Huawei ဟာ မကြာသေးခင်ကပဲ Watch Fit စမတ်နာရီကို မိတ်ဆက်ခဲ့ပြီး E-commerce platform တွေကတစ်ဆင့် ကြိုတင်ရောင်းချခြင်းတွေ ပြုလုပ်နေပါတယ်။ Huawei Watch Fit ကို ဇန်နဝါရီလ ၈ ရက်နေ့မှာ တရားဝင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းက $122 (၁ သိန်း ၆ သောင်း) ဝန်းကျင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက HUAWEI Watch Fit ကို စျေးနှုန်း ၁၁၉,၀၀၀ ကျပ်နဲ့  ရောင်းချနေတာ ဖြစ်ပါတယ်။

ဒီ Device ကို လှပစွဲမက်ဖွယ်ဒီဇိုင်းရှိတဲ့ ဗားရှင်းသစ်နဲ့ တွေ့ရဦးမယ်လို့ Uncle Watching the mountain အမည်ရှိ Tipster က ဆိုပါတယ်။ Watch Fit ရဲ့ Elegant ဗားရှင်းဟာ သတ္တုကိုယ်ထည်အဖြစ် အဆင့်မြှင့်တင်ထားသလို ဖလူအိုရင်းရာဘာလက်ပတ်ကြိုးနဲ့လည်း ဖြစ်မယ်လို့ သိရပါတယ်။

Huawei Watch Fit Elegant ဗားရှင်းရဲ့ဈေးနှုန်းကတော့ သာမန် Watch Fit ထက်ပိုများမှာဖြစ်ပြီး $152 (၂ သိန်းစွန်းစွန်း) ဝန်းကျင် ဖြစ်မယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။ ကိုယ်ထည်ပိုင်းကအဆင့်မြှင့်တင်ထားပေမယ့် Configuration ပိုင်းမှာတော့ ပုံမှန် Watch Fit နဲ့ အတူတူပဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါကြောင့် Elegant ဗားရှင်းမှာလည်း 1.64-inch ထောင့်မှန်စတုဂံပုံ AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး၊ 456 x 280 pixels resolution နဲ့ 325ppi ပဲ ဖြစ်မယ်လို့ ဆိုရပါလိမ့်မယ်။ စမတ်နာရီရဲ့ သိုလှောင်မှုပမာဏကလည်း 4GB ဖြစ်ပြီး၊ စမတ်ဖုန်းနဲ့ချိတ်ဆက်ဖို့ Bluetooth 5.0 ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် GPS နဲ့ Accelerometer, gyroscope, ambient light sensor, optical heart rate sensor နဲ့ SpO2 sensor တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီစမတ်နာရီမှာအသုံးပြုထားတာကတော့ HiSilicon Kirin A1 chipset ဖြစ်ပြီး Animated fitness courses ၁၂ မျိုးလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် HUAWEI TruSeen™ 4.0 (နှလုံးခုန်နှုန်းစောင့်ကြည့်စစ်ဆေးခြင်း), HUAWEI TruSleep™ 2.0 (အိပ်စက်မှုစောင့်ကြည့်စစ်ဆေးခြင်း), HUAWEI TruRelax™ (စိတ်ဖိစီးမှုစောင့်ကြည့်စစ်ဆေးခြင်း), သွေးတွင်းအောက်စီဂျင်အဆင့်ကို စစ်ဆေးခြင်း, ဓမ္မတာစက်ဝန်းကို စောင့်ကြည့်ခြေရာခံခြင်း, app notifications, call & messages alerts, reminders, weather, alarm, stopwatch နဲ့ အခြား လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

Huawei Watch Fit ဟာ ရေစိုခံနိုင်စွမ်း 5ATM အထိလည်း ရှိမှာဖြစ်ပါတယ်။ အရွယ်အစားကတော့ 46 x 30 x 10.7mm (Tracker တစ်ခုတည်း) ဖြစ်ပြီး အလေးချိန်က 21g (ကြိုးမပါ) ဖြစ်ပါတယ်။ တစ်ကြိမ်အားသွင်းပြီးရင် ၁၀ ရက်ကြာ အသင့်သုံးနိုင်မယ်လို့ သိရပါတယ်။

Ref: Gizmochina