Huawei ဟာ Y5 Prime Smartphone ကို သူ့ရဲ့ Official Website မှာ ယနေ့ပဲ ကြေညာလိုက်ပါတယ်။ ဘာမှကြိုတင် ကြေညာတာမျိုး မရှိပဲ အခုလို ရုတ်တရက် ကြေညာလိုက်တာဟာ Huawei Fan တွေကိုတော့ လုံးဝ အံ့အားသင့်စေခဲ့ပါတယ်။ Y5 Prime ဟာဆိုရင် Huawei ရဲ့ နောက်ဆုံးထွက်ရှိမယ့် Mid-Range ဖုန်းတစ်လုံး ဖြစ်လာမှာပါ။

Source: TechNave

Screen Size နဲ့ Display အနေနဲ့ကတော့ 5.45-inch HD+ (1440 x 720 ) Display ကို 18:9 Aspect Ratio သုံးထားပါတယ်။ 5MP Selfie Camera နဲ့ 13MP Primary Camera ကိုသုံးထားပြီး Fingerprint Sensor တော့ မတွေ့ရပါဘူး။ ဒါပေမယ့် Huawei ဟာ Facial Regonition Technology ကို သူ့ဖုန်းတွေမှာ သုံးဖို့ ကြိုးစားနေခဲ့တာပါ။ Y5 Prime မှာ ပါလာမလား ဆိုတာတော့ ပြောလို့မရသေးပါဘူး။

1.5GHZ Quad-Core Processor ကို သုံးထားတဲ့ Y5 Prime ဟာ RAM 2GB ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့ ကတော့ MicroSD Slot ကို 16GB ကနေ 256GB ထိတိုးလို့ရမှာပါ။ Battery အနေနဲ့ကတော့ 3020 mAh ကိုသုံးထားပါတယ်။ Huawei ဟာ သူ့ရဲ့ Y5 Prime ကို ဘယ်တော့ Launch လုပ်မယ်ဆိုတာ မပြောသွားပေမယ့် 2018 မကုန်ခင် ဖြစ်နိုင်တယ်ဆိုပြီး သတင်းတွေတော့ ထွက်နေပါတယ်။