Zawgyi

Huawei ကေန အခုအခ်ိန္မွာ စမတ္ဖုန္းေတြအပါအဝင္ တျခားေသာ TV နဲ႔ Smartwatch ေတြမွာပါ အသုံးျပဳႏိုင္မယ့္ HarmonyOS ကို တရားဝင္မိတ္ဆက္ထားၿပီး ျဖစ္ပါတယ္။ အခု HarmonyOS ဟာ Micro Kernel ေတြကို အေျခခံထားတဲ့အတြက္ Android App ေတြကိုပါ Run ႏိုင္မယ္လို႔လည္း သိရပါတယ္။

Huawei ကေတာ့ တကယ္လို႔ Android OS ကို အသုံးမျပဳႏိုင္ခဲ့ရင္ Huawei Mate 30 နဲ႔ Mate 30 Pro ဖုန္းေတြမွာ HarmonyOS ကို စတင္အသုံးျပဳမယ္လို႔ ေျပာၾကားခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ Backup Plan အေနနဲ႔ပဲ ရွိေနေသးတာျဖစ္ပါတယ္။ Mate 30 Series ဖုန္းေတြအျပင္တျခားေသာ စမတ္ဖုန္းေတြမွာလည္း ေလာေလာဆယ္မွာေတာ့ Android OS ကိုပဲ ဆက္ၿပီး အသုံးျပဳေနဦးမွာပါ။

စမတ္ဖုန္းေတြမွာ HarmonyOS အသစ္ကို အသုံးျပဳလာမွာဦးမွာမဟုတ္ေပမယ့္ Huawei ကေတာ့ က်ိန္းေသ HarmonyOS ကို အသုံးျပဳၿပီးေတာ့ Television နဲ႔ Smartwatch ကို ယခုႏွစ္အတြင္းမွာတင္ မိတ္ဆက္သြားမယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။ Huawei အေနနဲ႔ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းကလည္း HarmonyOS ကို အသုံးျပဳထားတဲ့ Honor Vision Smart TV ေတြကို မိတ္ဆက္ထားခဲ့တဲ့အတြက္ Television ဆိုတာက Honor Vision TV ေတြကို ေျပာတာလား၊ Huawei နာမည္နဲ႔ ေနာက္ထပ္ Smart TV ေတြကို မိတ္ဆက္လာမွာလားဆိုတာကေတာ့ မသိရွိရေသးပါဘူး။

Smart TV ထက္ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Smartwatch ပဲျဖစ္ၿပီး Huawei က ယခုႏွစ္အတြင္းမွာ မိတ္ဆက္မယ္ဆိုတာကို အတည္ျပဳထားတဲ့အတြက္ မႏွစ္တုန္းက မိတ္ဆက္ထားခဲ့တဲ့ Huawei Watch GT ရဲ႕ မ်ိဳးဆက္သစ္က HarmonyOS ကို အသုံးျပဳၿပီး မိတ္ဆက္လာႏိုင္ပါတယ္။ မႏွစ္က ထြက္ရွိခဲ့တဲ့ Huawei Watch GT က Android Wear OS ကို အသုံးျပဳထားတာျဖစ္ၿပီးေတာ့ Smartwatch ေတြထဲမွာ ေအာင္ျမင္မႈရရွိခဲ့တာလည္း ျဖစ္ပါတယ္။

Huawei အေနနဲ႔ ဒီလိုမ်ိဳး စမတ္ဖုန္းေတြအစား Smartwatch နဲ႔ Smart TV ေတြမွာ HarmonyOS ကို စတင္အသုံးျပဳရတာက Standard တစ္ခုကို တစ္ဖက္ကထိန္းၿပီး တျခားတဖက္မွာ Ecosystem အသစ္တစ္ခုကို တည္ေဆာက္ခ်င္တာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ Samsung အေနနဲ႔လည္း သူ႔ရဲ႕စမတ္ဖုန္းေတြမွာ Android OS ကိုအသုံးျပဳေနေပမယ့္ Smartwatch ေတြမွာ ကိုယ္ပိုင္ TizenOS ကို သုံးေနတဲ့အတြက္ Huawei အေနနဲ႔လည္း အလားတူျပဳလုပ္ခ်င္တဲ့ပုံစံပါပဲ။

Ref – Android Authority

Unicode

Huawei ကနေ အခုအချိန်မှာ စမတ်ဖုန်းတွေအပါအဝင် တခြားသော TV နဲ့ Smartwatch တွေမှာပါ အသုံးပြုနိုင်မယ့် HarmonyOS ကို တရားဝင်မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ အခု HarmonyOS ဟာ Micro Kernel တွေကို အခြေခံထားတဲ့အတွက် Android App တွေကိုပါ Run နိုင်မယ်လို့လည်း သိရပါတယ်။

Huawei ကတော့ ဒီ HarmonyOS ဟာ တကယ်လို့ Android OS ကို အသုံးမပြုနိုင်ခဲ့ရင် Huawei Mate 30 နဲ့ Mate 30 Pro ဖုန်းတွေမှာ စတင်အသုံးပြုမယ်လို့ ပြောကြားခဲ့ပြီးတော့ လက်ရှိအချိန်မှာတော့ Backup Plan အနေနဲ့ပဲ ရှိနေသေးတာဖြစ်ပါတယ်။ Mate 30 Series ဖုန်းတွေအပြင်တခြားသော စမတ်ဖုန်းတွေမှာလည်း လောလောဆယ်မှာတော့ Android OS ကိုပဲ ဆက်ပြီး အသုံးပြုနေဦးမှာပါ။

အခုလိုမျိုး စမတ်ဖုန်းတွေမှာတော့ HarmonyOS အသစ်ကို အသုံးပြုလာမှာဦးမှာမဟုတ်ပေမယ့် Huawei ကတော့ ကျိန်းသေ HarmonyOS ကို အသုံးပြုပြီးတော့ Television နဲ့ Smartwatch ကို ယခုနှစ်အတွင်းမှာတင် မိတ်ဆက်သွားမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ Huawei အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း HarmonyOS ကို အသုံးပြုထားတဲ့ Honor Vision Smart TV တွေကို မိတ်ဆက်ထားခဲ့တဲ့အတွက် Television ဆိုတာက Honor Vision TV တွေကို ပြောတာလား၊ Huawei နာမည်နဲ့ နောက်ထပ် Smart TV တွေကို မိတ်ဆက်လာမှာလားဆိုတာကတော့ မသိရှိရသေးပါဘူး။

Smart TV ထက် စိတ်ဝင်စားဖို့ကောင်းတာကတော့ Smartwatch ပဲဖြစ်ပြီး Huawei က ယခုနှစ်အတွင်းမှာ မိတ်ဆက်မယ်ဆိုတာကို အတည်ပြုထားတဲ့အတွက် မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Huawei Watch GT ရဲ့ မျိုးဆက်သစ်က HarmonyOS ကို အသုံးပြုပြီး မိတ်ဆက်လာနိုင်ပါတယ်။ မနှစ်က ထွက်ရှိခဲ့တဲ့ Huawei Watch GT က Android Wear OS ကို အသုံးပြုထားတာဖြစ်ပြီးတော့ Smartwatch တွေထဲမှာ အောင်မြင်မှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Huawei အနေနဲ့ ဒီလိုမျိုး စမတ်ဖုန်းတွေအစား Smartwatch နဲ့ Smart TV တွေမှာ HarmonyOS ကို စတင်အသုံးပြုရတာက Standard တစ်ခုကို တစ်ဖက်ကထိန်းပြီး တခြားတဖက်မှာ Ecosystem အသစ်တစ်ခုကို တည်ဆောက်ချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Samsung အနေနဲ့လည်း သူ့ရဲ့စမတ်ဖုန်းတွေမှာ Android OS ကိုအသုံးပြုနေပေမယ့် Smartwatch တွေမှာ ကိုယ်ပိုင် TizenOS ကို သုံးနေတဲ့အတွက် Huawei အနေနဲ့လည်း အလားတူပြုလုပ်ချင်တဲ့ပုံစံပါပဲ။

Ref – Android Authority