresh Rate ေတြ ပါပါတယ္။ 3D Sound Effects ထည့္သြင္းထားၿပီး ျမင္ကြင္းက်ယ္ အရသာကို  ခံစားရမွာ ျဖစ္ပါတယ္။

ကုမၸဏီက နာရီေပါင္း ၃၀,၀၀၀ ၾကာ VR Video ေတြကို ၾကည့္ရႈခံစားႏုိင္မယ္လို႔ ေျပာပါတယ္။ နာမည္ႀကီး VR Live Broadcast Platform ၃ ခုနဲ႔ Virtual Games ေပါင္း ၁၀၀ ေက်ာ္ကို ၾကည့္ရႈ ကစားႏုိင္မွာ ျဖစ္ပါတယ္။ အသံပတ္လည္ေျပးစနစ္ပါတဲ့ စပီကာ ၂ လံုးနဲ႔ 3D Sound Stereo ေတြ ပံ့ပိုးေပးထားပါတယ္။ Bluetooth Headphones ေတြနဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။

မ်က္ႏွာနဲ႔ အံ၀င္ခြင္က်ျဖစ္ေအာင္ ဒီဇိုင္းထုတ္ထားတယ္လို႔ Huawei က ေျပာပါတယ္။ ေပ်ာ့ေျပာင္းၿပီး သက္ေတာင့္သက္သာရွိတဲ့ ပရိုတိန္း သားေရ ျဒပ္ထုကို အသံုးျပဳထားပါတယ္။

Ref : gizmochina

[Unicode]

တရုတ်မှာ Huawei VR Glass ကို ရောင်းပြီ

လူတွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ VR Glass ကို Huawei က တရုတ်မှာ ရောင်းပေးလိုက်ပါတယ်။ Huawei VR Glass လို့ နာမည်ပေးထားပြီး Virtual Reality Headset ဖြစ်ပါတယ်။ ၂,၉၉၉ ယွမ် သတ်မှတ်ထားပြီး ဒီဇင်ဘာလမှာ ဝယ်ယူနိုင်မှာပါ။ မြန်မာငွေနဲ့တွက်ရင် ၆၅၀,၀၀၀ လောက်ရှိပါတယ်။ အထူမှာ ၂၆.၆ မီလီမီတာသာရှိပြီး Oculus Quest နဲ့ HTC Vivo Pro တို့ရဲ့ ၃ ပုံ ၁ ပုံလောက်ပဲရှိပါတယ်။ ၁၆၆ ဂရမ်လောက် အလေးချိန်ရှိပြီး ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်းက လန်းပါတယ်။

ကုမ္ပဏီက ဝတ်ဆင်ရတာ တော်တော် သက်တောင့်သက်သာရှိတယ်လို့ ပြောပါတယ်။ Screen Resolution က 3200×1600 Pixels ဖြစ်ပြီး Pixel Density က 1058PPI အထိ ပံ့ပိုးထားပါတယ်။ 90 Degree Field-of-view နဲ့ 70/90Hz Refresh Rate တွေ ပါပါတယ်။ 3D Sound Effects ထည့်သွင်းထားပြီး မြင်ကွင်းကျယ် အရသာကို ခံစားရမှာ ဖြစ်ပါတယ်။

ကုမ္ပဏီက နာရီပေါင်း ၃၀,၀၀၀ ကြာ VR Video တွေကို ကြည့်ရှုခံစားနိုင်မယ်လို့ ပြောပါတယ်။ နာမည်ကြီး VR Live Broadcast Platform ၃ ခုနဲ့ Virtual Games ပေါင်း ၁၀၀ ကျော်ကို ကြည့်ရှု ကစားနိုင်မှာ ဖြစ်ပါတယ်။ အသံပတ်လည်ပြေးစနစ်ပါတဲ့ စပီကာ ၂ လုံးနဲ့ 3D Sound Stereo တွေ ပံ့ပိုးပေးထားပါတယ်။ Bluetooth Headphones တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

မျက်နှာနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ Huawei က ပြောပါတယ်။ ပျော့ပြောင်းပြီး သက်တောင့်သက်သာရှိတဲ့ ပရိုတိန်း သားရေ ဒြပ်ထုကို အသုံးပြုထားပါတယ်။

Ref : gizmochina