[Zawgyi]

စက္တင္ဘာလက ေၾကညာခဲ့တဲ့ Huawei Watch GT 2 ကို အိႏၵိယမွာ လာမယ့္ ၁ ပတ္အတြင္း ခ်ျပေတာ့မွာပါ။ ေၾကညာမယ့္ ေန႔ကိုေတာ့ ကုမၸဏီက မေျပာေသးပါဘူး။ ဒါေပမယ့္ Official Indian Site မွာ Notify Me Button ကို ထည့္သြင္းေပးလိုက္ၿပီး Amazon.in နဲ႔ Flipkart တို႔ကေန ေရာင္းမယ္လို႔ သတင္းေပးထားပါတယ္။

Watch GT 2 မွာ Kirin A1 SoC ေမာင္းႏွင္ထားပါတယ္။ ၄၂ မီလီမီတာနဲ႔ ၄၆ မီလီမီတာ ဆိုၿပီး အရြယ္အစား ၂ မ်ိဳး ထုတ္္လုပ္ေပးထားပါတယ္။ ပထမ ေမာ္ဒယ္အတြက္ Night Black အေရာင္နဲ႔ ဒုတိယ ေမာ္ဒယ္အတြက္ Matte Black, Pebble Brown,  Titanium Grey စတဲ့ အေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။

အရြယ္ေသး ေမာ္ဒယ္မွာ ၁.၂ လက္မ AMOLED Display ပါၿပီး 390x390p Resolution ျဖစ္ပါတယ္။ အရြယ္ႀကီး ေမာ္ဒယ္မွာ ၁.၃၉ လက္မ AMOLED Display ထည့္ထားၿပီး 454x454p Resolution ရွိပါတယ္။ ၄၂ မီလီမီတာ ေမာ္ဒယ္မွာ 16MB RAM , 4GB Storage နဲ႔ 215mAh Battery ေတြ ပါပါတယ္။  ၄၆ မီလီမီတာ ေမာ္ဒယ္မွာ တူညီတဲ့ Storage ပါေပမယ့္ RAM က ၂ ဆ ပိုမ်ားသြားၿပီး  455mAh Battery ထည့္ထားပါတယ္။

Bluetooth 5.1 , GPS နဲ႔ ေရအနက္ ၅၀ မီတာ အထိ ၀တ္ဆင္ႏုိင္တဲ့ စြမ္းရည္ေတြ ပါပါတယ္။ ႏွလံုုးခုန္ႏႈန္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈေတြကို တိုင္းတာေပးပါတယ္။ အရြယ္ႀကီး ေမာ္ဒယ္မွာ Bluetooth Calling ပါပါတယ္။

Ref : gsmarena

[Unicode]

Huawei Watch GT 2 ကို အိန္ဒိယမှာ Amazon နဲ့ Flipkart တို့ကနေ ရောင်းမည်

စက်တင်ဘာလက ကြေညာခဲ့တဲ့ Huawei Watch GT 2 ကို အိန္ဒိယမှာ လာမယ့် ၁ ပတ်အတွင်း ချပြတော့မှာပါ။ ကြေညာမယ့် နေ့ကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။ ဒါပေမယ့် Official Indian Site မှာ Notify Me Button ကို ထည့်သွင်းပေးလိုက်ပြီး Amazon.in နဲ့ Flipkart တို့ကနေ ရောင်းမယ်လို့ သတင်းပေးထားပါတယ်။

Watch GT 2 မှာ Kirin A1 SoC မောင်းနှင်ထားပါတယ်။ ၄၂ မီလီမီတာနဲ့ ၄၆ မီလီမီတာ ဆိုပြီး အရွယ်အစား ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ ပထမ မော်ဒယ်အတွက် Night Black အရောင်နဲ့ ဒုတိယ မော်ဒယ်အတွက် Matte Black, Pebble Brown, Titanium Grey စတဲ့ အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။

အရွယ်သေး မော်ဒယ်မှာ ၁.၂ လက်မ AMOLED Display ပါပြီး 390x390p Resolution ဖြစ်ပါတယ်။ အရွယ်ကြီး မော်ဒယ်မှာ ၁.၃၉ လက်မ AMOLED Display ထည့်ထားပြီး 454x454p Resolution ရှိပါတယ်။ ၄၂ မီလီမီတာ မော်ဒယ်မှာ 16GB RAM , 4GB Storage နဲ့ 215mAh Battery တွေ ပါပါတယ်။ ၄၆ မီလီမီတာ မော်ဒယ်မှာ တူညီတဲ့ Storage ပါပေမယ့် RAM က ၂ ဆ ပိုများသွားပြီး 455mAh Battery ထည့်ထားပါတယ်။

Bluetooth 5.1 , GPS နဲ့ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်တဲ့ စွမ်းရည်တွေ ပါပါတယ်။ နှလုံးခုန်နှုန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာပေးပါတယ်။ အရွယ်ကြီး မော်ဒယ်မှာ Bluetooth Calling ပါပါတယ်။

Ref : gsmarena