Unicode

Huawei ကနေ အခုအချိန်မှာ Freebuds True Wireless Earphones တွေကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့် နောက်ထပ် True Wireless Earphone တွေကို ထပ်ပြီး မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ ဒါကလည်း Huawei စမတ်ဖုန်းတွေထဲမှာ နာမည်ရရှိပြီးသား Series တစ်ခုဖြစ်တဲ့ Nova Series အနေနဲ့ မိတ်ဆက်လာမှာပါ။

Huawei ကနေ အဆိုပါ Novabuds လို့ နာမည်ပေးထားတဲ့ True Wireless Earphone တွေကို EUIPO (European Union Intellectual Property Office) ဆီမှာ မှုပိုင်ခွင့်ရယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Huawei Novabuds ဟာ EUIPO ဆီမှာ VR Gaming Augmented Headset ၊ Mobile Phone Headset ၊ In-ear Headset နဲ့ တခြားသော Audio Earphone ခေါင်းစဥ်တွေအောက်မှာ Trademark ရယူခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Huawei Novabuds တွေနဲ့ ပတ်သတ်တဲ့တခြားသော အချက်အလက်တွေနဲ့ Design ပိုင်းကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ Huawei Freebuds 3 လိုမျိုးပဲ AirPods ကို အခြေခံတဲ့ Design ပုံစံမျိုးနဲ့ မိတ်ဆက်လာနိုင်ပါတယ်။

Huawei ရဲ့ Nova Series ဟာ နောက်ပိုင်းမှာ Huawei ဆီကနေ ခွဲထွက်ပြီးတော့ သီးသန့် Brand တစ်ခုဖြစ်လာမယ်လို့လည်း သတင်းထွက်ပေါ်နေပြီးတော့ အဲ့ဒီလိုမျိုးဖြစ်လာမယ်ဆိုရင် ဒီ Novabuds အပြင် အခြားသော Nova Series Wearable တွေပါ ထွက်ပေါ်လာနိုင်ပါတယ်။

Ref – Gizmo China

Zawgyi





Ref – Gizmo China