[Zawgyi]

Huawei အေနနဲ႔ အေမရိကန္အစိုးရရဲ႕ တားျမစ္မႈေၾကာင့္ Google ရဲ႕ Android ေလာကနဲ႔ အဆက္အသြယ္ျဖတ္ရေတာ့မယ့္သတင္းက ခုတေလာ နည္းပညာေလာကမွာ ေတာ္ေတာ္ေလး ဂယက္ထေနတဲ့ သတင္းတစ္ခုပါပဲ။ Huawei အတြက္ ဒီလိုျဖစ္သြားရတာက ၾကီးမားတဲ့အရႈပ္ထုပ္ၾကီးတစ္ခုျဖစ္ေပမယ့္ Huawei မွာလည္း ေနာက္ထပ္ၾကိဳစဥ္းစားထားတဲ့ Backup Plan  ေတြ ရိွျပီးသားပဲ ထင္ပါတယ္။

အခုလို Google နဲ႔ Huawei ျပတ္ေတာက္သြားၾကေတာ့မယ့္အခ်ိန္မွာ Huawei အေနနဲ႔ သူ႔ရဲ႕ဖုန္းေတြ Device ေတြမွာ Google Play Store  ေနရာကို အစားထိုးဖို႔အတြက္ “Aptoide” နဲ႔ လက္တြဲလုပ္ကိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းကို Aptoide ရဲ႕ စီအီးအုိကိုယ္တုိင္ အတည္ျပဳထားတာျဖစ္ျပီး Huawei အေနနဲ႔ တျခား OS တစ္ခု ရိွျပီးသားသာဆိုရင္ Play Store အစားထိုးဖို႔ကိစၥကလည္း မျဖစ္ႏုိင္စရာေတာ့ မရိွပါဘူး။ Aptoide အေနနဲ႔ Oppo နဲ႔လည္း တြဲလုပ္ခဲ့ဖူးတာေၾကာင့္ Huawei နဲ႔ တြဲမလုပ္ႏုိင္စရာအေၾကာင္းလည္း ရိွမယ္မထင္ပါဘူး။

Aptoide ဆိုတာကလည္း ေပၚတူဂီကုမၸဏီတစ္ခုျဖစ္ျပီး အေမရိကန္က Huawei ကို တားျမစ္ျခင္းကိစၥကလည္း သူနဲ႔သက္ဆိုင္မွာမဟုတ္ပါဘူး။ အခု စိတ္ဝင္စားဖို႔ေကာင္းလာမွာက Huawei အေနနဲ႔ သူ႔ရဲ႕ရိွျပီးသား App Gallery App ေနရာမွာ Aptoide နဲ႔ပဲ အစားထိုးလာမလား မလာဘူးလားဆိုတာပါပဲ။

App Gallery ဟာ Huawei ရဲ႕ ကိုယ္ပုိင္ App Store တစ္ခုျဖစ္ျပီးေတာ့ သူ႔ရဲ႕ ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ တစ္ခါတည္းပါျပီးသား App တစ္ခုပါ။ Application ေပါင္း ၉သိန္းေက်ာ္ေလာက္ရိွေနတဲ့ Aptoide နဲ႔ ယွဥ္လိုက္ရင္ေတာ့ သူ႔ရဲ႕ App Store က မေျပာပေလာက္ေအာင္ ေသးငယ္ေနမွာျဖစ္လို႔ Huawei အေနနဲ႔ Aptoide Content ေတြကို သူ႔ရဲ႕ App Gallery ထဲမွာေပါင္းလိုက္တာမ်ိဳးလည္း ျဖစ္ရင္ျဖစ္ႏုိင္မွာပါ။

အခုလို ဝုန္းဒုိင္းျဖစ္သြားတဲ့အခ်ိန္မွာ Huawei အေနနဲ႔ ခ်က္ခ်င္းဆိုသလို ခက္ခဲေနမွာ ဆိုေပမယ့္ သူတို႔ရဲ႕ ႀကိဳတင္စီစဥ္ထားတဲ့ အစီအစဥ္ေတြက သူ႔ရဲ႕ ကိုယ္ပိုင္စနစ္တစ္ခုကို ဖန္တီးဖို႔အခြင့္အေရးတစ္ခုျဖစ္လာတယ္လို႔လည္း ေျပာရမွာပါ။ လက္ရိွျဖစ္ေနတဲ့ ျပႆနာအတြက္ေတာ့ Aptoide နဲ႔ စနစ္က်က်ေျဖရွင္းလိုက္သလိုမ်ိဳး Android Fan ေတြ အတြက္လည္း ဘာေတြ ဆက္ျဖစ္လာဦးမယ္ ဘယ္လိုစိတ္လႈပ္ရွားစရာေတြ ျမင္ေတြ႔ရဦးမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

Source: GizChina

[Unicode]

Huawei အနေနဲ့ အမေရိကန်အစိုးရရဲ့ တားမြစ်မှုကြောင့် Google ရဲ့ Android လောကနဲ့ အဆက်အသွယ်ဖြတ်ရတော့မယ့်သတင်းက ခုတလော နည်းပညာလောကမှာ တော်တော်လေး ဂယက်ထနေတဲ့ သတင်းတစ်ခုပါပဲ။ Huawei အတွက် ဒီလိုဖြစ်သွားရတာက ကြီးမားတဲ့အရှုပ်ထုပ်ကြီးတစ်ခုဖြစ်ပေမယ့် Huawei မှာလည်း နောက်ထပ်ကြိုစဉ်းစားထားတဲ့ Backup Plan  တွေ ရှိပြီးသားပဲ ထင်ပါတယ်။

အခုလို Google နဲ့ Huawei ပြတ်တောက်သွားကြတော့မယ့်အချိန်မှာ Huawei အနေနဲ့ သူ့ရဲ့ဖုန်းတွေ Device တွေမှာ Google Play Store ကို အစားထိုးဖို့အတွက် “Aptoide” နဲ့ လက်တွဲလုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းကို Aptoide ရဲ့ စီအီးအိုကိုယ်တိုင် အတည်ပြုထားတာဖြစ်ပြီး Huawei အနေနဲ့ တခြား OS တစ်ခု ရှိပြီးသားသာဆိုရင် Play Store အစားထိုးဖို့ကိစ္စကလည်း မဖြစ်နိုင်စရာတော့ မရှိပါဘူး။ Aptoide အနေနဲ့ Oppo နဲ့လည်း တွဲလုပ်ခဲ့ဖူးတာကြောင့် Huawei နဲ့ တွဲမလုပ်နိုင်စရာအကြောင်းလည်း ရှိမယ်မထင်ပါဘူး။

Aptoide ဆိုတာကလည်း ပေါ်တူဂီကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်က Huawei ကို တားမြစ်ခြင်းကိစ္စကလည်း သူနဲ့သက်ဆိုင်မှာမဟုတ်ပါဘူး။ အခု စိတ်ဝင်စားဖို့ကောင်းလာမှာက Huawei အနေနဲ့ သူ့ရဲ့ရှိပြီးသား App Gallery App နေရာမှာ Aptoide နဲ့ပဲ အစားထိုးလာမလား မလာဘူးလားဆိုတာပါပဲ။

App Gallery ဟာ Huawei ရဲ့ ကိုယ်ပိုင် App Store တစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ ဖုန်းတော်တော်များများမှာ တစ်ခါတည်းပါပြီးသား App တစ်ခုပါ။ Application ပေါင်း ၉သိန်းကျော်လောက်ရှိနေတဲ့ Aptoide နဲ့ ယှဉ်လိုက်ရင်တော့ သူ့ရဲ့ App Store က မပြောပလောက်အောင် သေးငယ်နေမှာဖြစ်လို့ Huawei အနေနဲ့ Aptoide Content တွေကို သူ့ရဲ့ App Gallery ထဲမှာပေါင်းလိုက်တာမျိုးလည်း ဖြစ်ရင်ဖြစ်နိုင်မှာပါ။

အခုလို ဝုန်းဒိုင်းဖြစ်သွားတဲ့အချိန်မှာ Huawei အနေနဲ့ ချက်ချင်းဆိုသလို ခက်ခဲနေမှာ ဆိုပေမယ့် သူတို့ရဲ့ ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်တွေက သူ့ရဲ့ ကိုယ်ပိုင်စနစ်တစ်ခုကို ဖန်တီးဖို့အခွင့်အရေးတစ်ခုဖြစ်လာတယ်လို့လည်း ပြောရမှာပါ။ လက်ရှိဖြစ်နေတဲ့ ပြဿနာအတွက်တော့ Aptoide နဲ့ စနစ်ကျကျဖြေရှင်းလိုက်သလိုမျိုး Android Fan တွေ အတွက်လည်း ဘာတွေ ဆက်ဖြစ်လာဦးမယ် ဘယ်လိုစိတ်လှုပ်ရှားစရာတွေ မြင်တွေ့ရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source: GizChina