[Zawgyi]

မတ္လဆန္းကတည္းက သတင္းထြက္ခဲ့တဲ့ Huawei Watch GT2 ေတြဟာ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေတာ့မယ္လို႔ သိရပါတယ္။ ဒီလဆန္းတုန္းကမွ Watch GT2 ေတြရဲ႕ တရားဝင္႐ုပ္ပုံေတြ ေပၚထြက္ခဲ့တာလည္းျဖစ္ၿပီး အျခားအေသးစိတ္အခ်က္အလက္ေတာ့ Huawei က ထုတ္ေဖာ္ခဲ့ျခင္း မရွိပါဘူး။

စက္တင္ဘာ ၁၉ ရက္ေန႔ဟာ Huawei Mate 30 series ေတြကို ပြဲထုတ္မယ့္ရက္လည္း ျဖစ္ပါတယ္။ တ႐ုတ္နည္းပညာကုမၸဏီႀကီးက သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြကို ပြဲထုတ္ခ်ိန္မွာ ၂၀၁၉ အတြက္ စမတ္နာရီေတြျဖစ္တဲ့ Watch GT2 ေတြကိုလည္း တစ္ပါတည္း ပြဲထုတ္ခ်င္တာ ျဖစ္ပါတယ္။

Watch GT2 ေတြကို ေၾကညာမယ့္အေၾကာင္းကို Huawei က Weibo မွာ ဗီဒီယိုဖိုင္တင္ၿပီး အသိေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ Watch GT2 ဗီဒီယိုဟာ Kirin A1 chip ကို သုံးထားတယ္ဆိုတဲ့အခ်က္နဲ႔ ေၾကညာမယ့္ရရက္ကိုပဲ ေဖာ္ျပခဲ့ၿပီး အျခားအေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပျခင္းမရွိပါဘူး။

ဒါေၾကာင့္ Watch GT2 နဲ႔သက္ဆိုင္တဲ့ အခ်က္အလက္ေတြဟာ ၿပီးခဲ့တဲ့ေပါက္ၾကားမႈတုန္းက သိခဲ့ရတဲ့အတိုင္း Build-in GPS နဲ႔ Optical heart rate monitor ပါလာမယ္၊ စမတ္နာရီရဲ႕ကိုယ္ထည္မွာ Mic နဲ႔ စပီကာလည္း ပါလာမယ္၊ 445 mAh ဘက္ထရီကို သုံးထားမယ္ဆိုတာေတြကိုပဲ အေျပာင္းအလဲမရွိဆက္ၿပီး မွတ္ထားရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Watch GT2 ကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကြေညာမည်ဖြစ်ကြောင်း Huawei ထုတ်ပြန်

မတ်လဆန်းကတည်းက သတင်းထွက်ခဲ့တဲ့ Huawei Watch GT2 တွေဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မယ်လို့ သိရပါတယ်။ ဒီလဆန်းတုန်းကမှ Watch GT2 တွေရဲ့ တရားဝင်ရုပ်ပုံတွေ ပေါ်ထွက်ခဲ့တာလည်းဖြစ်ပြီး အခြားအသေးစိတ်အချက်အလက်တော့ Huawei က ထုတ်ဖော်ခဲ့ခြင်း မရှိပါဘူး။

စက်တင်ဘာ ၁၉ ရက်နေ့ဟာ Huawei Mate 30 series တွေကို ပွဲထုတ်မယ့်ရက်လည်း ဖြစ်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးက သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို ပွဲထုတ်ချိန်မှာ ၂၀၁၉ အတွက် စမတ်နာရီတွေဖြစ်တဲ့ Watch GT2 တွေကိုလည်း တစ်ပါတည်း ပွဲထုတ်ချင်တာ ဖြစ်ပါတယ်။

Watch GT2 တွေကို ကြေညာမယ့်အကြောင်းကို Huawei က Weibo မှာ ဗီဒီယိုဖိုင်တင်ပြီး အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Watch GT2 ဗီဒီယိုဟာ Kirin A1 chip ကို သုံးထားတယ်ဆိုတဲ့အချက်နဲ့ ကြေညာမယ့်ရရက်ကိုပဲ ဖော်ပြခဲ့ပြီး အခြားအသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

ဒါကြောင့် Watch GT2 နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေဟာ ပြီးခဲ့တဲ့ပေါက်ကြားမှုတုန်းက သိခဲ့ရတဲ့အတိုင်း Build-in GPS နဲ့ Optical heart rate monitor ပါလာမယ်၊ စမတ်နာရီရဲ့ကိုယ်ထည်မှာ Mic နဲ့ စပီကာလည်း ပါလာမယ်၊ 445 mAh ဘက်ထရီကို သုံးထားမယ်ဆိုတာတွေကိုပဲ အပြောင်းအလဲမရှိဆက်ပြီး မှတ်ထားရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena