[Zawgyi]

Huawei Watch GT ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက Mate 20 Series နဲ႔အတူ ပြဲထြက္ခဲ့ပါတယ္။ အခုလည္း တ႐ုတ္နည္းပညာကုမၸဏီႀကီးဟာ လာမယ့္ စက္တင္ဘာ ၁၉ Mate 30 event မွာ Huawei Watch GT2 ကို ဆက္ၿပီး မိတ္ဆက္သြားမယ္လို႔ ယူဆရပါတယ္။

Watch GT2 နဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ လြန္ခဲ့တဲ့ မတ္လဆန္းကတည္းက ထြက္ခဲ့တာပါ။ ဒါေပမယ့္ စက္တင္ဘာလဆန္းေရာက္မွပဲ Huawei Watch GT2 ေတြရဲ႕ တရားဝင္ ႐ုပ္ပုံေတြ ေပါက္ၾကားထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ မူလထြက္ခဲ့တဲ့ Watch GT နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ သိပ္ၿပီး ႀကီးႀကီးမားမား ကြာျခားသြားတဲ့ ပုံစံမရွိေပမယ့္ ပိုေကာင္းလာတဲ့ ပုံစံကေတာ့ျမင္လိုက္တာနဲ႔ သိရွိသြားမယ္လို႔ ထင္ပါတယ္။

မ်က္ႏွာျပင္က ပိုၿပီးႀကီးလာေပမယ့္ ေဘးေဘာင္ေတြကေတာ့ ပိုၿပီးေသးသြားပါတယ္။ နာရီတစ္လုံးလုံးကို ၿခဳံၾကည့္မယ္ဆိုရင္ ပိုၿပီးပါးသြားသလို က်စ္လ်စ္သြားတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ ဘက္ထရီပမာဏကေတာ့ ပိုၿပီးႀကီးလာပါတယ္။ 420 mAh ကေန 445 mAh ကို ျမင့္တက္လာတာပါ။

Watch GT2 မွာ Mic နဲ႔ စပီကာလည္း ပါဝင္လာပါတယ္။ ဒါေၾကာင့္ ဖုန္းေခၚဆိုမႈကို နာရီကေန တိုက္႐ိုက္ျပဳလုပ္ႏိုင္မယ္လို႔ ဆိုႏိုင္ပါတယ္။ အခ်ိဳ႕အမ်ိဳးအစားေတြကလည္း ဆယ္လူလာခ်ိတ္ဆက္မႈ ျပဳလုပ္ႏိုင္မယ္လို႔ သတင္းထြက္ထားတာေၾကာင့္ အံ့အားသင့္စရာေတြ ျမင္လာရႏိုင္ပါတယ္။

GPS ကေတာ့ Built-in ျဖစ္ၿပီး ႏွလုံးခုန္ႏႈန္းကိုလည္း ေစာင့္ၾကည့္ႏိုင္ပါတယ္။ ေပါက္ၾကားလာတဲ့႐ုပ္ပုံေတြအရ အနည္းဆုံး ပုံစံႏွစ္မ်ိဳးေ႐ြးခ်ယ္ႏိုင္မွာပါ။ Huawei Watch GT2 Sport ကေတာ့ တစ္ခုလုံးအနက္ေရာင္ျဖစ္ၿပီး ရာဘာလက္ပတ္ႀကိဳးနဲ႔ပါ။ Watch GT2 Classic ကေတာ့ အနက္နဲ႔ ေငြေရာင္ ျဖစ္ၿပီး သားေရလက္ပတ္ႀကိဳးနဲ႔ ျဖစ္ပါတယ္။ OS ကေတာ့ Huawei ရဲ႕ ကိုယ္ပိုင္ OS ပဲ ျဖစ္ပါလိမ့္မယ္။

Ref: GSM Arena

[Unicode]

Huawei Watch GT 2 တရားဝင် ရုပ်ပုံတွေ ထွက်လာပြီ

Huawei Watch GT ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Mate 20 Series နဲ့အတူ ပွဲထွက်ခဲ့ပါတယ်။ အခုလည်း တရုတ်နည်းပညာကုမ္ပဏီကြီးဟာ လာမယ့် စက်တင်ဘာ ၁၉ Mate 30 event မှာ Huawei Watch GT2 ကို ဆက်ပြီး မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Watch GT2 နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ လွန်ခဲ့တဲ့ မတ်လဆန်းကတည်းက ထွက်ခဲ့တာပါ။ ဒါပေမယ့် စက်တင်ဘာလဆန်းရောက်မှပဲ Huawei Watch GT2 တွေရဲ့ တရားဝင် ရုပ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မူလထွက်ခဲ့တဲ့ Watch GT နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ သိပ်ပြီး ကြီးကြီးမားမား ကွာခြားသွားတဲ့ ပုံစံမရှိပေမယ့် ပိုကောင်းလာတဲ့ ပုံစံကတော့မြင်လိုက်တာနဲ့ သိရှိသွားမယ်လို့ ထင်ပါတယ်။

မျက်နှာပြင်က ပိုပြီးကြီးလာပေမယ့် ဘေးဘောင်တွေကတော့ ပိုပြီးသေးသွားပါတယ်။ နာရီတစ်လုံးလုံးကို ခြုံကြည့်မယ်ဆိုရင် ပိုပြီးပါးသွားသလို ကျစ်လျစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘက်ထရီပမာဏကတော့ ပိုပြီးကြီးလာပါတယ်။ 420 mAh ကနေ 445 mAh ကို မြင့်တက်လာတာပါ။

Watch GT2 မှာ Mic နဲ့ စပီကာလည်း ပါဝင်လာပါတယ်။ ဒါကြောင့် ဖုန်းခေါ်ဆိုမှုကို နာရီကနေ တိုက်ရိုက်ပြုလုပ်နိုင်မယ်လို့ ဆိုနိုင်ပါတယ်။ အချို့အမျိုးအစားတွေကလည်း ဆယ်လူလာချိတ်ဆက်မှု ပြုလုပ်နိုင်မယ်လို့ သတင်းထွက်ထားတာကြောင့် အံ့အားသင့်စရာတွေ မြင်လာရနိုင်ပါတယ်။

GPS ကတော့ Built-in ဖြစ်ပြီး နှလုံးခုန်နှုန်းကိုလည်း စောင့်ကြည့်နိုင်ပါတယ်။ ပေါက်ကြားလာတဲ့ရုပ်ပုံတွေအရ အနည်းဆုံး ပုံစံနှစ်မျိုးရွေးချယ်နိုင်မှာပါ။ Huawei Watch GT2 Sport ကတော့ တစ်ခုလုံးအနက်ရောင်ဖြစ်ပြီး ရာဘာလက်ပတ်ကြိုးနဲ့ပါ။ Watch GT2 Classic ကတော့ အနက်နဲ့ ငွေရောင် ဖြစ်ပြီး သားရေလက်ပတ်ကြိုးနဲ့ ဖြစ်ပါတယ်။ OS ကတော့ Huawei ရဲ့ ကိုယ်ပိုင် OS ပဲ ဖြစ်ပါလိမ့်မယ်။

Ref: GSM Arena