Huawei ကနေ နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ Mate 40 Series စမတ်ဖုန်းတွေဟာ Android ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံးလို့တောင် သတ်မှတ်နိုင်နေပြီဖြစ်ပါတယ်။ DxOMark Website မှာလည်း စုစုပေါင်းရမှတ် ၁၃၆ မှတ်နဲ့ လက်ရှိစမတ်ဖုန်းတွေထဲမှာ အမှတ်အများဆုံး နံပါတ် (၁) နေရာကို ရရှိထားတာဖြစ်ပါတယ်။

အခုလည်း Huawei ကနေ Liquid Lens နည်းပညာကို လာမယ့်နှစ်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Flagship စမတ်ဖုန်းတွေမှာ အသုံးချလာမယ်လို့ သိရပါတယ်။ ဒီလိုမျိုး အသုံးပြုလာတဲ့အတွက် Image Stabilization ပိုင်းမှာ သိသိသာသာကို ပိုကောင်းလာမယ့်အပြင် Focus ပြုလုပ်ဖို့အချိန်ကိုလည်း Millisecond များစွာလျော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လူရဲ့ မျက်လုံးက Focus ပြုလုပ်နိုင်တဲ့အချိန်နဲ့တူညီလုနီးပါးဖြစ်နေပြီလို့လည်း သတင်းထွက်ပေါ်နေပါတယ်။

Huawei ကနေ Liquid Lens နည်းပညာကို အရင်ဆုံး Telephoto Camera မှာ အသုံးပြုလာမှာဖြစ်တဲ့အတွက် Lens အတွင်းပိုင်းမှာ လှုပ်ရှားမှုရှိမှာမဟုတ်တော့ဘဲ အလင်းရောင်ရရှိမှုပေါ်မှုတည်ပြီး Liquid ပုံစံကိုပဲပြောင်းလဲပြီးတော့ ထိန်းချူပ်ပေးသွားမှာဖြစ်ပါတယ်။ Camera Sensor အနေနဲ့လည်း Sony ကနေ မိတ်ဆက်ထားခြင်းမရှိသေးတဲ့ IMX782 Sensor အသစ်ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Huawei က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလတုန်းက Liquid Lens နည်းပညာကို စမတ်ဖုန်းကင်မရာထဲမှာ အသုံးပြုနိုင်ဖို့အတွက် မူပိုင်ခွင့်ကို တရားဝင်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ကို ရရှိဖို့အတွက်လည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲက လျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Liquid Lens နည်းပညာကို အစောဆုံး Huawei P50 Series စမတ်ဖုန်းတွေမှာ အရင်ဆုံးမြင်တွေ့ရဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။ Huawei P Series စမတ်ဖုန်းတွေဟာ ကင်မရာပိုင်းကို အလေးပေးတဲ့စမတ်ဖုန်းတွေဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာလည်း စွမ်းဆောင်ရည်ပိုင်းမှာ ယခင်ထက် ပိုပြီးကောင်းလာဦးမှာဖြစ်ပါတယ်။

Ref – Gizmo China