[Zawgyi]

Huawei ဟာ ကုန္သြယ္ေရးစစ္ေၾကာင့္ ပိတ္ဆို႔ခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ ေမလတုန္းက ရက္ ၉၀ ကန႔္သတ္ခ်က္နဲ႔အတူ ခြင့္ျပဳခ်က္ရခဲ့ပါတယ္။ ဒီကန႔္သတ္ကာလ ျပည့္ကာနီးအခ်ိန္မွာ အေမရိကန္ျပည္ေထာင္စု စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဦးစီးဌာနက ေနာက္ထပ္ ရက္ ၉၀ ဆိုင္းငံ့ကာလကို ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီသတင္းက တရားဝင္ထြက္ေပၚလာတာ မဟုတ္ေသးေပမယ့္ Reuters သတင္းဌာနကေတာ့ အေမရိကန္ရဲ႕အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တစ္ခုကေန ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။ အေမရိကန္ကုမၸဏီေတြအေနနဲ႔ Huawei နဲ႔ ဆက္လက္လုပ္ကိုင္ခြင့္ရမွာျဖစ္ေပမယ့္ ကန႔္သတ္ခ်က္တစ္ခ်ိဳ႕လည္း ရွိေနျပန္ပါတယ္။

ထပ္မံတိုးျမႇင့္လိုက္တဲ့ ရက္ေပါင္း ၉၀ အတြင္းမွာ အေမရိကန္ကုမၸဏီေတြအေနနဲ႔ ျပဳျပင္ဖို႔ မရွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းေတြနဲ႔ လက္ရွိအျပည့္အဝလည္ပတ္လုပ္ကိုင္ေနတဲ့ ကြန္ရက္ေတြအတြက္ ေထာက္ပံ့ေပးႏိုင္တဲ့ အစိတ္အပိုင္းေတြ ကိုပဲ Huawei ကို ေရာင္းခ်ခြင့္ရွိတာ ျဖစ္ပါတယ္။ ဒီအထဲမွာ Software Updates နဲ႔ Patches ေတြလည္း ပါဝင္ပါတယ္။

ထရမ့္အစိုးရရဲ႕ ပိတ္ပင္ျခင္းတစ္ဘက္မွာေတာ့ တ႐ုတ္နည္းပညာကုမၸဏီႀကီးဟာ ကိုယ္ပိုင္ OS ကို တြင္တြင္က်ယ္က်ယ္အသုံးျပဳႏိုင္ဖို႔ အရွိန္ျမႇင့္တင္ေနတာကို ေတြ႕ရပါတယ္။ အလားတူပဲ စမတ္ဖုန္းရဲ႕ Hardware ပိုင္းအားလုံးကိုလည္း အမွီအခိုကင္းကင္းနဲ႔ ကိုယ္ပိုင္ထုတ္လုပ္မႈေတြ ျဖစ္လာေအာင္ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

ကိန္းဂဏန္းအခ်က္အလက္ေတြအရ Huawei ဟာ ဒီႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာ စမတ္ဖုန္းအလုံးေရေပါင္း ၁၁၈ သန္း ဝန္းက်င္ကို ကမာၻ႔ေဈးကြက္ဆီ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာကို ေတြ႕ျမင္ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ကုမၸဏီဟာ ဟန္းဆက္ေပါင္း ၂၀၆ သန္းကို တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ၿပီး Samsung နဲ႔ Apple တို႔ေနာက္ တတိယေနရာကို ေရာက္ရွိခဲ့ပါတယ္။

Ref: GSM Arena

[Unicode]

အမေရိကန်နဲ့ Huawei တို့ကြား အရောင်းအဝယ်ပြုလုပ်ခွင့်ကို နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းတိုးလိုက်ကြောင်း သတင်းထွက်ပေါ်လာ

Huawei ဟာ ကုန်သွယ်ရေးစစ်ကြောင့် ပိတ်ဆို့ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ မေလတုန်းက ရက် ၉၀ ကန့်သတ်ချက်နဲ့အတူ ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒီကန့်သတ်ကာလ ပြည့်ကာနီးအချိန်မှာ အမေရိကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက နောက်ထပ် ရက် ၉၀ ဆိုင်းငံ့ကာလကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းက တရားဝင်ထွက်ပေါ်လာတာ မဟုတ်သေးပေမယ့် Reuters သတင်းဌာနကတော့ အမေရိကန်ရဲ့အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုကနေ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Huawei နဲ့ ဆက်လက်လုပ်ကိုင်ခွင့်ရမှာဖြစ်ပေမယ့် ကန့်သတ်ချက်တစ်ချို့လည်း ရှိနေပြန်ပါတယ်။

ထပ်မံတိုးမြှင့်လိုက်တဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ပြုပြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ လက်ရှိအပြည့်အဝလည်ပတ်လုပ်ကိုင်နေတဲ့ ကွန်ရက်တွေအတွက် ထောက်ပံ့ပေးနိုင်တဲ့ အစိတ်အပိုင်းတွေ ကိုပဲ Huawei ကို ရောင်းချခွင့်ရှိတာ ဖြစ်ပါတယ်။ ဒီအထဲမှာ Software Updates နဲ့ Patches တွေလည်း ပါဝင်ပါတယ်။

ထရမ့်အစိုးရရဲ့ ပိတ်ပင်ခြင်းတစ်ဘက်မှာတော့ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ ကိုယ်ပိုင် OS ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ဖို့ အရှိန်မြှင့်တင်နေတာကို တွေ့ရပါတယ်။ အလားတူပဲ စမတ်ဖုန်းရဲ့ Hardware ပိုင်းအားလုံးကိုလည်း အမှီအခိုကင်းကင်းနဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုတွေ ဖြစ်လာအောင် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ကိန်းဂဏန်းအချက်အလက်တွေအရ Huawei ဟာ ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ စမတ်ဖုန်းအလုံးရေပေါင်း ၁၁၈ သန်း ဝန်းကျင်ကို ကမ္ဘာ့ဈေးကွက်ဆီ တင်ပို့ရောင်းချနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကုမ္ပဏီဟာ ဟန်းဆက်ပေါင်း ၂၀၆ သန်းကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး Samsung နဲ့ Apple တို့နောက် တတိယနေရာကို ရောက်ရှိခဲ့ပါတယ်။

Ref: GSM Arena