[Zawgyi]

တ႐ုတ္ႏိုင္ငံရဲ႕ မ်က္ႏွာဖုံး နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Huawei ဟာ လက္ရွိအခ်ိန္မွာ ကမာၻတစ္ဝန္းက ေဈးကြက္ေတြကို Flagship ေတြနဲ႔ ေအာင္ျမင္စြာ ရယူထားႏိုင္တဲ့ ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ Huawei ဟာ စမတ္ဖုန္းသာမက အျခားနည္းပညာသုံးထုတ္ကုန္ေတြလည္း ထုတ္လုပ္ေနခဲ့ၿပီး Honor အမည္နဲ႔ အမွတ္တံဆိပ္ခြဲကိုလည္း ေအာင္ျမင္စြာ ထူေထာင္ႏိုင္ခဲ့တာပါ။

ဒီေန႔မွာေတာ့ Huawei ေရာ Honor အမွတ္တံဆိပ္ႏွစ္ခုစလုံးက ကမာၻ႔ေဈးကြက္မွာ အခိုင္အမာရပ္တည္ေနႏိုင္တဲ့ အေနအထားတစ္ရပ္ကို ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္ တ႐ုတ္နည္းပညာကုမၸဏီႀကီးက လက္ရွိအေျခအေနနဲ႔ ေရာင့္ရဲတင္းတိမ္ မေနႏိုင္ဘူးဆိုတဲ့အေၾကာင္းကို သတင္းစာ ရွင္းလင္းပြဲမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ပထမဦးဆုံးအေနနဲ႔ Huawei ဟာ စမတ္ဖုန္းထုတ္လုပ္ေရး လုပ္ငန္းႀကီးေတြထဲမွာ ကမာၻ႔နံပါတ္တစ္  ေနရာကို ေရာက္ရွိခ်င္ေနတာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ကေတာ့ ဒီပန္းတိုင္ကို ေရာက္ဖို႔အတြက္ အခ်ိန္မ်ားစြာလိုအပ္ဦးမယ္လို႔ ေျပာခဲ့ရေပမယ့္ အခုေတာ့ Huawei က နံပါတ္ႏွစ္ ေနရာကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုရီးယား ထိပ္တန္းစမတ္ဖုန္းထုတ္လုပ္မႈကုမၸဏီႀကီးျဖစ္တဲ့ Samsung ကို ေက်ာ္တက္ႏိုင္ဖို႔ ပစ္မွတ္ထားေနတာပါ။

ဒါ့အျပင္ သူတို႔ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ကိုလည္း ကမာၻ႔အဆင့္မွာ စတုတၳေနရာကို ေရာက္လာေအာင္ ပစ္မွတ္ထားႀကိဳးစားေနတယ္လို႔ Huawei က ထပ္ေလာင္း အတည္ျပဳေျပာဆိုသြားခဲ့ပါေသးတယ္။ ဒါေၾကာင့္ Huawei, Samsung, Xiaomi ၿပီးတဲ့ေနာက္ Honor အျဖစ္ အစဥ္လိုက္ ရပ္တည္ေနဖို႔ Huawei တို႔က ရည္မွန္းထားတာပါ။ ေနာက္ထပ္ ပန္းတိုင္တစ္ခုကေတာ့ Honor ဟာ တ႐ုတ္ႏိုင္ငံရဲ႕ စမတ္ဖုန္းထုတ္လုပ္မႈမွာ ဒုတိယေနရာအထိ တက္ေရာက္ႏိုင္ဖို႔ျဖစ္တယ္ လို႔လည္း ဆိုပါေသးတယ္။

Ref: GSM Arena

[Unicode]

Honor ကို ကမ္ဘာ့ စတုတ္ထအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်ရေး ဖြစ်စေချင်နေတဲ့ Huawei

တရုတ်နိုင်ငံရဲ့ မျက်နှာဖုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ဟာ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်းက ဈေးကွက်တွေကို Flagship တွေနဲ့ အောင်မြင်စွာ ရယူထားနိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Huawei ဟာ စမတ်ဖုန်းသာမက အခြားနည်းပညာသုံးထုတ်ကုန်တွေလည်း ထုတ်လုပ်နေခဲ့ပြီး Honor အမည်နဲ့ အမှတ်တံဆိပ်ခွဲကိုလည်း အောင်မြင်စွာ ထူထောင်နိုင်ခဲ့တာပါ။

ဒီနေ့မှာတော့ Huawei ရော Honor အမှတ်တံဆိပ်နှစ်ခုစလုံးက ကမ္ဘာ့ဈေးကွက်မှာ အခိုင်အမာရပ်တည်နေနိုင်တဲ့ အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် တရုတ်နည်းပညာကုမ္ပဏီကြီးက လက်ရှိအခြေအနေနဲ့ ရောင့်ရဲတင်းတိမ် မနေနိုင်ဘူးဆိုတဲ့အကြောင်းကို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ Huawei ဟာ စမတ်ဖုန်းထုတ်လုပ်ရေး လုပ်ငန်းကြီးတွေထဲမှာ ကမ္ဘာ့နံပါတ်တစ်  နေရာကို ရောက်ရှိချင်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတော့ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် အချိန်များစွာလိုအပ်ဦးမယ်လို့ ပြောခဲ့ရပေမယ့် အခုတော့ Huawei က နံပါတ်နှစ် နေရာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယား ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကို ကျော်တက်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဒါ့အပြင် သူတို့ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကိုလည်း ကမ္ဘာ့အဆင့်မှာ စတုတ္ထနေရာကို ရောက်လာအောင် ပစ်မှတ်ထားကြိုးစားနေတယ်လို့ Huawei က ထပ်လောင်း အတည်ပြုပြောဆိုသွားခဲ့ပါသေးတယ်။ ဒါကြောင့် Huawei, Samsung, Xiaomi ပြီးတဲ့နောက် Honor အဖြစ် အစဉ်လိုက် ရပ်တည်နေဖို့ Huawei တို့က ရည်မှန်းထားတာပါ။ နောက်ထပ် ပန်းတိုင်တစ်ခုကတော့ Honor ဟာ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းထုတ်လုပ်မှုမှာ ဒုတိယနေရာအထိ တက်ရောက်နိုင်ဖို့ဖြစ်တယ် လို့လည်း ဆိုပါသေးတယ်။

Ref: GSM Arena